ထုတ်ပယ်လိုက်တဲ့ လိုပီတူဂီရဲ့နေရာတွင် နည်းပြဟောင်းဆမ်ပါအိုလီနှင့် ဆီဗီလာအစားထိုးခန့်အပ်

ဆီဗီလာဟာဗုဒ္ဓဟူးနေ့ညတုန်းကထုတ်ပယ်လိုက်တဲ့နည်းပြဂျူလန်လိုပီတီဂူရဲ့နေရာတွင်နည်းပြဟောင်းဂျော့ဆမ်ပါအိုလီနှင့်အစားထိုးခန့်အပ်လိုက်ပါတယ်။

အာဂျင်တီးနားနည်းပြဟာ၂၀၁၇ခုနှစ်တုန်းကအာဂျင်တီးနားအသင်းကိုကိုင်တွယ်ရန်ဆီဗီလာမှထွက်ခွာသွားခဲ့သူလည်းဖြစ်ပါတယ်။

ဆီဗီလာဟာအာဂျင်တီးနားလူမျိုးနည်းပြကို၂၀၂၄ခုနှစ်အထိစာချုပ်ဖြင့်ခန့်အပ်လိုက်ပါတယ်။

ဆမ်ပါအိုလီဟာဆီဗီလာအသင်းကိုကိုင်တွယ်ခဲ့တဲ့ပထမရာသီတွင်အဆင့်၄နေရာတွင်ရပ်တည်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်အသင်းတာဝန်ရှိသူများနှင့်သဘောထားကွဲလွဲပြီးမာဆေးလ်နည်းပြရာထူးမှထွက်ခွာလာခဲ့သူလည်းဖြစ်ပါတယ်။

ဆမ်ပါအိုလီကိုင်တွယ်ရမယ့်ဆီဗီလာဟာယခုရာသီတွင်ရလဒ်ဆိုးရွားနေပြီးတန်းဆင်းဇုန်နှင့်ရမှတ်တစ်မှတ်အကွာသို့ရောက်နေပါတယ်။

ZawGyi

ထုတ္ပယ္လိုက္တဲ့ လိုပီတူဂီရဲ႕ေနရာတြင္ နည္းျပေဟာင္းဆမ္ပါအိုလီႏွင့္ ဆီဗီလာအစားထိုးခန႔္အပ္

ဆီဗီလာဟာဗုဒၶဟူးေန႔ညတုန္းကထုတ္ပယ္လိုက္တဲ့နည္းျပဂ်ဴလန္လိုပီတီဂူရဲ႕ေနရာတြင္နည္းျပေဟာင္းေဂ်ာ့ဆမ္ပါအိုလီႏွင့္အစားထိုးခန႔္အပ္လိုက္ပါတယ္။

အာဂ်င္တီးနားနည္းျပဟာ၂၀၁၇ခုႏွစ္တုန္းကအာဂ်င္တီးနားအသင္းကိုကိုင္တြယ္ရန္ဆီဗီလာမွထြက္ခြာသြားခဲ့သူလည္းျဖစ္ပါတယ္။

ဆီဗီလာဟာအာဂ်င္တီးနားလူမ်ိဳးနည္းျပကို၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ျဖင့္ခန႔္အပ္လိုက္ပါတယ္။

ဆမ္ပါအိုလီဟာဆီဗီလာအသင္းကိုကိုင္တြယ္ခဲ့တဲ့ပထမရာသီတြင္အဆင့္၄ေနရာတြင္ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္အသင္းတာဝန္ရွိသူမ်ားႏွင့္သေဘာထားကြဲလြဲၿပီးမာေဆးလ္နည္းျပရာထူးမွထြက္ခြာလာခဲ့သူလည္းျဖစ္ပါတယ္။

ဆမ္ပါအိုလီကိုင္တြယ္ရမယ့္ဆီဗီလာဟာယခုရာသီတြင္ရလဒ္ဆိုး႐ြားေနၿပီးတန္းဆင္းဇုန္ႏွင့္ရမွတ္တစ္မွတ္အကြာသို႔ေရာက္ေနပါတယ္။