ဒက်လန်းရိုက်စ်ကို ပေါင်သန်း ၁၀၀ ကျော်ဖြင့် ကမ်းလှမ်းလာမှသာ ဝက်စ်ဟမ်း ရောင်းမည်

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ကဒက်လန်းရိုက်စ်အားလက်လွှတ်ရန်အတွက်အနည်းဆုံးပေါင်သန်း၁၀၀ဖြင့်ကမ်းလှမ်းလာရမည်ဖြစ်ကြောင်းသတိပေးပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ်အားဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ဖြင့်ခေါ်ယူခဲ့ပါတယ်။ဒေးဗစ်မိုယက်စ်ဟာရိုက်စ်မှာယင်းပမာဏထက်များပြားတဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်သူလို့ယုံကြည်နေပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲတွင်အင်္ဂလန်အတွက်ဗိုလ်လုပွဲအထိပွဲတိုင်းပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ဒက််လန်းရိုက်စ်ကိုမန်ယူနှင့်ချဲလ်ဆီးတို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဒေးဗစ်မိုယက်စ်က “ပေါင်သန်း၁၀၀တန်ပေးနိုင်တယ်ဆိုတာသက်သေပြပြီးပါပြီ။အသင်းတွေကပေးနိုင်ပါတယ်။ကျွန်တော်ကတော့ရောင်းရမယ်ဆိုရင်တော့ယင်းထက်ကြေးတင်သွားပါမယ်။အနာဂတ်မှာကစားသမားကောင်းတွေဟာပေါင်သန်း၁၀၀အထက်တန်ကြေးရှိလာပါလိမ့်မယ်။ကစားသမားတွေရဲ့ဈေးနှုန်းဆက်ပြီးတော့မြင့်တက်လာပါမယ်”လို့ပြောကြားသွားပါတယ်။

ဝက်စ်ဟမ်းဟာတနင်္ဂနွေနေ့မှာပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်နယူးကာဆယ်အားအဝေးကွင်းသို့သွားရောက်ကစားရပါမယ်။

ZawGyi

ဒက္လန္း႐ိုက္စ္ကို ေပါင္သန္း ၁၀၀ ေက်ာ္ျဖင့္ ကမ္းလွမ္းလာမွသာ ဝက္စ္ဟမ္း ေရာင္းမည္

ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ကဒက္လန္း႐ိုက္စ္အားလက္လႊတ္ရန္အတြက္အနည္းဆုံးေပါင္သန္း၁၀၀ျဖင့္ကမ္းလွမ္းလာရမည္ျဖစ္ေၾကာင္းသတိေပးေျပာၾကားလိုက္ပါတယ္။

မန္စီးတီးဟာဗီလာအသင္းေခါင္းေဆာင္ဂ်က္ဂရဲလ္လစ္ရွ္အားၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ျဖင့္ေခၚယူခဲ့ပါတယ္။ေဒးဗစ္မိုယက္စ္ဟာ႐ိုက္စ္မွာယင္းပမာဏထက္မ်ားျပားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ထိုက္တန္သူလို႔ယုံၾကည္ေနပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အဂၤလန္အတြက္ဗိုလ္လုပြဲအထိပြဲတိုင္းပြဲထြက္ကစားခြင့္ရရွိခဲ့တဲ့ဒက္္လန္း႐ိုက္စ္ကိုမန္ယူႏွင့္ခ်ဲလ္ဆီးတို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ေဒးဗစ္မိုယက္စ္က “ေပါင္သန္း၁၀၀တန္ေပးႏိုင္တယ္ဆိုတာသက္ေသျပၿပီးပါၿပီ။အသင္းေတြကေပးႏိုင္ပါတယ္။ကြၽန္ေတာ္ကေတာ့ေရာင္းရမယ္ဆိုရင္ေတာ့ယင္းထက္ေၾကးတင္သြားပါမယ္။အနာဂတ္မွာကစားသမားေကာင္းေတြဟာေပါင္သန္း၁၀၀အထက္တန္ေၾကးရွိလာပါလိမ့္မယ္။ကစားသမားေတြရဲ႕ေဈးႏႈန္းဆက္ၿပီးေတာ့ျမင့္တက္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဝက္စ္ဟမ္းဟာတနဂၤေႏြေန႔မွာပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္နယူးကာဆယ္အားအေဝးကြင္းသို႔သြားေရာက္ကစားရပါမယ္။