တွဲလက်များ ဖြုတ်လိုက်ပြီဖြစ်တဲ့သတင်းကို ကာဆီးလက်စ်နှင့်ဇနီးသည်ငြင်းဆို

အိုင်ကာကာဆီးလက်စ်နှင့်ဇနီးသည်ဆာရာကာဘိုနီရိုတို့ဟာမီဒီယာများက၎င်းတို့လင်မယားလမ်းခွဲလိုက်ပြီဆိုတဲ့သတင်းကိုငြင်းဆိုလာကြပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းကစပိန်မဂ္ဂဇင်း Lecturas ကကာဆီးလက်စ်တို့ဇနီးမောင်နှံတို့ဟာအတူမနေထိုင်တာလအ တန်ကြာမြင့်ပြီဖြစ်ကြောင်းရေးသားဖော်ပြခဲ့ပါတယ်။

အသက်၃၉နှစ်ရှိရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကာဆီးလက်စ်ဟာလာဖင်ကာရှိအခြားနေအိမ်တစ်အိမ်သို့ပြောင်းရွှေ့နေထိုင်နေခြင်းကြောင့်ယင်းသတင်းထွက်လာတာလည်းဖြစ်ပါတယ်။ယင်းနေအိမ်မှာလည်းမိသားစုနေထိုင်ရာအိမ်နဲ့မနီးမဝေးမှာဘဲတည်ရှိတဲ့အိမ်ဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါကာဆီးလက်စ်နှင့်ဇနီးသည်တို့ရဲ့နီးစပ်သူတို့က၎င်းတို့နှစ်ဦးမှာအိမ်ထောင်ရေးအဆင်မပြေခြင်း ကြောင့်အတူမနေထိုင်ခြင်းမဟုတ်ဘဲကျန်းမာရေးအခြေအနေကြောင့်အတူမနေထိုင်ခြင်းဖြစ်ကြောင်းငြင်းဆိုလာပါတယ်။

ကာဆီးလက်စ်ဟာနှလုံးရောဂါဝေဒနာခံစားခဲ့ရဖူးသလိုဇနီးသည်ဆာရာမှာလည်းကင်ဆာရောဂါတိုက်ပွဲဝင်နေပါတယ်။ကာဆီးလက်စ်နှင့်ဆာရာတို့ဟာအတူလက်တွဲလာခဲ့တာ၁၂နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီးလက်ထပ်ထားတာလည်း ငါးနှစ်ကြာမြင့်ပြီဖြစ်ပါတယ်။

ZawGyi

တြဲလက္မ်ား ျဖဳတ္လိုက္ၿပီျဖစ္တဲ့သတင္းကို ကာဆီးလက္စ္ႏွင့္ဇနီးသည္ျငင္းဆို

အိုင္ကာကာဆီးလက္စ္ႏွင့္ဇနီးသည္ဆာရာကာဘိုနီ႐ိုတို႔ဟာမီဒီယာမ်ားက၎တို႔လင္မယားလမ္းခြဲလိုက္ၿပီဆိုတဲ့သတင္းကိုျငင္းဆိုလာၾကပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔တုန္းကစပိန္မဂၢဇင္း Lecturas ကကာဆီးလက္စ္တို႔ဇနီးေမာင္ႏွံတို႔ဟာအတူမေနထိုင္တာလအ တန္ၾကာျမင့္ၿပီျဖစ္ေၾကာင္းေရးသားေဖာ္ျပခဲ့ပါတယ္။

အသက္၃၉ႏွစ္ရွိရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကာဆီးလက္စ္ဟာလာဖင္ကာရွိအျခားေနအိမ္တစ္အိမ္သို႔ေျပာင္းေ႐ႊ႕ေနထိုင္ေနျခင္းေၾကာင့္ယင္းသတင္းထြက္လာတာလည္းျဖစ္ပါတယ္။ယင္းေနအိမ္မွာလည္းမိသားစုေနထိုင္ရာအိမ္နဲ႔မနီးမေဝးမွာဘဲတည္ရွိတဲ့အိမ္ျဖစ္ပါတယ္။

ဒါေပမယ့္ယခုအခါကာဆီးလက္စ္ႏွင့္ဇနီးသည္တို႔ရဲ႕နီးစပ္သူတို႔က၎တို႔ႏွစ္ဦးမွာအိမ္ေထာင္ေရးအဆင္မေျပျခင္း ေၾကာင့္အတူမေနထိုင္ျခင္းမဟုတ္ဘဲက်န္းမာေရးအေျခအေနေၾကာင့္အတူမေနထိုင္ျခင္းျဖစ္ေၾကာင္းျငင္းဆိုလာပါတယ္။

ကာဆီးလက္စ္ဟာႏွလုံးေရာဂါေဝဒနာခံစားခဲ့ရဖူးသလိုဇနီးသည္ဆာရာမွာလည္းကင္ဆာေရာဂါတိုက္ပြဲဝင္ေနပါတယ္။ကာဆီးလက္စ္ႏွင့္ဆာရာတို႔ဟာအတူလက္တြဲလာခဲ့တာ၁၂ႏွစ္တိုင္တိုင္ရွိၿပီျဖစ္ၿပီးလက္ထပ္ထားတာလည္း ငါးႏွစ္ၾကာျမင့္ၿပီျဖစ္ပါတယ္။