ထွက်ခွာပြီး ၅ လခန့်အကြာမှာဘဲ ဘာစီလိုနာသို့ ပြန်လာဖို့ ရှိနေတဲ့ အူဘာမီယန်

ပီယာရီအီမီရစ်ခ်အူဘာမီယန်ဟာဘာစီလိုနာမှထွက်ခွာပြီးငါးလခန့်အကြာမှာဘဲဘာစီလိုနာသို့ပြန်လာဖို့ရှိနေပါတယ်။

စပိန်သတင်းစာ Jijantes FC ကကတ်တလန်အခြေစိုက်ကလပ်ဟာချဲလ်ဆီးတွင်အရှုံးသမားအဖြစ်ကြုံတွေ့နေရတဲ့အူဘာမီယန်ကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက်လုပ်ခကန့်သတ်မှုရှိ/မရှိလာလီဂါကိုမေးမြန်းထားပါတယ်။

အသက်၃၃နှစ်ရှိအူဘာမီယန်ဟာနွေရာသီတုန်ကမှဘာစီလိုနာမှချဲလ်ဆီးသို့ပြောင်းရွှေ့ကြေးပေါင်၁၀သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

သူဟာချဲလ်ဆီးအတွက်တစ်ပွဲဂိုးတည်းသာသွင်းထားနိုင်ပြီးနည်းပြဂရေဟမ်ပေါ်တာလက်အောက်တွင်အရန်ခုံမှာသာအများစုထိုင်နေခဲ့ရပါတယ်။

သူ့ကိုအက်သလက်တီကိုကခေါ်ယူလိုပေမဲ့ဖီဖာရဲ့စည်းမျဉ်းအရတစ်ရာသီတည်းတွင်ကလပ်နှစ်ခုအတွက်သာကစားနိုင်ရန်ပြောင်းရွှေ့နိုင်မှာမဟုတ်ပါဘူး။

သူ့အနေဖြင့်ကွဲပြားတဲ့ဘောလုံးရာသီရှိတဲ့အမေရိကန်မေဂျာလိဂ်သို့သာပြောင်းကစားနိုင်ပါမယ်။

ဘာစီလိုနာနည်းပြအူဘာမီယန်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တိုက်စစ်ကိုအားဖြည့်လိုနေပြီးအူဘာမီယန်ကိုခေါ်ယူနိုင်ရေးအတွက်ဖရန့်ကက်ဆီနှင့်ဒီပေးတို့ကိုရောင်းချရန်လုပ်ဆောင်နေပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းအူဘာမီယန်ဟာဘာစီလိုနာတွင်ကစားခဲ့တဲ့၇လအတွင်းတွင်၂၃ပွဲကစားခဲ့ရာမှာ၁၃ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi








