ထိုင်းပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် ပြုံးပျော်နေကြတဲ့ ယူနိုက်တက်စတားများ၊ သတ္တိရှိကြရန် အဲရစ်တန်ဟက်တိုက်တွန်း

မန်ချက်စတာယူနိုက်တက်စတားများဟာဘန်ကောက်သို့ရောက်ရှိနေစဉ်အတွင်းပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင်အပြုံးမျက်နှာဖြင့်လေ့ကျင့်ခန်းဆင်းခဲ့ကြတာတွေ့ရပါတယ်။

ယူနိုက်တက်မှအသင်းပြောင်းခွင့်တောင်းထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကတော့မပါဝင်ပါဘူး။ဒါပေမဲ့ယခုကဲ့သို့အရှေ့တိုင်းသို့ခရီးထွက်လာခဲ့တာယူနိုက်တက်အတွက်ကောင်းမွန်ပုံရပါတယ်။

ယူနိုက်တက်စတားများဟာဘန်ကောက်သို့၁၂နာရီကြာဝေဟင်ခရီးစီးနင်းပြီး ရောက်ရှိလာပြီးနောက် နာရီအနည်းငယ်အကြာတွင်လေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။

အဲရစ်တန်ဟက်နှင့်၃၁ဦးသောယူနိုက်တက်အသင်းသားများဟာအင်္ဂါနေ့တွင်ကစားမယ့်လီဗာပူးနှင့်ပွဲအတွက်စတင်ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။

တကယ်တော့ယူနိုက်တက်ကစားသမားများဟာနာရီပေါင်းများစွာခရီးနှင်လာရမှုကြောင့် လေ့ကျင့်ခန်းမဆင်းသင့်ပါဘူး။

ဒါပေမဲ့အဲရစ်တန်ဟက်ဟာကစားသမားများကိုကြံ့ခိုင်မှုပိုင်းလေ့ကျင့်ခန်းပြုလုပ်စေခြင်း၊အားကစားရုံဝင်စေခြင်းတို့ပြုလုပ်ခိုင်းခဲ့ပါတယ်။

အဲရစ်တန်ဟက်က “အသင်းဆီသို့စွမ်းအင်တွေယူဆောင်လာချင်တယ်။ဒါပေမဲ့ကစားသမားတွေကောင်းကောင်းလုပ်ရမယ်လို့ပြောကိုပြောရပါမယ်။သူတို့ကလည်းတကယ်ပဲအာရုံစိုက်ကြတယ်။သူတို့ယူဆောင်လာတယ်။သူတို့အတွက်ပါပဲ။ဒီစွမ်းအင်တွေပေါ့။သူတို့ဘောလုံးကစားတာပျော်နေတာမြင်ကြမှာပါ။ဘောလုံးအတူကစားရတာပျော်တယ်။သူတို့တကယ်ပဲစုစုစည်းစည်းနဲ့ကစားကြတယ်။ကျွန်တော်တို့ကဘောလုံးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေအခြေအနေတခုကိုဖန်တီးတဲ့ကစားပုံမျိုးနဲ့ကစားချင်တယ်။အခုဒါကိုလုပ်ဖို့ကြိုးစားနေတယ်။ကျွန်တော်တို့အာရုံစိုက်တာလည်းဒါပါပဲ။ပထမဆုံးနည်းပြတွေကဒါကိုအသင်းဆီသို့ယူဆောင်ရမယ်။ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်အခြေအနေတစ်ခုကိုဖန်တီးတဲ့ကစားပုံမျိုးနဲ့ကစားရပါမယ်။ကျွန်တော်တို့သတ္တိရှိတယ်။ဘောလုံးပိုင်ဆိုင်လိုစိတ်ရှိရမယ်။အခြားတစ်ယောက်အမြင်ကိုနားလည်ရမယ်။ဘောလုံးမရှိတဲ့အချိန်မှာလည်းဒီအတိုင်းပဲ။ ကျွန်တော်တို့လိုချင်တဲ့ Pressing Style ကအဲဒီလိုမျိုးပါ”လို့ပြောကြားသွားပါတယ်။

လာမယ့်လီဗာပူးနှင့်ပွဲစဉ်မှာအဲရစ်တန်ဟက်ရဲ့ယူနိုက်တက်အတွက်ပထမဆုံးကိုင်တွယ်တဲ့ပွဲစဉ်ဖြစ်လာပါမယ်။ယင်းပွဲအပြီးတွင်ယူနိုက်တက်ဟာဩစတြေးလျသို့သွားရောက်ကာမဲလ်ဘုန်းဗစ်တိုးရီး၊ခရစ္စတယ်ပဲလေ့စ်၊ဗီလာတို့နှင့်ခြေစမ်းပါဦးမယ်။

ZawGyi

ထိုင္းပထမဆုံးေလ့က်င့္ခန္းအစီအစဥ္တြင္ အၿပဳံးေပ်ာ္ေနၾကတဲ့ ယူႏိုက္တက္စတားမ်ား၊ သတၱိရွိၾကရန္ အဲရစ္တန္ဟက္တိုက္တြန္း

