ထောင်ကျခံရမဲ့အရေးနှင့်ကြုံရပြီးနောက် အကြောင်းပြချက်ပေးလာတဲ့ နယူးကာဆယ်ရဲ့ပေါင် ၄၅သန်းတန်စတား

နယူးကာဆယ်ရဲ့ပေါင်၄၅သန်းတန်တိုက်စစ်သမားအန်တိုနီဂေါ်ဒွန်ဟာယာဉ်မောင်းခွင့်ပိတ်ပင်ခံထားရစဉ်အတွင်းယာဉ်မောင်းနှင်မှုကြောင့်ထောင်ကျခံရမဲ့အရေးနှင့်ရင်ဆိုင်ရပြီးနောက် ယာဉ်မောင်းခွင့်ပိတ်ပင်ခံထားရမှုကိုမသိကြောင်းအကြောင်းပြချက်ပေးလာပါတယ်။

ပရီးမီးယားလိဂ်စတားဟာယာဉ်မောင်းခွင့်ပိတ်ပင်ခြင်းခံရပြီး၂ရက်အကြာတွင်ယာဉ်မောင်းနှင်နေကြောင်းတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။

အင်္ဂလန်တွင်ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ခံထားရစဉ်ယာဉ်မောင်းနှင်ပါကထောင်ဒဏ်၆လအထိချမှတ်နိုင်ပါတယ်။

အသက်၂၁နှစ်ရှိဂေါ်ဒွန်ဟာပြီးခဲ့တဲ့အပတ်တနင်္လာနေ့တုန်းကယာဉ်မောင်းခွင့်၆လပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့သူဟာဂိတ်ဟတ်တွင်သူ့ရဲ့ပေါင်၁၀၀၀၀၀တန် အနက်ရောင် Mercedes G-Wagon ကိုမောင်းနှင်နေခဲ့တာတွေ့ရပါတယ်။

ZawGyi

ေထာင္က်ခံရမဲ့အေရးႏွင့္ႀကဳံရၿပီးေနာက္ အေၾကာင္းျပခ်က္ေပးလာတဲ့ နယူးကာဆယ္ရဲ႕ေပါင္ ၄၅သန္းတန္စတား

နယူးကာဆယ္ရဲ႕ေပါင္၄၅သန္းတန္တိုက္စစ္သမားအန္တိုနီေဂၚဒြန္ဟာယာဥ္ေမာင္းခြင့္ပိတ္ပင္ခံထားရစဥ္အတြင္းယာဥ္ေမာင္းႏွင္မႈေၾကာင့္ေထာင္က်ခံရမဲ့အေရးႏွင့္ရင္ဆိုင္ရၿပီးေနာက္ ယာဥ္ေမာင္းခြင့္ပိတ္ပင္ခံထားရမႈကိုမသိေၾကာင္းအေၾကာင္းျပခ်က္ေပးလာပါတယ္။

ပရီးမီးယားလိဂ္စတားဟာယာဥ္ေမာင္းခြင့္ပိတ္ပင္ျခင္းခံရၿပီး၂ရက္အၾကာတြင္ယာဥ္ေမာင္းႏွင္ေနေၾကာင္းေတြ႕ရွိခဲ့ရတာလည္းျဖစ္ပါတယ္။

အဂၤလန္တြင္ယာဥ္ေမာင္းႏွင္ခြင့္ပိတ္ပင္ခံထားရစဥ္ယာဥ္ေမာင္းႏွင္ပါကေထာင္ဒဏ္၆လအထိခ်မွတ္ႏိုင္ပါတယ္။

အသက္၂၁ႏွစ္ရွိေဂၚဒြန္ဟာၿပီးခဲ့တဲ့အပတ္တနလၤာေန႔တုန္းကယာဥ္ေမာင္းခြင့္၆လပိတ္ပင္ျခင္းခံခဲ့ရပါတယ္။ဒါေပမဲ့သူဟာဂိတ္ဟတ္တြင္သူ႔ရဲ႕ေပါင္၁၀၀၀၀၀တန္ အနက္ေရာင္ Mercedes G-Wagon ကိုေမာင္းႏွင္ေနခဲ့တာေတြ႕ရပါတယ္။