ထုတ်ပယ်ရန် ပရိသတ်အသံ ညံနေပေမယ့် ဆိုးလ်ရှားကို ရာနှုန်းပြည့်ထောက်ခံနေဆဲ ဂလေဇာမိသားစု

ဖိအားများနှင့်ရင်ဆိုင်နေရတဲ့မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအသင်းရဲ့ခြေစွမ်းပိုင်းဆက်တိုက်ဆိုးရွားနေပေမယ့်လည်းအနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာတွေးပူရန်မရှိကြောင်းသိရပါတယ်။

မနေ့ညတုန်းကလက်စတာကို၄-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့မှုနဲ့အတူယူနိုက်တက်ရဲ့အိပ်မက်ဆိုးမှာညတာဆက်ရှည်ခဲ့ရပါတယ်။၎င်းတို့ဟာယင်းရှုံးပွဲကြောင့်ထိပ်ဆုံးလေးသင်းစာရင်းမှာဆင်းပေးလိုက်ရပြီးအမှတ်ပေးဖလားအတွက်စိန်ခေါ်နိုင်ရန်တဖြည်းဖြည်းဝေဝါးလာပါတယ်။

ဒါပေမယ့် The Athletic ရဲ့ဖော်ပြချက်အရမန်ယူချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ဟာအိုလီဂန်းနားဆိုးလ်ရှားအပေါ်တွင်အပြည့်အဝယုံကြည်နေကြဆဲဖြစ်ပြီးရာထူးမှထုတ်ပယ်ရန်လုံးဝမစဉ်းစားသေးကြောင်းသိရပါတယ်။

ဒါတင်မကသေးပါဘူး။မန်ယူဘုတ်အဖွဲ့ဝင်များဟာဆိုးလ်ရှားရဲ့လက်အောက်တွင်အသင်းမှာ အနုတ်လက္ခဏာမပြဘဲ အပေါင်းလက္ခဏာပါပြနေတယ်လို့ယုံကြည်နေပါသေးတယ်။

မန်ယူဘုတ်အဖွဲ့ဝင်များကပရီးမီးယားလိဂ်တွင်သုံးပွဲဆက်ပွဲပျောက်မှုကြောင့်ဆိုးလ်ရှားနှင့် ရေဆွဲထားတဲ့စီမံကိန်းကိုဖျက်ဆီးရန်အစောတလျှင်မဆုံးဖြတ်လိုကြပါဘူး။

ဆိုးလ်ရှားဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းကမော်ရင်ဟိုရဲ့နေရာတွင်ယာယီနည်းပြအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်မတ်လတွင်အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအသင်းမှာတိုးတက်လာမှုများရှိနေရာဆိုးလ်ရှားဟာဇူလိုင်လတုန်းကသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။ယင်းစာချုပ်သစ်ကြောင့်ဆိုးလ်ရှားဟာအိုးထရက်ဖို့ဒ်တွင်၂၀၂၄ခုနှစ်အထိရှိနေပါမယ်။

မန်ယူဟာကင်းပါဝါတွင်လက်စတာကို၄-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့မှုနဲ့အတူပရီးမီးယားလိဂ်အဝေးကွင်း၂၉ပွဲဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းလည်းရပ်တန့်သွားခဲ့ပါတယ်။

ZawGyi

ထုတ္ပယ္ရန္ ပရိသတ္အသံညံေနေပမယ့္ ဆိုးလ္ရွားကို ရာႏႈန္းျပည့္ေထာက္ခံေနဆဲ ဂေလဇာမိသားစု

ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရတဲ့မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာအသင္းရဲ႕ေျခစြမ္းပိုင္းဆက္တိုက္ဆိုး႐ြားေနေပမယ့္လည္းအနာဂတ္ႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာေတြးပူရန္မရွိေၾကာင္းသိရပါတယ္။

မေန႔ညတုန္းကလက္စတာကို၄-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့မႈနဲ႔အတူယူႏိုက္တက္ရဲ႕အိပ္မက္ဆိုးမွာညတာဆက္ရွည္ခဲ့ရပါတယ္။၎တို႔ဟာယင္းရႈံးပြဲေၾကာင့္ထိပ္ဆုံးေလးသင္းစာရင္းမွာဆင္းေပးလိုက္ရၿပီးအမွတ္ေပးဖလားအတြက္စိန္ေခၚႏိုင္ရန္တျဖည္းျဖည္းေဝဝါးလာပါတယ္။

ဒါေပမယ့္ The Athletic ရဲ႕ေဖာ္ျပခ်က္အရမန္ယူခ်က္စတာယူႏိုက္တက္ဘုတ္အဖြဲ႕ဟာအိုလီဂန္းနားဆိုးလ္ရွားအေပၚတြင္အျပည့္အဝယုံၾကည္ေနၾကဆဲျဖစ္ၿပီးရာထူးမွထုတ္ပယ္ရန္လုံးဝမစဥ္းစားေသးေၾကာင္းသိရပါတယ္။

ဒါတင္မကေသးပါဘူး။မန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာဆိုးလ္ရွားရဲ႕လက္ေအာက္တြင္အသင္းမွာ အႏုတ္လကၡဏာမျပဘဲ အေပါင္းလကၡဏာပါျပေနတယ္လို႔ယုံၾကည္ေနပါေသးတယ္။

မန္ယူဘုတ္အဖြဲ႕ဝင္မ်ားကပရီးမီးယားလိဂ္တြင္သုံးပြဲဆက္ပြဲေပ်ာက္မႈေၾကာင့္ဆိုးလ္ရွားႏွင့္ ေရဆြဲထားတဲ့စီမံကိန္းကိုဖ်က္ဆီးရန္အေစာတလွ်င္မဆုံးျဖတ္လိုၾကပါဘူး။

ဆိုးလ္ရွားဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတုန္းကေမာ္ရင္ဟိုရဲ႕ေနရာတြင္ယာယီနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ၿပီးေနာက္မတ္လတြင္အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအသင္းမွာတိုးတက္လာမႈမ်ားရွိေနရာဆိုးလ္ရွားဟာဇူလိုင္လတုန္းကသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းခံခဲ့ရပါတယ္။ယင္းစာခ်ဳပ္သစ္ေၾကာင့္ဆိုးလ္ရွားဟာအိုးထရက္ဖို႔ဒ္တြင္၂၀၂၄ခုႏွစ္အထိရွိေနပါမယ္။

မန္ယူဟာကင္းပါဝါတြင္လက္စတာကို၄-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့မႈနဲ႔အတူပရီးမီးယားလိဂ္အေဝးကြင္း၂၉ပြဲဆက္တိုက္ရႈံးပြဲမရွိမွတ္တမ္းလည္းရပ္တန႔္သြားခဲ့ပါတယ္။