ဒဏ်ရာကြောင့် ကာလရှည်နားရမယ့် အီဘရာဟီမိုဗစ်ကို တစ်နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်တဲ့ မီလန်

ဇလာတန်အီဘရာဟီမိုဗစ်ဟာအေစီမီလန်နှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်မှုနဲ့အတူအသက်၄၁နှစ်ကျော်အထိအေစီမီလန်တွင်ကစားနိုင်တော့မှာဖြစ်ပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာလာမယ့်အောက်တိုဘာလတွင်အသက်၄၁နှစ်ပြည့်မယ့်သူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအေစီမီလန်ကိုစီးရီးအေချန်ပီယံဖြစ်အောင် စီးရီးအေဂိုး၈ဂိုးသွင်းယူကာကူညီခဲ့သူဖြစ်ပါတယ်။

သူဟာမေလတုန်းကဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသူဖြစ်ပြီးရှစ်လအထိအနားယူရဖို့ရှိပါတယ်။

ဒါပေမဲ့အေစီမီလန်ဟာ၁၁နှစ်အတွင်းပထမဆုံးစီးရီးအေဖလားဆွတ်ခူးနိုင်အောင်ကူညီခဲ့တဲ့အီဘရာဟီမိုဗစ်ကိုတစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာယခုနှစ်စီးရီးအေဖလားမတိုင်မီ အေစီမီလန်အသင်း နောက်ဆုံးစီးရီးအေဖလားရရှိစဉ်တုန်းကလည်းအဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။ထိုစဉ်တုန်းကသူဟာဘာစီလိုနာမှအငှားဖြင့်ရောက်လာပြီးနောက် ၂၉ပွဲကစားကာ၁၄ဂိုးသွင်းပြီးစီးရီးအေဖလားရအောင်ကူညီခဲ့ပါတယ်။

ယင်းနောက်သူဟာအေစီမီလန်သို့အပြီးသတ်ပြောင်းခဲ့ပေမဲ့၂၀၁၂ခုနှစ်တွင်ပီအက်စ်ဂျီသို့ပြောင်းသွားခဲ့ပါတယ်။

ဆွီဒင်အတွက်၁၂၁ပွဲကစားကာ၆၂ဂိုးသွင်းယူထားတဲ့ဇလာတန်အီဘရာဟီမိုဗစ်ဟာဥရောပထိပ်သီးလိဂ်တွင်ကစားနေတဲ့တစ်ဦးတည်းသောအသက်၄၀ကျော်အရွယ်ကစားသမားမဟုတ်ပါဘူး။ဇူလိုင်လ၂၁ရက်နေ့တွင်အသက်၄၁နှစ်ပြည့်မယ့်ဘက်တစ်အသင်းခေါင်းဆောင်ဂျိုအာကွင်းဟာလည်းဘက်တစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးထားပါတယ်။

ZawGyi

ဒဏ္ရာေၾကာင့္ ကာလရွည္နားရမယ့္ အီဘရာဟီမိုဗစ္ကို တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုး ခ်ဳပ္ဆိုလိုက္တဲ့ မီလန္

ဇလာတန္အီဘရာဟီမိုဗစ္ဟာေအစီမီလန္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္မႈနဲ႔အတူအသက္၄၁ႏွစ္ေက်ာ္အထိေအစီမီလန္တြင္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဆြီဒင္တိုက္စစ္မႉးဟာလာမယ့္ေအာက္တိုဘာလတြင္အသက္၄၁ႏွစ္ျပည့္မယ့္သူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေအစီမီလန္ကိုစီးရီးေအခ်န္ပီယံျဖစ္ေအာင္ စီးရီးေအဂိုး၈ဂိုးသြင္းယူကာကူညီခဲ့သူျဖစ္ပါတယ္။

သူဟာေမလတုန္းကဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရသူျဖစ္ၿပီးရွစ္လအထိအနားယူရဖို႔ရွိပါတယ္။

ဒါေပမဲ့ေအစီမီလန္ဟာ၁၁ႏွစ္အတြင္းပထမဆုံးစီးရီးေအဖလားဆြတ္ခူးႏိုင္ေအာင္ကူညီခဲ့တဲ့အီဘရာဟီမိုဗစ္ကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ဟာယခုႏွစ္စီးရီးေအဖလားမတိုင္မီ ေအစီမီလန္အသင္း ေနာက္ဆုံးစီးရီးေအဖလားရရွိစဥ္တုန္းကလည္းအဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။ထိုစဥ္တုန္းကသူဟာဘာစီလိုနာမွအငွားျဖင့္ေရာက္လာၿပီးေနာက္ ၂၉ပြဲကစားကာ၁၄ဂိုးသြင္းၿပီးစီးရီးေအဖလားရေအာင္ကူညီခဲ့ပါတယ္။

ယင္းေနာက္သူဟာေအစီမီလန္သို႔အၿပီးသတ္ေျပာင္းခဲ့ေပမဲ့၂၀၁၂ခုႏွစ္တြင္ပီအက္စ္ဂ်ီသို႔ေျပာင္းသြားခဲ့ပါတယ္။

ဆြီဒင္အတြက္၁၂၁ပြဲကစားကာ၆၂ဂိုးသြင္းယူထားတဲ့ဇလာတန္အီဘရာဟီမိုဗစ္ဟာဥေရာပထိပ္သီးလိဂ္တြင္ကစားေနတဲ့တစ္ဦးတည္းေသာအသက္၄၀ေက်ာ္အ႐ြယ္ကစားသမားမဟုတ္ပါဘူး။ဇူလိုင္လ၂၁ရက္ေန႔တြင္အသက္၄၁ႏွစ္ျပည့္မယ့္ဘက္တစ္အသင္းေခါင္းေဆာင္ဂ်ိဳအာကြင္းဟာလည္းဘက္တစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးထားပါတယ္။