ထိပ်တန်းအဆင့်တွင် အနည်းဆုံး လေးနှစ်ကြာကစားနိုင်ရန် လီဝန်ဒေါ့စကီးပစ်မှတ်ထား

ဘိုင်ယန်မြူးနစ်ဂိုးသွင်းစက်ရောဘတ်လီဝန်ဒေါ့စကီးကထိပ်တန်းအဆင့်တွင်နောက်ထပ်အနည်းဆုံးလေးနှစ်ကြာကစားနိုင်ရန်ရည်မှန်းထားကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက်၃၃နှစ်ရှိပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာအင်္ဂါနေ့တုန်းကဘာစီလိုနာကိုဘိုင်ယန်မြူးနစ်က၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်၂ဂိုးသွင်းယူနိုင်ပြီးနောက်၁၈ပွဲဆက်တိုက်ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကချဲလ်ဆီးနှင့်မန်စီးတီးတို့ရဲ့ချိတ်ဆက်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာဘောလုံးကစားသမားဘဝမှအနားယူရန်စဉ်းစားထားခြင်းမရှိသေးဘဲကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်နောက်ထပ်နှစ်အတန်ကြာရပ်တည်နိုင်ရန်သာအာရုံစိုက်နေပါတယ်။

လီဝန်ဒေါ့စကီးက “ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးပုံစံရှိပါတယ်။မှန်ကန်တဲ့စိတ်ဓာတ်ပိုင်းလည်းရှိနေပါတယ်။နောက်ထပ်နှစ်အများကြီးကစားနိုင်ပါသေးတယ်။အနည်းဆုံးလေးနှစ်တော့ကစားပါဦးမယ်။ပြီးရင်တော့ဘာဖြစ်လာမလဲကြည့်ရပါမယ်။ပိုကောင်းသထက်လည်းကောင်းလာနိုင်ပါသေးတယ်။ဒီနွေမှာတော့ကျွန်တော့်ကစားသမားဘဝမှအကောင်းဆုံးရလဒ်ရယူနိုင်ခဲ့ပါတယ်။တကယ်လို့ကျွန်တော့်အသက်သာ၂၇နှစ်ဆိုရင်၂၅(သို့မဟုတ်)၂၆ပွဲဆက်တိုက်အထိသွင်းနိုင်ကောင်းသွင်းနိုင်လိမ့်မယ်။ကျွန်တော့်မှတ်တမ်းကကောင်းသထက်တော့ကောင်းနေပါတယ်။ကြံ့ခိုင်မှုပိုင်းနဲ့မဆိုင်ပါဘူး။လေးပတ်နားပြီးတဲ့နောက်အခြေခံပိုင်းမှာကျွန်တော်ပိုကောင်းလာပါတယ်။အရင်ကထက်ပိုပြီးတော့ပြင်ဆင်ခဲ့လို့လည်းပိုကောင်းလာတာပါ။၃၃နှစ်ဆိုတာကိန်းဂဏန်းတစ်ခုမျှသာဖြစ်ပါတယ်။ကျွန်တော့်အသက်ကြီးနေပြီဆိုတာမပြောနိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ယခုရာသီတွင်ကလပ်နှင့်နိုင်ငံအတွက်၁၀ဂိုးသွင်းယူထားပြီးဖြစ်တဲ့ရောဘတ်လီဝန်ဒေါ့စကီးဟာကြံ့ခိုင်ကျန်းမာမှုရှိစေရန်ဇနီးသည်အန်နာကအစားအသောက်ပိုင်းကိုအထူးဂရုစိုက်လုပ်ဆောင်ပေးခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ZawGyi

ထိပ္တန္းအဆင့္တြင္ အနည္းဆုံး ေလးႏွစ္ၾကာကစားႏိုင္ရန္ လီဝန္ေဒါ့စကီးပစ္မွတ္ထား

ဘိုင္ယန္ျမဴးနစ္ဂိုးသြင္းစက္ေရာဘတ္လီဝန္ေဒါ့စကီးကထိပ္တန္းအဆင့္တြင္ေနာက္ထပ္အနည္းဆုံးေလးႏွစ္ၾကာကစားႏိုင္ရန္ရည္မွန္းထားေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အသက္၃၃ႏွစ္ရွိပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာအဂၤါေန႔တုန္းကဘာစီလိုနာကိုဘိုင္ယန္ျမဴးနစ္က၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္၂ဂိုးသြင္းယူႏိုင္ၿပီးေနာက္၁၈ပြဲဆက္တိုက္ဂိုးသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကခ်ဲလ္ဆီးႏွင့္မန္စီးတီးတို႔ရဲ႕ခ်ိတ္ဆက္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာေဘာလုံးကစားသမားဘဝမွအနားယူရန္စဥ္းစားထားျခင္းမရွိေသးဘဲကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ေနာက္ထပ္ႏွစ္အတန္ၾကာရပ္တည္ႏိုင္ရန္သာအာ႐ုံစိုက္ေနပါတယ္။

လီဝန္ေဒါ့စကီးက “ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးပုံစံရွိပါတယ္။မွန္ကန္တဲ့စိတ္ဓာတ္ပိုင္းလည္းရွိေနပါတယ္။ေနာက္ထပ္ႏွစ္အမ်ားႀကီးကစားႏိုင္ပါေသးတယ္။အနည္းဆုံးေလးႏွစ္ေတာ့ကစားပါဦးမယ္။ၿပီးရင္ေတာ့ဘာျဖစ္လာမလဲၾကည့္ရပါမယ္။ပိုေကာင္းသထက္လည္းေကာင္းလာႏိုင္ပါေသးတယ္။ဒီေႏြမွာေတာ့ကြၽန္ေတာ့္ကစားသမားဘဝမွအေကာင္းဆုံးရလဒ္ရယူႏိုင္ခဲ့ပါတယ္။တကယ္လို႔ကြၽန္ေတာ့္အသက္သာ၂၇ႏွစ္ဆိုရင္၂၅(သို႔မဟုတ္)၂၆ပြဲဆက္တိုက္အထိသြင္းႏိုင္ေကာင္းသြင္းႏိုင္လိမ့္မယ္။ကြၽန္ေတာ့္မွတ္တမ္းကေကာင္းသထက္ေတာ့ေကာင္းေနပါတယ္။ႀကံ့ခိုင္မႈပိုင္းနဲ႔မဆိုင္ပါဘူး။ေလးပတ္နားၿပီးတဲ့ေနာက္အေျခခံပိုင္းမွာကြၽန္ေတာ္ပိုေကာင္းလာပါတယ္။အရင္ကထက္ပိုၿပီးေတာ့ျပင္ဆင္ခဲ့လို႔လည္းပိုေကာင္းလာတာပါ။၃၃ႏွစ္ဆိုတာကိန္းဂဏန္းတစ္ခုမွ်သာျဖစ္ပါတယ္။ကြၽန္ေတာ့္အသက္ႀကီးေနၿပီဆိုတာမေျပာႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ယခုရာသီတြင္ကလပ္ႏွင့္ႏိုင္ငံအတြက္၁၀ဂိုးသြင္းယူထားၿပီးျဖစ္တဲ့ေရာဘတ္လီဝန္ေဒါ့စကီးဟာႀကံ့ခိုင္က်န္းမာမႈရွိေစရန္ဇနီးသည္အန္နာကအစားအေသာက္ပိုင္းကိုအထူးဂ႐ုစိုက္လုပ္ေဆာင္ေပးျခင္းခံေနရသူလည္းျဖစ္ပါတယ္။