တွဲကစားခဲ့ဖူးသူများထဲမှာ အကောင်းဆုံးကစားသမားကို ဟင်နရီဖွင့်ဟလာ၊မက်ဆီမဟုတ်ဘဲ အခြားတစ်ဦးကိုရွေးချယ်

သီယာရီဟင်နရီဟာပရော်ဖက်ရှင်နယ်ကစားသမားအဖြစ်ကျင်လည်တုန်းက ကမ္ဘာ့ဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမားအချို့တို့နှင့်တွဲကစားခဲ့သူဖြစ်ပါတယ်။

သူဟာဘာစီလိုနာမှာလီယွန်နယ်မက်ဆီ၊ရော်နယ်ဒင်ဟို၊အီဘရာဟီမိုဗစ်၊အင်နီယေစတာ၊ဇာဗီးတို့နှင့်တွဲကစားခဲ့သလို၂၀၀၀ခုနှစ်များတွင်ပြင်သစ်လက်ရွေးစင်အသင်းမှာစူပါလူသားဖန်တီးရှင်အဖြစ်နာမည်ကြီးတဲ့ဇီဒန်းနှင့်တွဲကစားခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သီယာရီဟင်နရီဟာသူတွဲကစားခဲ့ဖူးသမျှကစားသမားများထဲမှာ အကောင်းဆုံးကစားသမားကဘယ်သူလဲလို့မေးမြန်းလာချိန်မှာတော့အထက်ပါကစားသမားများကိုချန်လှပ်ထားခဲ့ပါတယ်။ဟင်နရီဟာအာဆင်နယ်ကစားဖော်ဟောင်းတစ်ဦးကိုသာရွေးချယ်သွားခဲ့ပါတယ်။

သီယာရီဟင်နရီဟာသူတွဲကစားခဲ့ဖူးသမျှကစားသမားတွေထဲမှာအကောင်းဆုံးကစားသမားအဖြစ်ဒင်းနစ်ဘားကမ့်ကိုရွေးချယ်လာတာဖြစ်ပါတယ်။

ဟင်နရီဟာ၁၉၉၉ခုနှစ်မှာအာဆင်နယ်သို့ရောက်ခဲ့တာဖြစ်ပြီးဒင်းနစ်ဘားကမ့်ရဲ့လွမ်းမိုးမှုများစွာခံခဲ့ရပါတယ်။ဘားကမ့်နှင့်ဟင်နရီတို့အကြား စိတ်ချင်းဆက်သွယ်ထားသကဲ့သို့တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိရှိကစားမှုက အလွန်နာမည်ကြီးခဲ့ပါတယ်။

အေဂျက်စ်အကယ်ဒမီထွက်ဘားကမ့်ဟာ၁၉၉၅ခုနှစ်မှာအာဆင်နယ်သို့ရောက်ခဲ့တာဖြစ်ပြီးအာဆင်နယ်တွင်၁၁နှစ်ကြာကစားပြီးနောက်၂၀၀၆ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ပါတယ်။ဘားကမ့်ဟာ၂၀၀၂ခုနှစ်တုန်းကနယူးကာဆယ်ဘက်သို့သွင်းယူခဲ့တဲ့မှော်ဝင်ဂိုးဖြင့်၂၀၁၇ခုနှစ်တုန်းကပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးဂိုးအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဟင်နရီနှင့်ဘားကမ့်တို့လက်တွဲပြီးအာဆင်နယ်တွင်ပရီးမီးယားလိဂ်ဖလား၂ကြိမ်နှင့်အက်ဖ်အေဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဟင်နရီဟာလည်း၂၀၀၇ခုနှစ်မှာဘာစီလိုနာသို့ပြောင်းကာမြောက်လန်ဒန်ကိုစွန့်ခွာခဲ့ပါတယ်။ဟင်နရီဟာဘာစီလိုနာတွင်မက်ဆီ၊အီတိုးတို့နှင့်အတူ ကြောက်စရာအကောင်းဆုံးတိုက်စစ်ကိုစုဖွဲ့နိုင်ခဲ့သော်လည်း၂၀၀၉ခုနှစ်ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ယင်းနောက်တစ်နှစ်အကြာမှာမက်ဆီဟာလည်းသူ့ကစားသမားဘဝပထမဆုံး Ballon d’Or ဆုကိုရယူခဲ့ပါတယ်။ဒါကြောင့်လည်းဟင်နရီဟာသူ့ကစားသမားဘဝတစ်လျှောက်အကောင်းဆုံး ကစားသမားအဖြစ်ဒင်းနစ်ဘားကမ့်ကိုရွေးချယ်လိုက်တာဖြစ်ပုံရပါတယ်။

ZawGyi

တြဲကစားခဲ့ဖူးသူမ်ားထဲမွာ အေကာင္းဆုံးကစားသမားကို ဟင္နရီဖြင့္ဟလာ၊မက္ဆီမဟုတ္ဘဲ အျခားတစ္ဦးကိုေ႐ြးခ်ယ္

