
ပြင်သစ်စတားသီယိုဟာနန်ဒက်ဇ်ဟာထူးဆန်းတဲ့ဒိုင်လူကြီးစည်းမျဉ်းစည်းကမ်းကြောင့်အင်္ဂလန်နှင့်ပွဲစဉ်တွင်အနီကတ်ပြသခြင်းမခံခဲ့ရဘဲအဝါကတ်သာပြသခြင်းခံခဲ့ရပါတယ်။
ဟာနန်ဒက်ဇ်ဟာဂျူ့ဘယ်လင်ဂမ်ရဲ့ပေးပို့မှုကနေ ဂိုးသွင်းရန်ကြိုးပမ်းတဲ့မေဆင်မောင့်ကိုနောက်မှပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။
ဘရာဇီးဒိုင်လူကြီးဟာအစောပိုင်းတွင်ယင်းဖြစ်ရပ်အတွက်အင်္ဂလန်ဘက်သို့ပင်နယ်တီမပေးခဲ့ပါဘူး။ဒါပေမဲ့သူဟာကွင်းဘေးရှိ VAR Monitor တွင်ပြန်လည်စစ်ဆေးကြည့်ရှုပြီးချိန်တွင်တော့အင်္ဂလန်ဘက်သို့ပင်နယ်တီပေးခဲ့ပါတယ်။
ဘရာဇီးဒိုင်လူကြီးဟာဟာနန်ဒက်ဇ်ကိုအဝါကတ်သာပြခဲ့ပါတယ်။အင်္ဂလန်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်ဟာအေစီမီလန်နောက်ခံလူမှာပြင်သစ်ရဲ့နောက်ဆုံးခံစစ်သမားဖြစ်ရာဂိုးသွင်းဖို့ကြိုးပမ်းတဲ့မေဆင်မောင့်ကိုတားဆီးမှုအတွက်အနီကတ်မပြခြင်းအပေါ်အံ့ဩသင့်ခဲ့ပါတယ်။
ဒါပေမဲ့ယခုအခါပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းပီတာဝယ်တွန်ကမေဆင်မောင့်မှာဘောလုံးမထိသေးမှုနှင့်အတူဟာနန်ဒက်ဇ်မှာအဝါကတ်သာပြသခြင်းခံရခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။
၎င်းက “ဂိုးသွင်းနိုင်မဲ့အခွင့်အရေးငြင်းပယ်ခံရတယ်ဆိုတော့မေးခွန်းထုတ်စရာပါ။ဒါပေမဲ့ကံဆိုးတာကတော့အင်္ဂလန်ကစားသမားကဘောလုံးမထိရသေးပါဘူး။ဒီတော့ဒါကဂိုးသွင်းနိုင်တဲ့အခွင့်အရေးကိုငြင်းပယ်မှုမဖြစ်လာပါဘူး”လို့ပြောကြားသွားပါတယ်။
ယင်းပွဲတွင်ပင်နယ်တီဖြင့်ချေပဂိုးတစ်ကြိမ်သွင်းထားပြီးဖြစ်တဲ့ဟယ်ရီကိန်းဟာယင်းဒုတိယမြောက်ပင်နယ်တီကန်ရာမှာအပေါ်ထောင်သွားမှုနဲ့အတူ အင်္ဂလန်တို့ဒုတိယချေပဂိုးမရခဲ့ဘဲ၂-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ဆမ်ပါအိုဟာအဆိုပါပွဲစဉ်တွင်ပြင်သစ်ကိုဘက်လိုက်ဆုံးဖြတ်မှုများနှင့်အတူ ပရိသတ်များရဲ့ဝေဖန်ခြင်းခံနေရပါတယ်။ပရိသတ်အချို့တို့ဟာဆမ်ပါအိုရဲ့Wikipedia စာမျက်နှာတွင်ဟာသနှောကာအပြောင်အပျက်ရေးသားမှုများပြုလုပ်နေကြပါတယ်။
ZawGyi
