ထိုးနှက်တဲ့မေးခွန်းနှစ်ခုမေးလာပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အင်တာဗျူးတွင် ပေါက်ကွဲခဲ့တဲ့ တိုနီခရူးစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားတိုနီခရူးစ်ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လီဗာပူးကပွဲကိုလွှမ်းမိုးကစားခဲ့မှုအပေါ်အံ့ဩသင့်ရသလားလို့ဂျာမန်ရုပ်သံကမေးမြန်းလာမှုကိုအကြီးအကျယ်ပေါက်ကွဲခဲ့ပါတယ်။

ကာလိုအန်ဆယ်လော့တီဦးဆောင်တဲ့ရီးရဲလ်မက်ဒရစ်ဟာစနေနေ့ညတုန်းကStade de France တွင်လီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ယူပြီး၁၄ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကိုရယူခဲ့ပါတယ်။

အစောပိုင်းကတည်းကရေပန်းစားနေတဲ့လီဗာပူးဟာပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့ပြီးအခွင့်အရေးများရရှိခဲ့ပေမဲ့ရီးရဲလ်မက်ဒရစ်ဂိုးသမားကော့တွိုက်စ်လက်စွမ်းပြကစားခဲ့ပါတယ်။

ဒါပေမဲ့ရီးရဲလ်မက်ဒရစ်ဟာပွဲချိန်၅၉မိနစ်တွင်ဗယ်ဗာဒီရဲ့ဖြတ်တင်ဘောကနေ ဗီနီစီးယပ်စ်ရဲ့အနီးကပ်ပိတ်သွင်းယူတဲ့ဂိုးကြောင့်တစ်လုံးတည်းသောအနိုင်ဂိုးရရှိခဲ့ပါတယ်။

ပွဲအပြီးတွင် German TV ကသတင်းထောက်ကတိုနီခရူးစ်အား လီဗာပူးလွှမ်းမိုးကစားသွားမှုအပေါ်အံ့ဩသလားလို့မေးမြန်းခဲ့ပါတယ်။

အသက်၃၂နှစ်ရှိတိုနီခရူးစ်ဟာသတင်းထောက်ရဲ့မေးမြန်းမှုအပေါ်မပျော်မရွှင်ဖြစ်ခဲ့ပါတယ်။

တိုနီခရူးစ်က “ခင်ဗျားမှာမိနစ်၉၀ပိုင်ဆိုင်ခဲ့တယ်။ပြီးတော့အရေးမပါတဲ့မေးခွန်းနှစ်ခုလာမေးတယ်။အပြုသဘောမဆောင်တဲ့မေးခွန်းနှစ်ခု။ခင်ဗျားကဂျာမန်ဆိုတာချက်ချင်းပြောနိုင်တယ်မလား”လို့ပြောကြားကာ အင်တာဗျူးကိုမဖြေဘဲထွက်ခွာသွားခဲ့ပါတယ်။

တိုနီခရူးစ်ရဲ့ယင်းအပြုအမူကိုဘောလုံးပရိသတ်များကိုဝေဖန်မှုများပြုလုပ်နေကြပါတယ်။ဘောလုံးပရိသတ်အချို့တို့ကတိုနီခရူးစ်ကို မောက်မာတဲ့သူတစ်ဦးအဖြစ်ဝေဖန်နေကြပါတယ်။

ZawGyi

ထိုးႏွက္တဲ့ေမးခြန္းႏွစ္ခုေမးလာၿပီးေနာက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီး အင္တာဗ်ဴးတြင္ ေပါက္ကြဲခဲ့တဲ့ တိုနီခ႐ူးစ္

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားတိုနီခ႐ူးစ္ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္လီဗာပူးကပြဲကိုလႊမ္းမိုးကစားခဲ့မႈအေပၚအံ့ဩသင့္ရသလားလို႔ဂ်ာမန္႐ုပ္သံကေမးျမန္းလာမႈကိုအႀကီးအက်ယ္ေပါက္ကြဲခဲ့ပါတယ္။

ကာလိုအန္ဆယ္ေလာ့တီဦးေဆာင္တဲ့ရီးရဲလ္မက္ဒရစ္ဟာစေနေန႔ညတုန္းကStade de France တြင္လီဗာပူးကို၁-၀ဂိုးျဖင့္အႏိုင္ယူၿပီး၁၄ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားကိုရယူခဲ့ပါတယ္။

အေစာပိုင္းကတည္းကေရပန္းစားေနတဲ့လီဗာပူးဟာပြဲကိုလႊမ္းမိုးကစားႏိုင္ခဲ့ၿပီးအခြင့္အေရးမ်ားရရွိခဲ့ေပမဲ့ရီးရဲလ္မက္ဒရစ္ဂိုးသမားေကာ့တြိဳက္စ္လက္စြမ္းျပကစားခဲ့ပါတယ္။

ဒါေပမဲ့ရီးရဲလ္မက္ဒရစ္ဟာပြဲခ်ိန္၅၉မိနစ္တြင္ဗယ္ဗာဒီရဲ႕ျဖတ္တင္ေဘာကေန ဗီနီစီးယပ္စ္ရဲ႕အနီးကပ္ပိတ္သြင္းယူတဲ့ဂိုးေၾကာင့္တစ္လုံးတည္းေသာအႏိုင္ဂိုးရရွိခဲ့ပါတယ္။

ပြဲအၿပီးတြင္ German TV ကသတင္းေထာက္ကတိုနီခ႐ူးစ္အား လီဗာပူးလႊမ္းမိုးကစားသြားမႈအေပၚအံ့ဩသလားလို႔ေမးျမန္းခဲ့ပါတယ္။

အသက္၃၂ႏွစ္ရွိတိုနီခ႐ူးစ္ဟာသတင္းေထာက္ရဲ႕ေမးျမန္းမႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္ခဲ့ပါတယ္။

တိုနီခ႐ူးစ္က “ခင္ဗ်ားမွာမိနစ္၉၀ပိုင္ဆိုင္ခဲ့တယ္။ၿပီးေတာ့အေရးမပါတဲ့ေမးခြန္းႏွစ္ခုလာေမးတယ္။အျပဳသေဘာမေဆာင္တဲ့ေမးခြန္းႏွစ္ခု။ခင္ဗ်ားကဂ်ာမန္ဆိုတာခ်က္ခ်င္းေျပာႏိုင္တယ္မလား”လို႔ေျပာၾကားကာ အင္တာဗ်ဴးကိုမေျဖဘဲထြက္ခြာသြားခဲ့ပါတယ္။

တိုနီခ႐ူးစ္ရဲ႕ယင္းအျပဳအမူကိုေဘာလုံးပရိသတ္မ်ားကိုေဝဖန္မႈမ်ားျပဳလုပ္ေနၾကပါတယ္။ေဘာလုံးပရိသတ္အခ်ိဳ႕တို႔ကတိုနီခ႐ူးစ္ကို ေမာက္မာတဲ့သူတစ္ဦးအျဖစ္ေဝဖန္ေနၾကပါတယ္။