ထိပ်ဆုံးလေးသင်းစာရင်းဝင်ရေးသာ အဓိကဖြစ်ကြောင်း ဝီနယ်ဒမ်ဖွင့်ဟ

ဂျော့ဂျီနီယိုဝီနယ်ဒမ်ကပရီးမီးယားလိဂ်ဖလားကိုကာကွယ်ရန်မဖြစ်နိုင်တော့ကြောင်းနှင့်လီဗာပူးအတွက်အဓိကပစ်မှတ်မှာချန်ပီယံလိဂ်ဝင်ခွင့်ထိပ်ဆုံးလေးသင်းစာရင်းအတွင်းဝင်ရေးသာဖြစ်ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးဟာယခုရာသီမှာဒဏ်ရာပြဿနာအမြောက်အမြားကြုံနေရပြီးရလဒ်ဆိုးများ ကြုံနေရပါတယ်။၎င်းတို့ဟာပရီးမီးယားလိဂ်တွင်လေးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးရှက်ဖီးလ်ယူနိုက်တက်နှင့်ပွဲစဉ် မှာနိုင်ပွဲပြန်တွေ့ခဲ့ပါတယ်။လက်ရှိအချိန်တွင်ကလော့ပ်ရဲ့လီဗာပူးဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၆နေရာမှာရပ်တည်နေပါတယ်။

ဝီနယ်ဒမ်က “ထိပ်ဆုံးလေးသင်းစာရင်းဝင်ရေးဘဲအဓိကလုပ်ရပါမယ်။ကျွန်တော်တို့အတူတကွလက်တွဲပြီးချီတက် ရပါမယ်။ကျွန်တော်တို့အပေါ်ကအသင်းတွေလည်းရလဒ်ကျဖို့မျှော်လင့်ပါတယ်။ကျွန်တော်တို့အနေနဲ့တစ်ပွဲချင်းစီ ကိုယ့်ခြေစွမ်းထိန်းပြီးလုပ်ဆောင်ရပါမယ်။အစွမ်းကုန်ပေးဆပ်ပြီးနိုင်ပွဲတွေရယူရပါမယ်။ကျွန်တော်တို့နိုင်ပွဲတွေ ဆက်တိုက်ရယူနိုင်ရင်ကောင်းတာတွေဖြစ်လာမှာပါ။အခြားတစ်ဖက်မှာရှုံးပွဲကိုရပ်ဆိုင်းလိုက်နိုင်တာလည်း ကောင်းတဲ့အရာပါ”လို့ပြောကြားသွားပါတယ်။

လက်ရှိချန်ပီယံလီဗာပူးဟာလာမယ့်ကြာသပတေးနေ့မှာအန်ဖီးလ်ကွင်းမှာသောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ထိပ္ဆုံးေလးသင္းစာရင္းဝင္ေရးသာ အဓိကျဖစ္ေၾကာင္း ဝီနယ္ဒမ္ဖြင့္ဟ

ေဂ်ာ့ဂ်ီနီယိုဝီနယ္ဒမ္ကပရီးမီးယားလိဂ္ဖလားကိုကာကြယ္ရန္မျဖစ္ႏိုင္ေတာ့ေၾကာင္းႏွင့္လီဗာပူးအတြက္အဓိကပစ္မွတ္မွာခ်န္ပီယံလိဂ္ဝင္ခြင့္ထိပ္ဆုံးေလးသင္းစာရင္းအတြင္းဝင္ေရးသာျဖစ္ေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံလီဗာပူးဟာယခုရာသီမွာဒဏ္ရာျပႆနာအေျမာက္အျမားႀကဳံေနရၿပီးရလဒ္ဆိုးမ်ား ႀကဳံေနရပါတယ္။၎တို႔ဟာပရီးမီးယားလိဂ္တြင္ေလးပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးရွက္ဖီးလ္ယူႏိုက္တက္ႏွင့္ပြဲစဥ္ မွာႏိုင္ပြဲျပန္ေတြ႕ခဲ့ပါတယ္။လက္ရွိအခ်ိန္တြင္ကေလာ့ပ္ရဲ႕လီဗာပူးဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၆ေနရာမွာရပ္တည္ေနပါတယ္။

ဝီနယ္ဒမ္က “ထိပ္ဆုံးေလးသင္းစာရင္းဝင္ေရးဘဲအဓိကလုပ္ရပါမယ္။ကြၽန္ေတာ္တို႔အတူတကြလက္တြဲၿပီးခ်ီတက္ ရပါမယ္။ကြၽန္ေတာ္တို႔အေပၚကအသင္းေတြလည္းရလဒ္က်ဖို႔ေမွ်ာ္လင့္ပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔တစ္ပြဲခ်င္းစီ ကိုယ့္ေျခစြမ္းထိန္းၿပီးလုပ္ေဆာင္ရပါမယ္။အစြမ္းကုန္ေပးဆပ္ၿပီးႏိုင္ပြဲေတြရယူရပါမယ္။ကြၽန္ေတာ္တို႔ႏိုင္ပြဲေတြ ဆက္တိုက္ရယူႏိုင္ရင္ေကာင္းတာေတြျဖစ္လာမွာပါ။အျခားတစ္ဖက္မွာရႈံးပြဲကိုရပ္ဆိုင္းလိုက္ႏိုင္တာလည္း ေကာင္းတဲ့အရာပါ”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိခ်န္ပီယံလီဗာပူးဟာလာမယ့္ၾကာသပေတးေန႔မွာအန္ဖီးလ္ကြင္းမွာေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါမယ္။