ဒဏ်ရာကြောင့် နှစ်လကြာအနားယူခဲ့ရတဲ့ ဂါရတ်ဘေးလ် ပွဲပြန်ကစားရန် အသင့်ဖြစ်နေပြီ

ရီးရဲလ်မက်ဒရစ်စတားဂါရတ်ဘေးလ်ဟာဒဏ်ရာကြောင့်နှစ်လကြာအနားယူခဲ့ရပြီးနောက်ရီးရဲလ်မက်ဒရစ်အတွက်ကစားပေးရန်အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

ဘေးလ်ဟာဩဂုတ်လတုန်းကဘက်တစ်နှင့်ပွဲစဉ်တွင်ဒူးဒဏ်ရာရရှိခဲ့ပြီးနောက်အနားယူလာခဲ့ရသူဖြစ်ပါတယ်။

ဝေးလ်အသင်းခေါင်းဆောင်ဟာကြာသပတေးနေ့မှစတင်ကာအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်လာခဲ့ပြီးစနေနေ့မှာဘာနေဗျူးကွင်းမှာဗယ်လီကာနိုအားဧည့်ခံကစားရမယ့်ပွဲတွင်ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီဟာဗီနီစီယပ်စ်နှင့်ရိုဒရီဂိုတို့အားအဓိကတိုက်စစ်သမားများအဖြစ်ဘန်ဇီးမားနှင့်တွဲအသုံးပြုနေရာဂါရတ်ဘေးလ်အနေဖြင့်အေဒင်ဟာဇက်၊အဆန်စီယိုတို့နှင့်အတူအရန်ခုံတွင်သာထိုင်နေရဖို့ရှိပါတယ်။

ဂါရတ်ဘေးလ်ဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှုကဝေးလ်ယာယီနည်းပြရော့ဘ်ပေ့ချ်အတွက်လည်းသတင်းကောင်းဖြစ်နေပါတယ်။ဝေးလ်ဟာနိုဝင်ဘာလ၁၃ရက်နေ့နှင့်၁၄ရက်တို့မှာဘီလာရုစ်၊ဘယ်လ်ဂျီယံတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်ရှိနေပါတယ်။

ZawGyi

ဒဏ္ရာေၾကာင့္ ႏွစ္လၾကာအနားယူခဲ့ရတဲ့ ဂါရတ္ေဘးလ္ ပြဲျပန္ကစားရန္ အသင့္ျဖစ္ေနၿပီ

ရီးရဲလ္မက္ဒရစ္စတားဂါရတ္ေဘးလ္ဟာဒဏ္ရာေၾကာင့္ႏွစ္လၾကာအနားယူခဲ့ရၿပီးေနာက္ရီးရဲလ္မက္ဒရစ္အတြက္ကစားေပးရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္။

ေဘးလ္ဟာဩဂုတ္လတုန္းကဘက္တစ္ႏွင့္ပြဲစဥ္တြင္ဒူးဒဏ္ရာရရွိခဲ့ၿပီးေနာက္အနားယူလာခဲ့ရသူျဖစ္ပါတယ္။

ေဝးလ္အသင္းေခါင္းေဆာင္ဟာၾကာသပေတးေန႔မွစတင္ကာအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္လာခဲ့ၿပီးစေနေန႔မွာဘာေနဗ်ဴးကြင္းမွာဗယ္လီကာႏိုအားဧည့္ခံကစားရမယ့္ပြဲတြင္ပါဝင္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္နည္းျပအန္ဆယ္ေလာ့တီဟာဗီနီစီယပ္စ္ႏွင့္႐ိုဒရီဂိုတို႔အားအဓိကတိုက္စစ္သမားမ်ားအျဖစ္ဘန္ဇီးမားႏွင့္တြဲအသုံးျပဳေနရာဂါရတ္ေဘးလ္အေနျဖင့္ေအဒင္ဟာဇက္၊အဆန္စီယိုတို႔ႏွင့္အတူအရန္ခုံတြင္သာထိုင္ေနရဖို႔ရွိပါတယ္။

ဂါရတ္ေဘးလ္ဒဏ္ရာမွျပန္လည္ေကာင္းမြန္လာမႈကေဝးလ္ယာယီနည္းျပေရာ့ဘ္ေပ့ခ်္အတြက္လည္းသတင္းေကာင္းျဖစ္ေနပါတယ္။ေဝးလ္ဟာႏိုဝင္ဘာလ၁၃ရက္ေန႔ႏွင့္၁၄ရက္တို႔မွာဘီလာ႐ုစ္၊ဘယ္လ္ဂ်ီယံတို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ရွိေနပါတယ္။