
ဗာဂယ်ဗန်ဒိုက်ဟာလာမယ့်လတွင်ကစားရမဲ့လီဗာပူးရဲ့ရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်အမီဒဏ်ရာမှပြန်လည်ကောင်းမွန်လာရေးအပြင်းအထန်ကြိုးပမ်းရမယ့်အနေအထားမှာရှိနေပါတယ်။
လီဗာပူးဗဟိုနောက်ခံလူဗာဂယ်ဗန်ဒိုက်ဟာတံကောက်ကြောဒဏ်ရာရရှိထားတာဖြစ်ပြီးအနည်းဆုံးတစ်လကျော်ကြာအနားယူရပါမယ်။လီဗာပူးဟာဖေဖော်ဝါရီလ၂၁ရက်နေ့မှာချန်ပီယံလိဂ၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ်အန်ဖီးလ်မှာရီးရဲလ်မက်ဒရစ်ကိုဧည့်ခံကစားရပါမယ်။
ဗာဂယ်ဗန်ဒိုက်ဟာတနင်္လာနေ့တုန်းကဘရန့်ဖို့ဒ်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
လီဗာပူးနည်းပြကလော့ပ်က “ဒဏ်ရာကပြင်းထန်တော့တကယ့်ကိုထိုးနှက်ချက်ကြီးပါ။ဗန်ဒိုက်အတွက်ခက်ခဲ့တယ်။ဒါပေမဲ့သူကပြီးခဲ့တဲ့နှစ်တွေမှာပွဲတွေအများကြီးကစားလာခဲ့တဲ့သူပါ။အရင်တုန်းကကြွက်သားဒဏ်ရာမရဖူးဘူး”လို့ပြောကြားသွားပါတယ်။
လီဗာပူးဟာယမန်နှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်ခဲ့တဲ့အန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ရန်ခြောက်ပတ်သာလိုပါတော့တယ်။
ဗန်ဒိုက်အနေဖြင့်ပွဲမတိုင်မီအနည်းဆုံး၁၀ရက်အလိုတွင်လေ့ကျင့်ခန်းဆင်းနိုင်မှသာလျှင်ပွဲကစားနိုင်ပါမယ်။
သူဟာယနေ့ညဝုဗ်နှင့်ရင်ဆိုင်ရမဲ့အက်ဖ်အေဖလားပွဲအပြင်ဘရိုက်တန်၊ချဲလ်ဆီး၊ဝုဗ်၊အဲဗာတန်တို့နှင့်ပရီးမီးယားလိဂ်ပွဲများကိုလည်းလွဲပါမယ်။
ZawGyi
ဒဏ္ရာေၾကာင့္ တစ္လေက်ာ္နားရမည္ျဖစ္၍ ရီးရဲလ္မက္ဒရစ္ႏွင့္ပြဲကို လြဲေခ်ာ္ႏိုင္တဲ့ လီဗာပူးရဲ႕ဗန္ဒိုက္
ဗာဂယ္ဗန္ဒိုက္ဟာလာမယ့္လတြင္ကစားရမဲ့လီဗာပူးရဲ႕ရီးရဲလ္မက္ဒရစ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္အမီဒဏ္ရာမွျပန္လည္ေကာင္းမြန္လာေရးအျပင္းအထန္ႀကိဳးပမ္းရမယ့္အေနအထားမွာရွိေနပါတယ္။
လီဗာပူးဗဟိုေနာက္ခံလူဗာဂယ္ဗန္ဒိုက္ဟာတံေကာက္ေၾကာဒဏ္ရာရရွိထားတာျဖစ္ၿပီးအနည္းဆုံးတစ္လေက်ာ္ၾကာအနားယူရပါမယ္။လီဗာပူးဟာေဖေဖာ္ဝါရီလ၂၁ရက္ေန႔မွာခ်န္ပီယံလိဂ၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္အျဖစ္အန္ဖီးလ္မွာရီးရဲလ္မက္ဒရစ္ကိုဧည့္ခံကစားရပါမယ္။
ဗာဂယ္ဗန္ဒိုက္ဟာတနလၤာေန႔တုန္းကဘရန႔္ဖို႔ဒ္ကို၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္က “ဒဏ္ရာကျပင္းထန္ေတာ့တကယ့္ကိုထိုးႏွက္ခ်က္ႀကီးပါ။ဗန္ဒိုက္အတြက္ခက္ခဲ့တယ္။ဒါေပမဲ့သူကၿပီးခဲ့တဲ့ႏွစ္ေတြမွာပြဲေတြအမ်ားႀကီးကစားလာခဲ့တဲ့သူပါ။အရင္တုန္းကႂကြက္သားဒဏ္ရာမရဖူးဘူး”လို႔ေျပာၾကားသြားပါတယ္။
လီဗာပူးဟာယမန္ႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္ခဲ့တဲ့အန္ဆယ္ေလာ့တီရဲ႕ရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ရန္ေျခာက္ပတ္သာလိုပါေတာ့တယ္။
ဗန္ဒိုက္အေနျဖင့္ပြဲမတိုင္မီအနည္းဆုံး၁၀ရက္အလိုတြင္ေလ့က်င့္ခန္းဆင္းႏိုင္မွသာလွ်င္ပြဲကစားႏိုင္ပါမယ္။
သူဟာယေန႔ညဝုဗ္ႏွင့္ရင္ဆိုင္ရမဲ့အက္ဖ္ေအဖလားပြဲအျပင္ဘ႐ိုက္တန္၊ခ်ဲလ္ဆီး၊ဝုဗ္၊အဲဗာတန္တို႔ႏွင့္ပရီးမီးယားလိဂ္ပြဲမ်ားကိုလည္းလြဲပါမယ္။