
စတီဗင်ဂျရတ်ဟာထရက်ဇွန်စပေါ်နည်းပြရာထူးအတွက်အစ္စတန်ဘူလ်သို့သွားရောက်ကာဆွေးနွေးနေကြောင်းသိရပါတယ်။
အသက်၄၂နှစ်ရှိလီဗာပူးဂန္ထဝင်ကစားသမားဟောင်းဟာဗီလာကိုကိုင်တွယ်ပြီး၁၂လတောင်မကြာသေးတဲ့ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာယခုရာသီတွင်ဗီလာအသင်းကို၁၁ပွဲကိုင်တွယ်ရာမှာ၆ပွဲရှုံးဆက်ရှုံးနိမ့်မှုကြောင့်တန်းဆင်းဇုန်အပေါ်တွင်ရပ်တည်ရပြီးနောက်ထုတ်ပယ်ခံခဲ့ရပါတယ်။
စတီဗင်ဂျရတ်ဟာအက်စတွန်ဗီလာကိုမကိုင်တွယ်မီရိန်းဂျားအသင်းကိုစကော့တလန်အမှတ်ပေးဖလားရရှိအောင်စွမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
သူဟာရိန်းဂျားနဲ့အတူရှုံးပွဲမရှိမှတ်တမ်းဖြင့်ချန်ပီယံဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့ရိန်းဂျားဟာရမှတ်၁၀၂မှတ်အထိရရှိခဲ့ပြီးပေးဂိုး၁၃ဂိုးတည်းသာရှိခဲ့ပါတယ်။
စတီဗင်ဂျရတ်ဟာယခုအပတ်အစောပိုင်းတုန်းကအစ္စတန်ဘူလ်သို့သွားရောက်ကာထရက်ဇွန်စပေါ်ဥက္ကဌဖြစ်လာမဲ့အာတူဂရူဒိုဂန်နှင့်ညစာအတူစားပြီးဆွေးနွေးခဲ့ပါတယ်။
ထရက်ဇွန်စပေါ်ဟာယခုရာသီတွင်တူရကီစူပါလိဂ်တွင်အဆင့်၆နေရာမှာရပ်တည်နေပြီး၂၃ပွဲကစားထားရာမှာ၁၁ပွဲအနိုင်ရထားပါတယ်။
ဒိုဂန်ဟာလာမယ့်ထရက်ဇွန်စပေါ်ဥက္ကဌရွေးကောက်ပွဲတွင်ရွေးချယ်ခြင်းခံရလျှင် စတီဗင်ဂျရတ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်ပေးသွားမယ်လို့ကတိပြုထားပါတယ်။သူဟာလက်ရှိအချိန်တွင်ထရက်ဇွန်စပေါ်ရဲ့ဒုဥက္ကဌအဖြစ်လည်းဆောင်ရွက်နေသူဖြစ်ပါတယ်။
သူဟာလက်ရှိအချိန်တွင်ထရက်ဇွန်စပေါ်ဥက္ကဌရာထူးအတွက်ရေပန်းအစားဆုံးဖြစ်နေသူလည်းဖြစ်ပါတယ်။
ZawGyi
ထရက္ဇြန္စေပၚ နည္းျပရာထူးအတြက္ အစၥတန္ဘူလ္သို႔ သြားေရာက္ ေဆြးေႏြးေနတဲ့ စတီဗင္ဂ်ရတ္
စတီဗင္ဂ်ရတ္ဟာထရက္ဇြန္စေပၚနည္းျပရာထူးအတြက္အစၥတန္ဘူလ္သို႔သြားေရာက္ကာေဆြးေႏြးေနေၾကာင္းသိရပါတယ္။
အသက္၄၂ႏွစ္ရွိလီဗာပူးဂႏၴဝင္ကစားသမားေဟာင္းဟာဗီလာကိုကိုင္တြယ္ၿပီး၁၂လေတာင္မၾကာေသးတဲ့ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းကထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
သူဟာယခုရာသီတြင္ဗီလာအသင္းကို၁၁ပြဲကိုင္တြယ္ရာမွာ၆ပြဲရႈံးဆက္ရႈံးနိမ့္မႈေၾကာင့္တန္းဆင္းဇုန္အေပၚတြင္ရပ္တည္ရၿပီးေနာက္ထုတ္ပယ္ခံခဲ့ရပါတယ္။
စတီဗင္ဂ်ရတ္ဟာအက္စတြန္ဗီလာကိုမကိုင္တြယ္မီရိန္းဂ်ားအသင္းကိုစေကာ့တလန္အမွတ္ေပးဖလားရရွိေအာင္စြမ္းေဆာင္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။
သူဟာရိန္းဂ်ားနဲ႔အတူရႈံးပြဲမရွိမွတ္တမ္းျဖင့္ခ်န္ပီယံျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။သူ႔ရဲ႕ရိန္းဂ်ားဟာရမွတ္၁၀၂မွတ္အထိရရွိခဲ့ၿပီးေပးဂိုး၁၃ဂိုးတည္းသာရွိခဲ့ပါတယ္။
စတီဗင္ဂ်ရတ္ဟာယခုအပတ္အေစာပိုင္းတုန္းကအစၥတန္ဘူလ္သို႔သြားေရာက္ကာထရက္ဇြန္စေပၚဥကၠဌျဖစ္လာမဲ့အာတူဂ႐ူဒိုဂန္ႏွင့္ညစာအတူစားၿပီးေဆြးေႏြးခဲ့ပါတယ္။
ထရက္ဇြန္စေပၚဟာယခုရာသီတြင္တူရကီစူပါလိဂ္တြင္အဆင့္၆ေနရာမွာရပ္တည္ေနၿပီး၂၃ပြဲကစားထားရာမွာ၁၁ပြဲအႏိုင္ရထားပါတယ္။
ဒိုဂန္ဟာလာမယ့္ထရက္ဇြန္စေပၚဥကၠဌေ႐ြးေကာက္ပြဲတြင္ေ႐ြးခ်ယ္ျခင္းခံရလွ်င္ စတီဗင္ဂ်ရတ္ကိုနည္းျပသစ္အျဖစ္ခန႔္အပ္ေပးသြားမယ္လို႔ကတိျပဳထားပါတယ္။သူဟာလက္ရွိအခ်ိန္တြင္ထရက္ဇြန္စေပၚရဲ႕ဒုဥကၠဌအျဖစ္လည္းေဆာင္႐ြက္ေနသူျဖစ္ပါတယ္။
သူဟာလက္ရွိအခ်ိန္တြင္ထရက္ဇြန္စေပၚဥကၠဌရာထူးအတြက္ေရပန္းအစားဆုံးျဖစ္ေနသူလည္းျဖစ္ပါတယ္။