သီယာရီဟင္နရီဟာပေရာ္ဖက္ရွင္နယ္ကစားသမားအျဖစ္က်င္လည္တုန္းက ကမာၻ႔ေဘာလုံးသမိုင္းမွာအေကာင္းဆုံးကစားသမားအခ်ိဳ႕တို႔ႏွင့္တြဲကစားခဲ့သူျဖစ္ပါတယ္။

သူဟာဘာစီလိုနာမွာလီယြန္နယ္မက္ဆီ၊ေရာ္နယ္ဒင္ဟို၊အီဘရာဟီမိုဗစ္၊အင္နီေယစတာ၊ဇာဗီးတို႔ႏွင့္တြဲကစားခဲ့သလို၂၀၀၀ခုႏွစ္မ်ားတြင္ျပင္သစ္လက္ေ႐ြးစင္အသင္းမွာစူပါလူသားဖန္တီးရွင္အျဖစ္နာမည္ႀကီးတဲ့ဇီဒန္းႏွင့္တြဲကစားခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သီယာရီဟင္နရီဟာသူတြဲကစားခဲ့ဖူးသမွ်ကစားသမားမ်ားထဲမွာ အေကာင္းဆုံးကစားသမားကဘယ္သူလဲလို႔ေမးျမန္းလာခ်ိန္မွာေတာ့အထက္ပါကစားသမားမ်ားကိုခ်န္လွပ္ထားခဲ့ပါတယ္။ဟင္နရီဟာအာဆင္နယ္ကစားေဖာ္ေဟာင္းတစ္ဦးကိုသာေ႐ြးခ်ယ္သြားခဲ့ပါတယ္။

သီယာရီဟင္နရီဟာသူတြဲကစားခဲ့ဖူးသမွ်ကစားသမားေတြထဲမွာအေကာင္းဆုံးကစားသမားအျဖစ္ဒင္းနစ္ဘားကမ့္ကိုေ႐ြးခ်ယ္လာတာျဖစ္ပါတယ္။

ဟင္နရီဟာ၁၉၉၉ခုႏွစ္မွာအာဆင္နယ္သို႔ေရာက္ခဲ့တာျဖစ္ၿပီးဒင္းနစ္ဘားကမ့္ရဲ႕လြမ္းမိုးမႈမ်ားစြာခံခဲ့ရပါတယ္။ဘားကမ့္ႏွင့္ဟင္နရီတို႔အၾကား စိတ္ခ်င္းဆက္သြယ္ထားသကဲ့သို႔တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈရွိရွိကစားမႈက အလြန္နာမည္ႀကီးခဲ့ပါတယ္။

ေအဂ်က္စ္အကယ္ဒမီထြက္ဘားကမ့္ဟာ၁၉၉၅ခုႏွစ္မွာအာဆင္နယ္သို႔ေရာက္ခဲ့တာျဖစ္ၿပီးအာဆင္နယ္တြင္၁၁ႏွစ္ၾကာကစားၿပီးေနာက္၂၀၀၆ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ပါတယ္။ဘားကမ့္ဟာ၂၀၀၂ခုႏွစ္တုန္းကနယူးကာဆယ္ဘက္သို႔သြင္းယူခဲ့တဲ့ေမွာ္ဝင္ဂိုးျဖင့္၂၀၁၇ခုႏွစ္တုန္းကပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးဂိုးအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ဟင္နရီႏွင့္ဘားကမ့္တို႔လက္တြဲၿပီးအာဆင္နယ္တြင္ပရီးမီးယားလိဂ္ဖလား၂ႀကိမ္ႏွင့္အက္ဖ္ေအဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဟင္နရီဟာလည္း၂၀၀၇ခုႏွစ္မွာဘာစီလိုနာသို႔ေျပာင္းကာေျမာက္လန္ဒန္ကိုစြန႔္ခြာခဲ့ပါတယ္။ဟင္နရီဟာဘာစီလိုနာတြင္မက္ဆီ၊အီတိုးတို႔ႏွင့္အတူ ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္ကိုစုဖြဲ႕ႏိုင္ခဲ့ေသာ္လည္း၂၀၀၉ခုႏွစ္ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ပါတယ္။ယင္းေနာက္တစ္ႏွစ္အၾကာမွာမက္ဆီဟာလည္းသူ႔ကစားသမားဘဝပထမဆုံး Ballon d’Or ဆုကိုရယူခဲ့ပါတယ္။ဒါေၾကာင့္လည္းဟင္နရီဟာသူ႔ကစားသမားဘဝတစ္ေလွ်ာက္အေကာင္းဆုံး ကစားသမားအျဖစ္ဒင္းနစ္ဘားကမ့္ကိုေ႐ြးခ်ယ္လိုက္တာျဖစ္ပုံရပါတယ္။