ထုတ်ပယ်စရိတ်မြင့်မားတာကြောင့် ရော်ဂျာကို ဆက်ပြီးအခွင့်အရေးပေးသွားမယ့် လက်စတာ

လက်စတာစီးတီးဟာရာသီအစရလဒ်ဆိုးရွားနေပေမဲ့လည်းနည်းပြဘရန်ဒန်ရော်ဂျာကိုဆက်လက်အခွင့်အရေးပေးသွားဦးမည်ဖြစ်ကြောင်းသိရပါတယ်။

လက်စတာဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၇ပွဲဆက်နိုင်ပွဲပျောက်နေပြီးနောက်ဆုံး၆ပွဲဆက်ရှုံးနိမ့်ထားမှုနှင့်အတူပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။

လက်စတာဟာအဖွင့်ပွဲ၇ပွဲတွင်တစ်မှတ်တည်းသာရရှိထားတာကြောင့်ပရီးမီးယားလိဂ်စတင်တဲ့၁၉၉၂ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးတာထွက်နှင့်ကြုံနေရတဲ့အသင်းအဖြစ်လည်းမှတ်တမ်းတင်ထားပါတယ်။

လက်စတာဟာဘရန်ဒန်ရော်ဂျာကိုထုတ်ပယ်လိုနေပေမဲ့လည်းနစ်နာကြေးပေါင်၁၀သန်းအထိပေးရမှာဖြစ်တဲ့အပြင်နည်းပြသစ်အဖြစ်ခန့်အပ်လိုက်နေတဲ့ဘရန့်ဖို့ဒ်နည်းပြသောမတ်စ်ဖရန့်မှာလည်း၂၀၂၅ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုထားမှုကြောင့်နစ်နာကြေးများစွာပေးရမဲ့အရေးနှင့်ကြုံနေပါတယ်။

ယင်းသို့အနေအထားကြောင့် လက်စတာဟာနည်းပြအပြောင်းအလဲပြုလုပ်ရန်အတွက်ပေါင်၁၅သန်းအထိအသုံးပြုရမယ့်အခြေအနေဆိုက်နေပါတယ်။

ဒါကြောင့်လက်စတာဟာဘရန်ဒန်ရော်ဂျာကိုအခွင့်အရေးဆက်ပေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း The Athletic ကဖော်ပြလာပါတယ်။ဒါ့အပြင် လက်စတာဟာနိုင်ငံတကာပွဲစဉ်များအပြီးတွင်အမှတ်ပေးဇယားအဆင့်၁၉နေရာမှနော်တင်ဟမ်ဖောရက်စ်ကိုရင်ဆိုင်ရမှာဖြစ်လို့ ပြန်လည်နှိုးထလာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

ZawGyi

ထုတ္ပယ္စရိတ္ျမင့္မားတာေၾကာင့္ ေရာ္ဂ်ာကို ဆက္ၿပီးအခြင့္အေရးေပးသြားမယ့္ လက္စတာ

လက္စတာစီးတီးဟာရာသီအစရလဒ္ဆိုး႐ြားေနေပမဲ့လည္းနည္းျပဘရန္ဒန္ေရာ္ဂ်ာကိုဆက္လက္အခြင့္အေရးေပးသြားဦးမည္ျဖစ္ေၾကာင္းသိရပါတယ္။

လက္စတာဟာပရီးမီးယားလိဂ္အဖြင့္ပြဲ၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီးေနာက္ဆုံး၆ပြဲဆက္ရႈံးနိမ့္ထားမႈႏွင့္အတူပရီးမီးယားလိဂ္အမွတ္ေပးဇယားေအာက္ဆုံးမွာရပ္တည္ေနပါတယ္။

လက္စတာဟာအဖြင့္ပြဲ၇ပြဲတြင္တစ္မွတ္တည္းသာရရွိထားတာေၾကာင့္ပရီးမီးယားလိဂ္စတင္တဲ့၁၉၉၂ခုႏွစ္ေနာက္ပိုင္းအဆိုး႐ြားဆုံးတာထြက္ႏွင့္ႀကဳံေနရတဲ့အသင္းအျဖစ္လည္းမွတ္တမ္းတင္ထားပါတယ္။

လက္စတာဟာဘရန္ဒန္ေရာ္ဂ်ာကိုထုတ္ပယ္လိုေနေပမဲ့လည္းနစ္နာေၾကးေပါင္၁၀သန္းအထိေပးရမွာျဖစ္တဲ့အျပင္နည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ေနတဲ့ဘရန႔္ဖို႔ဒ္နည္းျပေသာမတ္စ္ဖရန႔္မွာလည္း၂၀၂၅ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားမႈေၾကာင့္နစ္နာေၾကးမ်ားစြာေပးရမဲ့အေရးႏွင့္ႀကဳံေနပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ လက္စတာဟာနည္းျပအေျပာင္းအလဲျပဳလုပ္ရန္အတြက္ေပါင္၁၅သန္းအထိအသုံးျပဳရမယ့္အေျခအေနဆိုက္ေနပါတယ္။

ဒါေၾကာင့္လက္စတာဟာဘရန္ဒန္ေရာ္ဂ်ာကိုအခြင့္အေရးဆက္ေပးရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း The Athletic ကေဖာ္ျပလာပါတယ္။ဒါ့အျပင္ လက္စတာဟာႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္အမွတ္ေပးဇယားအဆင့္၁၉ေနရာမွေနာ္တင္ဟမ္ေဖာရက္စ္ကိုရင္ဆိုင္ရမွာျဖစ္လို႔ ျပန္လည္ႏႈိးထလာႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။