ဒက်လန်းရိုက်စ်အား ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရန် မန်ယူနှင့်အပြိုင်ကြိုးပမ်းမယ့် မန်စီးတီး

မန်စီးတီးဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဒက်လန်းရိုက်စ်အားခေါ်ယူနိုင်ရေးအတွက်မန်ယူနှင့်အပြိုင်ကြိုးပမ်းသွားမှာဖြစ်ကြောင်းသိရပါတယ်။

မန်ယူဟာလာမယ့်၂၀၂၂ခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာနံပါတ်တစ်ပစ်မှတ်အဖြစ်ဒက်လန်းရိုက်စ်ကိုခေါ်ယူရန်စီစဉ်ထားပါတယ်။ဝက်စ်ဟမ်းဟာသူတို့ရဲ့အဓိကကစားသမားအတွက်ပေါင်သန်း၁၀၀အထိရရှိနေလိုနေပါတယ်။

ဒါပေမယ့်မန်ယူက၎င်းတို့ဟာအင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားအားခေါ်ယူရန်မန်စီးတီးထက်အခွင့်အရေးပိုများနေတယ်လို့ယုံကြည်နေပါတယ်။

မန်ယူဟာဒက်လန်းရိုက်စ်ကိုဝက်စ်ဟမ်းပထမအသင်းသို့ထိုးဖောက်ဝင်ရောက်လာကတည်းကစောင့်ကြည့်လာခဲ့တာဖြစ်ပါတယ်။

တစ်ဖက်တွင်မန်စီးတီးဟာလည်းယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်အသင်းခေါင်းဆောင်ဖာနန်ဒင်ဟိုရဲ့နေရာမှာအစားထိုးရန်အတွက်ဒက်လန်းရိုက်စ်ကိုပစ်မှတ်ထားနေပါတယ်။

နွေရာသီတုန်းကတစ်နှစ်စာချုပ်သက်တမ်းတိုးထားတဲ့ဘရာဇီးကွင်းလယ်လူဟာလာမယ့်နှစ်မှာအသက်၃၇နှစ်ရှိလာမည်ဖြစ်ရာမန်စီးတီးမှာဆက်ရှိနေဖို့မရှိတော့ပါဘူး။

ZawGyi






