ထိပ်တန်းအဆင့်တွင် ကစားနိုင်ဆဲဖြစ်ကြောင်း မက်ဆီနှင့် ထိပ်တိုက်တွေ့တဲ့ပွဲမှာ Man Of The Match ယူပြပြီး သက်သေပြခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကပြိုင်ဘက်ဟောင်းလီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီနှင့်ကစားရတဲ့ပွဲတွင်၂ဂိုးသွင်းပြီး Man Of The Match ယူပြကာထိပ်တန်းအဆင့်တွင်ကစားနိုင်ဆဲဖြစ်ကြောင်းပြသခဲ့ပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းတုန်းကAl Nassr သို့ပြောင်းခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဆော်ဒီတွင်ပထမဆုံးကစားတဲ့ပွဲအဖြစ် Riyadh All-Stars XI နှင့်ပီအက်စ်ဂျီတို့ရဲ့ခြေစမ်းပွဲစဉ်တွင်အသင်းခေါင်းဆောင်အဖြစ်ကစားသွားခဲ့ပါတယ်။

ယင်းပွဲတွင်ပွဲအစ၃မိနစ်မှာတင်မက်ဆီကဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့လည်း ခရစ္စတီယာနိုရော်နယ်ဒိုကလည်း၂ဂိုးသွင်းကာသူ့အစွမ်းကိုပြသခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားဟာသူ့ရဲ့ပထမဂိုးကိုပင်နယ်တီကနေသွင်းခဲ့တာဖြစ်ပြီးဒုတိယဂိုးကို ဆာဂျီယိုရာမို့စ်ရဲ့ဘောလုံးဖျက်ထုတ်မှုလွဲမှုကနေသွင်းယူခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာမနေ့ညပွဲရဲ့ပထမပိုင်းမပြီးခင်ဘားနတ်အထုတ်ခံရလို့တစ်ယောက်အလျှော့နဲ့ကစားသွားခဲ့ရပေမဲ့လည်း၅-၄ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲအပြီးတွင် Man Of The Match ဆုကိုကြေညာချိန်မှာအံ့ဩသင့်နေခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့သူဟာသူ့စွမ်းဆောင်ရည်ကိုအသိအမှတ်ပြုခြင်းခံရမှုအတွက်ဝမ်းသာဂုဏ်ယူနေတာတွေ့ရပါတယ်။

ZawGyi