မန္ခ်က္စတာယူႏိုက္တက္စတားမ်ားဟာဘန္ေကာက္သို႔ေရာက္ရွိေနစဥ္အတြင္းပထမဆုံးေလ့က်င့္ခန္းအစီအစဥ္တြင္အၿပဳံးမ်က္ႏွာျဖင့္ေလ့က်င့္ခန္းဆင္းခဲ့ၾကတာေတြ႕ရပါတယ္။

ယူႏိုက္တက္မွအသင္းေျပာင္းခြင့္ေတာင္းထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့မပါဝင္ပါဘူး။ဒါေပမဲ့ယခုကဲ့သို႔အေရွ႕တိုင္းသို႔ခရီးထြက္လာခဲ့တာယူႏိုက္တက္အတြက္ေကာင္းမြန္ပုံရပါတယ္။

ယူႏိုက္တက္စတားမ်ားဟာဘန္ေကာက္သို႔၁၂နာရီၾကာေဝဟင္ခရီးစီးနင္းၿပီး ေရာက္ရွိလာၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ေလ့က်င့္ခန္းဆင္းခဲ့ၾကပါတယ္။

အဲရစ္တန္ဟက္ႏွင့္၃၁ဦးေသာယူႏိုက္တက္အသင္းသားမ်ားဟာအဂၤါေန႔တြင္ကစားမယ့္လီဗာပူးႏွင့္ပြဲအတြက္စတင္ျပင္ဆင္ေနၾကတာလည္းျဖစ္ပါတယ္။

တကယ္ေတာ့ယူႏိုက္တက္ကစားသမားမ်ားဟာနာရီေပါင္းမ်ားစြာခရီးႏွင္လာရမႈေၾကာင့္ ေလ့က်င့္ခန္းမဆင္းသင့္ပါဘူး။

ဒါေပမဲ့အဲရစ္တန္ဟက္ဟာကစားသမားမ်ားကိုႀကံ့ခိုင္မႈပိုင္းေလ့က်င့္ခန္းျပဳလုပ္ေစျခင္း၊အားကစား႐ုံဝင္ေစျခင္းတို႔ျပဳလုပ္ခိုင္းခဲ့ပါတယ္။

အဲရစ္တန္ဟက္က “အသင္းဆီသို႔စြမ္းအင္ေတြယူေဆာင္လာခ်င္တယ္။ဒါေပမဲ့ကစားသမားေတြေကာင္းေကာင္းလုပ္ရမယ္လို႔ေျပာကိုေျပာရပါမယ္။သူတို႔ကလည္းတကယ္ပဲအာ႐ုံစိုက္ၾကတယ္။သူတို႔ယူေဆာင္လာတယ္။သူတို႔အတြက္ပါပဲ။ဒီစြမ္းအင္ေတြေပါ့။သူတို႔ေဘာလုံးကစားတာေပ်ာ္ေနတာျမင္ၾကမွာပါ။ေဘာလုံးအတူကစားရတာေပ်ာ္တယ္။သူတို႔တကယ္ပဲစုစုစည္းစည္းနဲ႔ကစားၾကတယ္။ကြၽန္ေတာ္တို႔ကေဘာလုံးရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစအေျခအေနတခုကိုဖန္တီးတဲ့ကစားပုံမ်ိဳးနဲ႔ကစားခ်င္တယ္။အခုဒါကိုလုပ္ဖို႔ႀကိဳးစားေနတယ္။ကြၽန္ေတာ္တို႔အာ႐ုံစိုက္တာလည္းဒါပါပဲ။ပထမဆုံးနည္းျပေတြကဒါကိုအသင္းဆီသို႔ယူေဆာင္ရမယ္။ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္အေျခအေနတစ္ခုကိုဖန္တီးတဲ့ကစားပုံမ်ိဳးနဲ႔ကစားရပါမယ္။ကြၽန္ေတာ္တို႔သတၱိရွိတယ္။ေဘာလုံးပိုင္ဆိုင္လိုစိတ္ရွိရမယ္။အျခားတစ္ေယာက္အျမင္ကိုနားလည္ရမယ္။ေဘာလုံးမရွိတဲ့အခ်ိန္မွာလည္းဒီအတိုင္းပဲ။ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ Pressing Style ကအဲဒီလိုမ်ိဳးပါ”လို႔ေျပာၾကားသြားပါတယ္။

လာမယ့္လီဗာပူးႏွင့္ပြဲစဥ္မွာအဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္အတြက္ပထမဆုံးကိုင္တြယ္တဲ့ပြဲစဥ္ျဖစ္လာပါမယ္။ယင္းပြဲအၿပီးတြင္ယူႏိုက္တက္ဟာဩစေၾတးလ်သို႔သြားေရာက္ကာမဲလ္ဘုန္းဗစ္တိုးရီး၊ခရစၥတယ္ပဲေလ့စ္၊ဗီလာတို႔ႏွင့္ေျခစမ္းပါဦးမယ္။