ထိပ်တန်းအဆင့်တွင်မကစားနိုင်တော့ဟုဘာကာရဲ့ပြောကြားခြင်းခံရကြောင်း ဆွာရက်ဇ်ဖွင့်ဟ

လူးဝစ်ဆွာရက်ဇ်ကဘာစီလိုနာနောက်ဆုံးရက်များတုန်းကထိပ်တန်းအဆင့်တွင်ကစားရန်အသက်အရွယ် ကြီးလွန်းနေပြီဟုမလေးမစားပြောဆိုခြင်းခံခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာစက်တင်ဘာလတုန်းကဘာစီလိုနာမှအက်သလက်တီကိုသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။သူဟာအက်သလက်တီကိုသို့ရောက်လာပြီးနောက်ထိပ်တန်းအဆင့်မှာခြေစွမ်းပြနိုင်တုန်းဖြစ်ပါတယ်။

ဆွာရက်ဇ်က “ဘာကိုအရမ်းစိတ်ပျက်ရလဲဆိုတော့ကျွန်တော့်ကိုအသက်အရမ်းကြီးပြီးထိပ်တန်းအဆင့်မှာ မကစားနိုင်တော့ဘူးလို့ပြောခဲ့တာပါ။ဒါလိုမျိုးပြောတာလုံးဝမကြိုက်ပါဘူး။ဘာစီလိုနာလိုကလပ်မှာသုံးရာသီကနေလေးရာသီအထိဘာမှမလုပ်ပြနိုင်ခဲ့ဘူးဆိုရင်တော့တစ်မျိုးပေါ့။ဒါပေမယ့်ကျွန်တော်ကဘာစီလိုနာမှာကစားတဲ့ရာသီတိုင်းတစ်ရာသီကိုဂိုး၂၀အထက်သွင်းလာခဲ့တာပါ။စာရင်းမှတ်တမ်းတွေကိုကြည့်ရင် မက်ဆီပြီးရင်ကျွန်တော့်အကောင်းဆုံးဆိုတာမြင်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဆွာရက်ဇ်ဟာဘာစီလိုနာတွင်ကစားစဉ်ကာလအတွင်းဂိုး၂၀နှင့်အထက်သွင်းယူလာနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။သူဟာ၂၀၁၆-၁၇ရာသီတွင်၃၆ဂိုး၊၂၀၁၇-၁၈ရာသီတွင်၃၁ဂိုးအသီးသီးသွင်းခဲ့ပြီးနောက်ဆုံးနှစ်ရာသီ တွင်၂၃ဂိုးနှင့်၂၁ဂိုးသွင်းနိုင်ကြောင်းတွေ့ရပါတယ်။

သူဟာယခုရာသီမှာအက်သလက်တီကိုအတွက်၁၆ဂိုးသွင်းယူထားပြီးလာလီဂါအမှတ်ပေးဇယားထိပ်ဆုံး တွင်ရပ်တည်နိုင်အောင်ကူညီထားပါတယ်။

ZawGyi

ထိပ္တန္းအဆင့္တြင္မကစားႏိုင္ေတာ့ဟုဘာကာရဲ႕ေျပာၾကားျခင္းခံရေၾကာင္း ဆြာရက္ဇ္ဖြင့္ဟ

လူးဝစ္ဆြာရက္ဇ္ကဘာစီလိုနာေနာက္ဆုံးရက္မ်ားတုန္းကထိပ္တန္းအဆင့္တြင္ကစားရန္အသက္အ႐ြယ္ ႀကီးလြန္းေနၿပီဟုမေလးမစားေျပာဆိုျခင္းခံခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာစက္တင္ဘာလတုန္းကဘာစီလိုနာမွအက္သလက္တီကိုသို႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။သူဟာအက္သလက္တီကိုသို႔ေရာက္လာၿပီးေနာက္ထိပ္တန္းအဆင့္မွာေျခစြမ္းျပႏိုင္တုန္းျဖစ္ပါတယ္။

ဆြာရက္ဇ္က “ဘာကိုအရမ္းစိတ္ပ်က္ရလဲဆိုေတာ့ကြၽန္ေတာ့္ကိုအသက္အရမ္းႀကီးၿပီးထိပ္တန္းအဆင့္မွာ မကစားႏိုင္ေတာ့ဘူးလို႔ေျပာခဲ့တာပါ။ဒါလိုမ်ိဳးေျပာတာလုံးဝမႀကိဳက္ပါဘူး။ဘာစီလိုနာလိုကလပ္မွာသုံးရာသီကေနေလးရာသီအထိဘာမွမလုပ္ျပႏိုင္ခဲ့ဘူးဆိုရင္ေတာ့တစ္မ်ိဳးေပါ့။ဒါေပမယ့္ကြၽန္ေတာ္ကဘာစီလိုနာမွာကစားတဲ့ရာသီတိုင္းတစ္ရာသီကိုဂိုး၂၀အထက္သြင္းလာခဲ့တာပါ။စာရင္းမွတ္တမ္းေတြကိုၾကည့္ရင္ မက္ဆီၿပီးရင္ကြၽန္ေတာ့္အေကာင္းဆုံးဆိုတာျမင္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဆြာရက္ဇ္ဟာဘာစီလိုနာတြင္ကစားစဥ္ကာလအတြင္းဂိုး၂၀ႏွင့္အထက္သြင္းယူလာႏိုင္ခဲ့ေၾကာင္းေတြ႕ရပါတယ္။သူဟာ၂၀၁၆-၁၇ရာသီတြင္၃၆ဂိုး၊၂၀၁၇-၁၈ရာသီတြင္၃၁ဂိုးအသီးသီးသြင္းခဲ့ၿပီးေနာက္ဆုံးႏွစ္ရာသီ တြင္၂၃ဂိုးႏွင့္၂၁ဂိုးသြင္းႏိုင္ေၾကာင္းေတြ႕ရပါတယ္။

သူဟာယခုရာသီမွာအက္သလက္တီကိုအတြက္၁၆ဂိုးသြင္းယူထားၿပီးလာလီဂါအမွတ္ေပးဇယားထိပ္ဆုံး တြင္ရပ္တည္ႏိုင္ေအာင္ကူညီထားပါတယ္။