ထိပ်သီးခြောက်သင်းနဲ့ ရင်ဆိုင်ရတိုင်း လမ်းပျောက်နေတဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာလွန်ခဲ့တဲ့တစ်နှစ်ခန့်တုန်းကစပို့တင်းလစ္စဘွန်းကနေရောက်လာပြီးနောက်မန်ယူမှာအကောင်းဆုံးခြေစွမ်းဖြင့်ကစားနေပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ၂၀၁၃ခုနှစ်နောက်ပိုင်းမှာနှစ်သစ်ကူးနောက်ပိုင်းမှာမန်ယူကိုပထမဆုံးအကြိမ် အဖြစ်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နိုင်အောင်အဓိကနေရာကူညီထားသူလည်းဖြစ်ပါတယ်။

သူဟာမန်ယူသို့ရောက်လာပြီးတဲ့နောက်အကောင်းဆုံးပုံစံဖြင့်ကစားနိုင်တယ်ဆိုပေမယ့်ပရိသတ်တွေရဲ့ဝေဖန်မှု ရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။

အထူးသဖြင့်အသက်၂၆နှစ်ရှိကွင်းလယ်ကစားသမားဟာပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းနဲ့ရင်ဆိုင်ရတဲ့အချိန်မှာခြေစွမ်းပြကစားနိုင်ခြင်းမရှိမှုနဲ့အတူဝေဖန်မှုများနှင့်ကြုံရတာလည်းဖြစ်ပါတယ်။

သူဟာတနင်္ဂနွေနေ့ညတုန်းကအန်ဖီးလ်ကွင်းမှာလီဗာပူးနှင့်ဂိုးမရှိသရေကျတဲ့ပွဲမှာပုံမှန်ခြေစွမ်းမျိုးမှာမရှိခဲ့ပါဘူး။သူဟာလီဗာပူးနဲ့ပွဲမှာဂိုးရနိုင်တဲ့အခွင့်အရေးတွေကြုံခဲ့ရပေမယ့်လည်းဂိုးမရခဲ့ပါဘူး။

သူဟာယခုရာသီမှာခုနှစ်ပွဲမြောက်ပွဲအဖြစ်ဂိုး(သို့မဟုတ်)ဖန်တီးမှုမလုပ်နိုင်ခဲ့တာပါ။ဒါပေမယ့်သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးပရိသတ်တွေစိုးရိမ်နေကြပါတယ်။

အထူးသဖြင့်သူဟာပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းနဲ့ရင်ဆိုင်ရတဲ့ပွဲတွေမှာခြေစွမ်းမပြနိုင်မှုနဲ့အတူမန်ယူပရိသတ်တွေစိုးရိမ်ပူပန်နေကြတာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာမန်ယူသို့ရောက်လာပြီးနောက်ထိပ်သီးခြောက်သင်းနဲ့တွေ့ဆုံတဲ့ပွဲများမှာ၂ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။ပြောရမယ်ဆိုရင်သူဟာထိပ်သီးခြောက်သင်းနဲ့တွေ့တဲ့ပွဲများမှာ၃၂၈မိနစ် လျှင်တစ်ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ဒါပေမယ့်သူဟာထိပ်သီးခြောက်သင်းမှအပအခြားကလပ်များနှင့်ရင်ဆိုင်ရတဲ့ပွဲများမှာတော့၁၁၉မိနစ်လျှင်တစ်ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

သူဟာထိပ်သီးကလပ်များနှင့်ရင်ဆိုင်ရာမှာ၁၆၄မိနစ်လျှင်၁ကြိမ်သာဖန်တီးထားနိုင်ပေမယ့်ကျန်ကလပ်များနှင့်ရင်ဆိုင်ရာမှာတော့မိနစ်၇၀ကစားတိုင်း၁ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ပါတယ်။

ZawGyi

ထိပ္သီးေျခာက္သင္းနဲ႔ ရင္ဆိုင္ရတိုင္း လမ္းေပ်ာက္ေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာလြန္ခဲ့တဲ့တစ္ႏွစ္ခန႔္တုန္းကစပို႔တင္းလစၥဘြန္းကေနေရာက္လာၿပီးေနာက္မန္ယူမွာအေကာင္းဆုံးေျခစြမ္းျဖင့္ကစားေနပါတယ္။

