ထရိုယက်စ်ကို နောက်ကလိုက်ကစားပြီး အနိုင်ရတဲ့ပွဲတွင် အံ့ဩသင့်စရာကောင်းတဲ့ အဝေးကန်ချက်ဂိုးသွင်းခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကပီအက်စ်ဂျီကထရိုယက်စ်ကိုနောက်ကလိုက်ကစားပြီးအနိုင်ရရှိတဲ့ပွဲတွင်အံ့ဩသင့်စရာကောင်းတဲ့အဝေးကန်ချက်ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။

ပြင်သစ်ဘောလုံးရာသီတွင်စတင်ကစားတဲ့ပထမရာသီတွင်စိတ်ပျက်စရာကြုံတွေ့ခဲ့ရတဲ့မက်ဆီဟာယခုရာသီမှာတော့သူ့ရဲ့အကောင်းဆုံးပုံစံပြန်လည်ရရှိနေပါတယ်။

သူဟာစနေနေ့တုန်းကပီအက်စ်ဂျီကထရိုယက်စ်ကို၄-၃ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လည်းအကောင်းဆုံးပုံစံပြသခဲ့ပါတယ်။

မနေ့ညတုန်းကပွဲတွင်ဧည့်သည်ထရိုယက်စ်ဟာမာမာဘယ်ဒီရဲ့ဂိုးကိုပွဲကိုအံ့ဩသင့်ဖွယ်ဦးဆောင်နိုင်ခဲ့ပြီးကားလို့စ်ဆိုလာကပြန်လည်ချေပခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းတွင်ဘယ်ဒီကပင်ပြန်လည်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ဒါပေမဲ့သုံးမိနစ်အကြာမှာပင်ပီအက်စ်ဂျီဟာမက်ဆီရဲ့အံ့ဩသင့်စရာဂိုးဖြင့်ချေပဂိုးရရှိခဲ့ပါတယ်။

မက်ဆီဟာကိုက်၃၀ဝန်းကျင်တွင်ဘောလုံးရရှိပြီးနောက်ထောင့်ကျဉ်းထဲသို့လှပတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာယင်းပွဲတွင်သူကိုယ်တိုင်ဂိုးသွင်းခဲ့တဲ့အပြင်ပီအက်စ်ဂျီအတွက်နေမာဦးဆောင်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးခဲ့ပါတယ်။ယင်းနောက်ပွဲပြီးရန်၁၅မိနစ်အလိုတွင်ဘက်ပေးကပင်နယ်တီကနေစတုတ္ထဂိုးသွင်းခဲ့ပါတယ်။ထရိုယက်စ်အတွက်တတိယဂိုးကိုပါလာဗတ်စ်ကသွင်းယူခဲ့ပါတယ်။

ပီအက်စ်ဂျီဟာထရိုယက်စ်နိုင်ပွဲကြောင့်ဒုတိယနေရာမှလန်းစ်ကိုရမှတ်ငါးမှတ်ဖြတ်ပြီးလီဂူး၁အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်ပါတယ်။

ZawGyi

ထ႐ိုယက္စ္ကို ေနာက္ကလိုက္ကစားၿပီး အႏိုင္ရတဲ့ပြဲတြင္ အံ့ဩသင့္စရာေကာင္းတဲ့ အေဝးကန္ခ်က္ဂိုးသြင္းခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကပီအက္စ္ဂ်ီကထ႐ိုယက္စ္ကိုေနာက္ကလိုက္ကစားၿပီးအႏိုင္ရရွိတဲ့ပြဲတြင္အံ့ဩသင့္စရာေကာင္းတဲ့အေဝးကန္ခ်က္ဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။

ျပင္သစ္ေဘာလုံးရာသီတြင္စတင္ကစားတဲ့ပထမရာသီတြင္စိတ္ပ်က္စရာႀကဳံေတြ႕ခဲ့ရတဲ့မက္ဆီဟာယခုရာသီမွာေတာ့သူ႔ရဲ႕အေကာင္းဆုံးပုံစံျပန္လည္ရရွိေနပါတယ္။

သူဟာစေနေန႔တုန္းကပီအက္စ္ဂ်ီကထ႐ိုယက္စ္ကို၄-၃ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္လည္းအေကာင္းဆုံးပုံစံျပသခဲ့ပါတယ္။

မေန႔ညတုန္းကပြဲတြင္ဧည့္သည္ထ႐ိုယက္စ္ဟာမာမာဘယ္ဒီရဲ႕ဂိုးကိုပြဲကိုအံ့ဩသင့္ဖြယ္ဦးေဆာင္ႏိုင္ခဲ့ၿပီးကားလို႔စ္ဆိုလာကျပန္လည္ေခ်ပခဲ့ပါတယ္။ဒါေပမဲ့ဒုတိယပိုင္းတြင္ဘယ္ဒီကပင္ျပန္လည္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။

ဒါေပမဲ့သုံးမိနစ္အၾကာမွာပင္ပီအက္စ္ဂ်ီဟာမက္ဆီရဲ႕အံ့ဩသင့္စရာဂိုးျဖင့္ေခ်ပဂိုးရရွိခဲ့ပါတယ္။

မက္ဆီဟာကိုက္၃၀ဝန္းက်င္တြင္ေဘာလုံးရရွိၿပီးေနာက္ေထာင့္က်ဥ္းထဲသို႔လွပတဲ့ဂိုးတစ္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီဟာယင္းပြဲတြင္သူကိုယ္တိုင္ဂိုးသြင္းခဲ့တဲ့အျပင္ပီအက္စ္ဂ်ီအတြက္ေနမာဦးေဆာင္ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးခဲ့ပါတယ္။ယင္းေနာက္ပြဲၿပီးရန္၁၅မိနစ္အလိုတြင္ဘက္ေပးကပင္နယ္တီကေနစတုတၳဂိုးသြင္းခဲ့ပါတယ္။ထ႐ိုယက္စ္အတြက္တတိယဂိုးကိုပါလာဗတ္စ္ကသြင္းယူခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာထ႐ိုယက္စ္ႏိုင္ပြဲေၾကာင့္ဒုတိယေနရာမွလန္းစ္ကိုရမွတ္ငါးမွတ္ျဖတ္ၿပီးလီဂူး၁အမွတ္ေပးဇယားကိုဦးေဆာင္ထားႏိုင္ပါတယ္။