ထူးဆန္းတဲ့စည္းမ်ဥ္းေၾကာင့္ အဂၤလန္ႏွင့္ပြဲတြင္ သီယိုဟာနန္ဒက္ဇ္ အနီကတ္ျပသျခင္းမခံခဲ့ရျခင္းျဖစ္
ျပင္သစ္စတားသီယိုဟာနန္ဒက္ဇ္ဟာထူးဆန္းတဲ့ဒိုင္လူႀကီးစည္းမ်ဥ္းစည္းကမ္းေၾကာင့္အဂၤလန္ႏွင့္ပြဲစဥ္တြင္အနီကတ္ျပသျခင္းမခံခဲ့ရဘဲအဝါကတ္သာျပသျခင္းခံခဲ့ရပါတယ္။
ဟာနန္ဒက္ဇ္ဟာဂ်ဴ႕ဘယ္လင္ဂမ္ရဲ႕ေပးပို႔မႈကေန ဂိုးသြင္းရန္ႀကိဳးပမ္းတဲ့ေမဆင္ေမာင့္ကိုေနာက္မွျပစ္ဒဏ္က်ဴးလြန္ခဲ့ပါတယ္။
ဘရာဇီးဒိုင္လူႀကီးဟာအေစာပိုင္းတြင္ယင္းျဖစ္ရပ္အတြက္အဂၤလန္ဘက္သို႔ပင္နယ္တီမေပးခဲ့ပါဘူး။ဒါေပမဲ့သူဟာကြင္းေဘးရွိ VAR Monitor တြင္ျပန္လည္စစ္ေဆးၾကည့္ရႈၿပီးခ်ိန္တြင္ေတာ့အဂၤလန္ဘက္သို႔ပင္နယ္တီေပးခဲ့ပါတယ္။
ဘရာဇီးဒိုင္လူႀကီးဟာဟာနန္ဒက္ဇ္ကိုအဝါကတ္သာျပခဲ့ပါတယ္။အဂၤလန္ကြင္းလယ္ကစားသမားဂ်ဴ႕ဘယ္လင္ဂမ္ဟာေအစီမီလန္ေနာက္ခံလူမွာျပင္သစ္ရဲ႕ေနာက္ဆုံးခံစစ္သမားျဖစ္ရာဂိုးသြင္းဖို႔ႀကိဳးပမ္းတဲ့ေမဆင္ေမာင့္ကိုတားဆီးမႈအတြက္အနီကတ္မျပျခင္းအေပၚအံ့ဩသင့္ခဲ့ပါတယ္။
ဒါေပမဲ့ယခုအခါပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္းပီတာဝယ္တြန္ကေမဆင္ေမာင့္မွာေဘာလုံးမထိေသးမႈႏွင့္အတူဟာနန္ဒက္ဇ္မွာအဝါကတ္သာျပသျခင္းခံရျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။
၎က “ဂိုးသြင္းႏိုင္မဲ့အခြင့္အေရးျငင္းပယ္ခံရတယ္ဆိုေတာ့ေမးခြန္းထုတ္စရာပါ။ဒါေပမဲ့ကံဆိုးတာကေတာ့အဂၤလန္ကစားသမားကေဘာလုံးမထိရေသးပါဘူး။ဒီေတာ့ဒါကဂိုးသြင္းႏိုင္တဲ့အခြင့္အေရးကိုျငင္းပယ္မႈမျဖစ္လာပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ယင္းပြဲတြင္ပင္နယ္တီျဖင့္ေခ်ပဂိုးတစ္ႀကိမ္သြင္းထားၿပီးျဖစ္တဲ့ဟယ္ရီကိန္းဟာယင္းဒုတိယေျမာက္ပင္နယ္တီကန္ရာမွာအေပၚေထာင္သြားမႈနဲ႔အတူ အဂၤလန္တို႔ဒုတိယေခ်ပဂိုးမရခဲ့ဘဲ၂-၁ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။
ဆမ္ပါအိုဟာအဆိုပါပြဲစဥ္တြင္ျပင္သစ္ကိုဘက္လိုက္ဆုံးျဖတ္မႈမ်ားႏွင့္အတူ ပရိသတ္မ်ားရဲ႕ေဝဖန္ျခင္းခံေနရပါတယ္။ပရိသတ္အခ်ိဳ႕တို႔ဟာဆမ္ပါအိုရဲ႕Wikipedia စာမ်က္ႏွာတြင္ဟာသေႏွာကာအေျပာင္အပ်က္ေရးသားမႈမ်ားျပဳလုပ္ေနၾကပါတယ္။