ဒဏ်ရာကြောင့် ကစားသမားဘဝမှအနားယူခဲ့ရတဲ့ရှက်ဖီးလ်ယူနိုက်တက်ကစားသမားဟောင်း ထီပေါင်၁သန်းပေါက်

ဒဏ်ရာပြဿနာကြောင့်ဘောလုံးကစားသမားဘဝမှစောစောစီးစီးနားခဲ့ရတဲ့ ဘောလုံးကစားသမားဟောင်းတစ်ဦးဟာထီပေါင်၁သန်းပေါက်သွားခဲ့ပါတယ်။

တယ်ရီကန်နေဒီဟာရှက်ဖီးလ်ယူနိုက်တက်အတွက်၂၄ပွဲကစားခဲ့သူဖြစ်ပြီးမန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားနှင့်လူငယ်ကစားသမားဘဝကိုအတူကျော်ဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမြောက်ပိုင်းနေရှင်နယ်လိဂ်အသင်းများဖြစ်တဲ့အယ်ဖရီတွန်တောင်းနှင့်ဟာရိုဂိတ်တောင်းတို့တွင်လည်းကစားခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်စိတ်မကောင်းစရာဖြစ်တာကတော့ ဂျင်ဂျာဂျွတ်တယ်ရီလို့ အမည်ပြောင်ရရှိထားတဲ့တယ်ရီကန်နေဒီဟာဒူးဒဏ်ရာပြဿနာကြောင့်ကစားသမားဘဝမှစောစောစီးစီးအနားယူခဲ့ရပါတယ်။

ဒါပေမယ့်ယခုအပတ်မှာတော့ကန်နေဒီရဲ့ဘဝအပြောင်းအလဲဖြစ်လာခဲ့ပြီဖြစ်ပါတယ်။သူဟာထီပေါင်၁သန်းပေါက်သွားခဲ့ပါတယ်။

သူဟာအလုပ်လုပ်နေစဉ်ထီပေါင်၁သန်းပေါက်ကြောင်းထီဝန်ထမ်းတစ်ဦးရဲ့ဖုန်းဆက်အကြောင်းကြားမှုခံခဲ့ရတာဖြစ်ပါတယ်။သူဟာမယုံကြည်နိုင်စရာကောင်းလောက်အောင်ပျော်နေပုံကိုလူဖော်ကိုင်ဖက်တစ်ဦးကဓာတ်ပုံရိုက်ကူးပြီးအွန်လိုင်းမှတင်ခဲ့ပါတယ်။

ယင်းဗီဒီယိုဖိုင်ကိုလူ၂သန်းအထိဝင်ရောက်ကြည့်ခဲ့ကြပြီးတယ်ရီကန်နေဒီရဲ့အပျော်ကူးစက်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ဒဏ္ရာေၾကာင့္ ကစားသမားဘဝမွအနားယူခဲ့ရတဲ့ရွက္ဖီးလ္ယူႏိုက္တက္ကစားသမားေဟာင္း ထီေပါင္၁သန္းေပါက္

ဒဏ္ရာျပႆနာေၾကာင့္ေဘာလုံးကစားသမားဘဝမွေစာေစာစီးစီးနားခဲ့ရတဲ့ ေဘာလုံးကစားသမားေဟာင္းတစ္ဦးဟာထီေပါင္၁သန္းေပါက္သြားခဲ့ပါတယ္။

တယ္ရီကန္ေနဒီဟာရွက္ဖီးလ္ယူႏိုက္တက္အတြက္၂၄ပြဲကစားခဲ့သူျဖစ္ၿပီးမန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္လူငယ္ကစားသမားဘဝကိုအတူေက်ာ္ျဖတ္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေျမာက္ပိုင္းေနရွင္နယ္လိဂ္အသင္းမ်ားျဖစ္တဲ့အယ္ဖရီတြန္ေတာင္းႏွင့္ဟာ႐ိုဂိတ္ေတာင္းတို႔တြင္လည္းကစားခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္စိတ္မေကာင္းစရာျဖစ္တာကေတာ့ ဂ်င္ဂ်ာဂြၽတ္တယ္ရီလို႔ အမည္ေျပာင္ရရွိထားတဲ့တယ္ရီကန္ေနဒီဟာဒူးဒဏ္ရာျပႆနာေၾကာင့္ကစားသမားဘဝမွေစာေစာစီးစီးအနားယူခဲ့ရပါတယ္။

ဒါေပမယ့္ယခုအပတ္မွာေတာ့ကန္ေနဒီရဲ႕ဘဝအေျပာင္းအလဲျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။သူဟာထီေပါင္၁သန္းေပါက္သြားခဲ့ပါတယ္။

သူဟာအလုပ္လုပ္ေနစဥ္ထီေပါင္၁သန္းေပါက္ေၾကာင္းထီဝန္ထမ္းတစ္ဦးရဲ႕ဖုန္းဆက္အေၾကာင္းၾကားမႈခံခဲ့ရတာျဖစ္ပါတယ္။သူဟာမယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ေပ်ာ္ေနပုံကိုလူေဖာ္ကိုင္ဖက္တစ္ဦးကဓာတ္ပုံ႐ိုက္ကူးၿပီးအြန္လိုင္းမွတင္ခဲ့ပါတယ္။

ယင္းဗီဒီယိုဖိုင္ကိုလူ၂သန္းအထိဝင္ေရာက္ၾကည့္ခဲ့ၾကၿပီးတယ္ရီကန္ေနဒီရဲ႕အေပ်ာ္ကူးစက္ျခင္းခံခဲ့ရပါတယ္။