ဒဏ်ရာကြောင့် သုံးပတ်နားရမည်ဖြစ်၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာရမ်ဘန်ဇီးမား လွဲချော်လာ

ကာရမ်ဘန်ဇီးမားဟာစနေနေ့တုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိကာသုံးပတ်ကြာအနားယူရမည်ဖြစ်၍ပြင်သစ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်လာတော့မှာဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိဘန်ဇီးမားဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်တွင်ဒဏ်ရာပြဿနာများနှင့်ကြုံလာခဲ့ရသူဖြစ်ပြီးအောက်တိုဘာလအတွင်းတွင် ၂၆မိနစ်မျှသာ ကစားထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘန်ဇီးမားဟာမကြာသေးမီတုန်းက Ballon d’Or ဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးအင်္ဂါနေ့ဩစတြေးလျနှင့်ကစားရမယ့်ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ ဒဏ်ရာရရှိကာပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းမှနုတ်ထွက်လာရတာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာဘန်ဇီးမားမတိုင်မီ တိုက်စစ်သမားခရစ္စတိုဖီအန်ကန်ကူကိုလည်းလေ့ကျင့်ခန်းအစီအစဉ်တွင်ရရှိတဲ့ဒဏ်ရာကြောင့်ဆုံးရှုံးထားရပြီးဖြစ်ပါတယ်။

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာအန်ကန်ကူနေရာတွင်ဖရန့်ဖတ်တိုက်စစ်မှူးမူအာနီကိုအစားထိုးခေါ်ယူထားပြီးဖြစ်ပါတယ်။သူဟာဘန်ဇီးမားနေရာတွင်ယူနိုက်တက်တိုက်စစ်မှူးမာရှယ်ကိုခေါ်ယူသွားဖို့ရှိနေပါတယ်။

ပြင်သစ်ဟာဒဏ်ရာပြဿနာကြောင့်အန်ဂိုလိုကန်တီနှင့်ပေါလ်ပေါ့ဘာတို့ကိုလည်းဆုံးရှုံးထားရပြီးဖြစ်ပါတယ်။

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာဘန်ဇီးမားဒဏ်ရာရရှိသွားမှုနှင့်အတူ ဝါရင့်တိုက်စစ်မှူးဂျရူးကိုသာအဓိကအားကိုးကစားလာရတော့မှာဖြစ်ပါတယ်။အသက်၃၆နှစ်ရှိဂျရူးဟာသီယာရီဟင်နရီရဲ့ပြင်သစ်အတွက်ဂိုးအများဆုံးသွင်းထားသူစံချိန်၅၁ဂိုးကိုလိုက်မီရန်၂ဂိုးသာလိုတော့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းဂျရူးအနေဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ဟင်နရီရဲ့စံချိန်ကိုရိုက်ချိုးနိုင်ဖို့အခွင့်အရေးရရှိလာတော့မှာလည်းဖြစ်ပါတယ်။

ZawGyi

ဒဏ္ရာေၾကာင့္ သုံးပတ္နားရမည္ျဖစ္၍ ကမာၻ႔ဖလားၿပိဳင္ပြဲကို ကာရမ္ဘန္ဇီးမား လြဲေခ်ာ္လာ

ကာရမ္ဘန္ဇီးမားဟာစေနေန႔တုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိကာသုံးပတ္ၾကာအနားယူရမည္ျဖစ္၍ျပင္သစ္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိဘန္ဇီးမားဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္တြင္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံလာခဲ့ရသူျဖစ္ၿပီးေအာက္တိုဘာလအတြင္းတြင္ ၂၆မိနစ္မွ်သာ ကစားထားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဘန္ဇီးမားဟာမၾကာေသးမီတုန္းက Ballon d’Or ဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးအဂၤါေန႔ဩစေၾတးလ်ႏွင့္ကစားရမယ့္ကမာၻ႔ဖလားအဖြင့္ပြဲမတိုင္မီ ဒဏ္ရာရရွိကာျပင္သစ္ရဲ႕ကမာၻ႔ဖလားလူစာရင္းမွႏုတ္ထြက္လာရတာျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာဘန္ဇီးမားမတိုင္မီ တိုက္စစ္သမားခရစၥတိုဖီအန္ကန္ကူကိုလည္းေလ့က်င့္ခန္းအစီအစဥ္တြင္ရရွိတဲ့ဒဏ္ရာေၾကာင့္ဆုံးရႈံးထားရၿပီးျဖစ္ပါတယ္။

ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာအန္ကန္ကူေနရာတြင္ဖရန႔္ဖတ္တိုက္စစ္မႉးမူအာနီကိုအစားထိုးေခၚယူထားၿပီးျဖစ္ပါတယ္။သူဟာဘန္ဇီးမားေနရာတြင္ယူႏိုက္တက္တိုက္စစ္မႉးမာရွယ္ကိုေခၚယူသြားဖို႔ရွိေနပါတယ္။

ျပင္သစ္ဟာဒဏ္ရာျပႆနာေၾကာင့္အန္ဂိုလိုကန္တီႏွင့္ေပါလ္ေပါ့ဘာတို႔ကိုလည္းဆုံးရႈံးထားရၿပီးျဖစ္ပါတယ္။

ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာဘန္ဇီးမားဒဏ္ရာရရွိသြားမႈႏွင့္အတူ ဝါရင့္တိုက္စစ္မႉးဂ်႐ူးကိုသာအဓိကအားကိုးကစားလာရေတာ့မွာျဖစ္ပါတယ္။အသက္၃၆ႏွစ္ရွိဂ်႐ူးဟာသီယာရီဟင္နရီရဲ႕ျပင္သစ္အတြက္ဂိုးအမ်ားဆုံးသြင္းထားသူစံခ်ိန္၅၁ဂိုးကိုလိုက္မီရန္၂ဂိုးသာလိုေတာ့သူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းဂ်႐ူးအေနျဖင့္ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ဟင္နရီရဲ႕စံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ဖို႔အခြင့္အေရးရရွိလာေတာ့မွာလည္းျဖစ္ပါတယ္။