ေပၚတူဂီကြင္းလယ္ကစားသမားဟာ၂၀၁၃ခုႏွစ္ေနာက္ပိုင္းမွာႏွစ္သစ္ကူးေနာက္ပိုင္းမွာမန္ယူကိုပထမဆုံးအႀကိမ္ အျဖစ္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ႏိုင္ေအာင္အဓိကေနရာကူညီထားသူလည္းျဖစ္ပါတယ္။

သူဟာမန္ယူသို႔ေရာက္လာၿပီးတဲ့ေနာက္အေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္တယ္ဆိုေပမယ့္ပရိသတ္ေတြရဲ႕ေဝဖန္မႈ ရင္ဆိုင္ေနရတုန္းျဖစ္ပါတယ္။

အထူးသျဖင့္အသက္၂၆ႏွစ္ရွိကြင္းလယ္ကစားသမားဟာပရီးမီးယားလိဂ္ထိပ္သီးေျခာက္သင္းနဲ႔ရင္ဆိုင္ရတဲ့အခ်ိန္မွာေျခစြမ္းျပကစားႏိုင္ျခင္းမရွိမႈနဲ႔အတူေဝဖန္မႈမ်ားႏွင့္ႀကဳံရတာလည္းျဖစ္ပါတယ္။

သူဟာတနဂၤေႏြေန႔ညတုန္းကအန္ဖီးလ္ကြင္းမွာလီဗာပူးႏွင့္ဂိုးမရွိသေရက်တဲ့ပြဲမွာပုံမွန္ေျခစြမ္းမ်ိဳးမွာမရွိခဲ့ပါဘူး။သူဟာလီဗာပူးနဲ႔ပြဲမွာဂိုးရႏိုင္တဲ့အခြင့္အေရးေတြႀကဳံခဲ့ရေပမယ့္လည္းဂိုးမရခဲ့ပါဘူး။

သူဟာယခုရာသီမွာခုႏွစ္ပြဲေျမာက္ပြဲအျဖစ္ဂိုး(သို႔မဟုတ္)ဖန္တီးမႈမလုပ္ႏိုင္ခဲ့တာပါ။ဒါေပမယ့္သူ႔ရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီးပရိသတ္ေတြစိုးရိမ္ေနၾကပါတယ္။

အထူးသျဖင့္သူဟာပရီးမီးယားလိဂ္ထိပ္သီးေျခာက္သင္းနဲ႔ရင္ဆိုင္ရတဲ့ပြဲေတြမွာေျခစြမ္းမျပႏိုင္မႈနဲ႔အတူမန္ယူပရိသတ္ေတြစိုးရိမ္ပူပန္ေနၾကတာလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာမန္ယူသို႔ေရာက္လာၿပီးေနာက္ထိပ္သီးေျခာက္သင္းနဲ႔ေတြ႕ဆုံတဲ့ပြဲမ်ားမွာ၂ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။ေျပာရမယ္ဆိုရင္သူဟာထိပ္သီးေျခာက္သင္းနဲ႔ေတြ႕တဲ့ပြဲမ်ားမွာ၃၂၈မိနစ္ လွ်င္တစ္ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ဒါေပမယ့္သူဟာထိပ္သီးေျခာက္သင္းမွအပအျခားကလပ္မ်ားႏွင့္ရင္ဆိုင္ရတဲ့ပြဲမ်ားမွာေတာ့၁၁၉မိနစ္လွ်င္တစ္ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

သူဟာထိပ္သီးကလပ္မ်ားႏွင့္ရင္ဆိုင္ရာမွာ၁၆၄မိနစ္လွ်င္၁ႀကိမ္သာဖန္တီးထားႏိုင္ေပမယ့္က်န္ကလပ္မ်ားႏွင့္ရင္ဆိုင္ရာမွာေတာ့မိနစ္၇၀ကစားတိုင္း၁ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ပါတယ္။