ဒဏ်ရာကို ခွဲစိတ်ကုသမှုမပြုလုပ်လျှင် ကစားသမားဘဝအဆုံးသတ်ရတော့မယ့် အမျိုးသမီးဘောလုံးသမားကို လိုအပ်ငွေများ လှူဒါန်းခဲ့တဲ့ ဂယ်ရီလိုင်နီကာ

အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာဟာဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် ခွဲစိတ်ကုသရန်ငွေကြေးအခက်အခဲရှိနေကာကစားသမားဘဝအဆုံးသတ်ရမယ့်အရေးနှင့်ရင်ဆိုင်နေရတဲ့ ဒွန်ကက်စတာရိုဗာဘယ်လက်စ်မှကစားသမားဆိုဖီစကာဂဲလ်အား ခွဲစိတ်ကုသရန်လိုအပ်နေတဲ့ပေါင်၃၀၀၀ကိုလှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

စကာဂဲလ်ဟာစက်တင်ဘာလတုန်းကလေ့ကျင့်ခန်းပြုလုပ်စဉ်ဒူးအရွတ်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

သူမကစားနေတဲ့ကလပ်မှာလိဂ် ၁ မှဒွန်ကက်စတာရိုဗာပိုင် အမျိုးသမီးအသင်းဖြစ်ပြီးစတုတ္ထတန်းတွင်ကစားနေတဲ့အမျိုးသမီးအပျော်တမ်းအသင်းမျှသာဖြစ်ပါတယ်။ဒါကြောင့်၎င်းတို့ဟာအသင်းခေါင်းဆောင်ရဲ့ဒူးအရွတ်ဒဏ်ရာကိုဆေးကုသဖို့အတွက်ငွေကြေးတတ်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်သူမဟာကစားသမားဘဝအဆုံးသတ်ရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်သူမဟာ ခွဲစိတ်ကုသမှုလိုအပ်နေတဲ့ ပေါင်၅၀၀၀ရရှိရေးအတွက် Just Giving စာမျက်နှာကနေအကူအညီတောင်းခဲ့ပါတယ်။အသက်၂၆နှစ်ရှိသူမရဲ့ဆေးကုသမှုစရိတ်အတွက်ဒွန်ကက်စတာကစားသမားများဖြစ်ကြတဲ့ဂျိမ်းစ်ကိုပင်ဂါ၊ဘင်ဝှိုက်မင်း၊မတ်တီဘလဲတို့ကပေါင်၂၁၂၈ကိုလှူဒါန်းခဲ့ပါတယ်။ယင်းနောက်အထက်ပါသတင်းကို အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကသိရှိသွားပြီးနောက်ကျန်လိုအပ်နေတဲ့ပေါင်၃၀၀၀ကိုလှူဒါန်းကိုအမြန်ဆုံးခွဲစိတ်ကုသနိုင်အောင်လုပ်ပေးလိုက်ပါတယ်။

စကာဂဲလ်က “ကျွန်မမှာအာမခံရှိတယ်လို့ပြောပါတယ်။ဒါပေမယ့်အဲဒါကပေါင်၂၅၀ဘဲရပါမယ်။ MRI စကင်ဖတ်တာတင် ပေါင်၃၅၀ ဆိုတော့စကင်ဖတ်လို့တောင်မရပါဘူး။(NHS)အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကလည်းကျွန်တော့်စိတ်ကျန်းမာရေးအခြေအနေကအောက်ဆုံးရောက်နေတယ်ဆိုပြီးခွဲစိတ်ဖို့၂နှစ်စောင့်ဖိုပြောပါတယ်။ဆရာဝန်ကအချိန်ကြာသွားရင်ဘောလုံးဘယ်တော့မှကစားနိုင်တော့မှာမဟုတ်ဘူးလို့ပြောပါတယ်။လူတွေက Crownfunding ကနေအကူအညီတောင်းဖို့ပြောလာပါတယ်။အဲဒီလိုလုပ်ရင်ငွေချေးစရာလည်းမလိုတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

သူမဟာဂယ်ရီလိုင်နီကာထံမှပေါင်၃၀၀၀လှူဒါန်းခြင်းခံရပြီးနောက်နောက်ထပ်ပေါင်၂၅၀၀ကျော်ပါထပ်မံအလှူငွေရရှိခဲ့ပါတယ်။

ZawGyi

ဒဏ္ရာကို ခြဲစိတ္ကုသမႈမျပဳလုပ္လွ်င္ ကစားသမားဘဝအဆုံးသတ္ရေတာ့မယ့္ အမ်ိဳးသမီးေဘာလုံးသမားကို လိုအပ္ေငြမ်ား လႉဒါန္းခဲ့တဲ့ ဂယ္ရီလိုင္နီကာ

အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဂယ္ရီလိုင္နီကာဟာဒဏ္ရာျပင္းထန္စြာရရွိၿပီးေနာက္ ခြဲစိတ္ကုသရန္ေငြေၾကးအခက္အခဲရွိေနကာကစားသမားဘဝအဆုံးသတ္ရမယ့္အေရးႏွင့္ရင္ဆိုင္ေနရတဲ့ ဒြန္ကက္စတာ႐ိုဗာဘယ္လက္စ္မွကစားသမားဆိုဖီစကာဂဲလ္အား ခြဲစိတ္ကုသရန္လိုအပ္ေနတဲ့ေပါင္၃၀၀၀ကိုလႉဒါန္းမႈျပဳလုပ္ခဲ့ပါတယ္။

စကာဂဲလ္ဟာစက္တင္ဘာလတုန္းကေလ့က်င့္ခန္းျပဳလုပ္စဥ္ဒူးအ႐ြတ္ဒဏ္ရာျပင္းထန္စြာရရွိခဲ့ပါတယ္။

သူမကစားေနတဲ့ကလပ္မွာလိဂ္ ၁ မွဒြန္ကက္စတာ႐ိုဗာပိုင္ အမ်ိဳးသမီးအသင္းျဖစ္ၿပီးစတုတၳတန္းတြင္ကစားေနတဲ့အမ်ိဳးသမီးအေပ်ာ္တမ္းအသင္းမွ်သာျဖစ္ပါတယ္။ဒါေၾကာင့္၎တို႔ဟာအသင္းေခါင္းေဆာင္ရဲ႕ဒူးအ႐ြတ္ဒဏ္ရာကိုေဆးကုသဖို႔အတြက္ေငြေၾကးတတ္ႏိုင္ျခင္းမရွိပါဘူး။ဒါေၾကာင့္သူမဟာကစားသမားဘဝအဆုံးသတ္ရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။

ဒါေၾကာင့္သူမဟာ ခြဲစိတ္ကုသမႈလိုအပ္ေနတဲ့ ေပါင္၅၀၀၀ရရွိေရးအတြက္ Just Giving စာမ်က္ႏွာကေနအကူအညီေတာင္းခဲ့ပါတယ္။အသက္၂၆ႏွစ္ရွိသူမရဲ႕ေဆးကုသမႈစရိတ္အတြက္ဒြန္ကက္စတာကစားသမားမ်ားျဖစ္ၾကတဲ့ဂ်ိမ္းစ္ကိုပင္ဂါ၊ဘင္ဝႈိက္မင္း၊မတ္တီဘလဲတို႔ကေပါင္၂၁၂၈ကိုလႉဒါန္းခဲ့ပါတယ္။ယင္းေနာက္အထက္ပါသတင္းကို အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဂယ္ရီလိုင္နီကသိရွိသြားၿပီးေနာက္က်န္လိုအပ္ေနတဲ့ေပါင္၃၀၀၀ကိုလႉဒါန္းကိုအျမန္ဆုံးခြဲစိတ္ကုသႏိုင္ေအာင္လုပ္ေပးလိုက္ပါတယ္။

စကာဂဲလ္က “ကြၽန္မမွာအာမခံရွိတယ္လို႔ေျပာပါတယ္။ဒါေပမယ့္အဲဒါကေပါင္၂၅၀ဘဲရပါမယ္။ MRI စကင္ဖတ္တာတင္ ေပါင္၃၅၀ ဆိုေတာ့စကင္ဖတ္လို႔ေတာင္မရပါဘူး။(NHS)အမ်ိဳးသားက်န္းမာေရးဝန္ေဆာင္မႈကလည္းကြၽန္ေတာ့္စိတ္က်န္းမာေရးအေျခအေနကေအာက္ဆုံးေရာက္ေနတယ္ဆိုၿပီးခြဲစိတ္ဖို႔၂ႏွစ္ေစာင့္ဖိုေျပာပါတယ္။ဆရာဝန္ကအခ်ိန္ၾကာသြားရင္ေဘာလုံးဘယ္ေတာ့မွကစားႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ေျပာပါတယ္။လူေတြက Crownfunding ကေနအကူအညီေတာင္းဖို႔ေျပာလာပါတယ္။အဲဒီလိုလုပ္ရင္ေငြေခ်းစရာလည္းမလိုေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

သူမဟာဂယ္ရီလိုင္နီကာထံမွေပါင္၃၀၀၀လႉဒါန္းျခင္းခံရၿပီးေနာက္ေနာက္ထပ္ေပါင္၂၅၀၀ေက်ာ္ပါထပ္မံအလႉေငြရရွိခဲ့ပါတယ္။