
ဂါဘရီရယ်ဂျေဆူးဟာစပို့တင်းလစ္စဘွန်းနှင့်ရင်ဆိုင်ကစားရမဲ့ပွဲအတွက်ပေါ်တူဂီသို့ ထွက်ခွာမဲ့အာဆင်နယ်အသင်းတွင်ပါဝင်လာပါမယ်။
ဒါပေမဲ့လည်းဘရာဇီးတိုက်စစ်မှူးဟာစပို့တင်းလစ္စဘွန်းနှင့်ပွဲတွင်ပွဲထွက်ကစားလာဖို့မရှိဘဲ အခြေအနေပေးမှသာလျှင်အရန်အဖြစ်မိနစ်အနည်းငယ်ဝင်ကစားလာဖို့ရှိပါတယ်။
သူဟာကြံ့ခိုင်မှုပြည့်ဝရေးဆက်လက်လုပ်ဆောင်နေပြီးလာမဲ့နိုင်ငံတကာပွဲစဉ်များအပြီးတွင်ပြန်ကစားနိုင်ရန်အဓိကရည်မှန်းထားသူလည်းဖြစ်ပါတယ်။
အသက်၂၅နှစ်ဂျေဆူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဒူးဒဏ်ရာရရှိပြီးနောက်ခွဲစိတ်ကုသမှု ခံခဲ့ရသူဖြစ်ပြီး နိုဝင်ဘာလ၁၂ ရက်ကတည်းကအာဆင်နယ်အတွက်မကစားနိုင်ခဲ့ပါဘူး။
အာဆင်နယ်ဟာဂျေဆူးအနားယူနေရစဉ်အတွင်းအက်ဒီနကီတာကိုသာအားကိုးခဲ့ရပါတယ်။ ဒါပေမဲ့ ယခုအခါဂျေဆူးပြန်လည်ကောင်းမွန်လာတော့မှာဖြစ်လို့အာဆင်နယ်နည်းပြအာတာတီဟာပရီးမီးယားလိဂ်ဖလားတိုက်ပွဲအတွက်အင်အားတောင့်တင်းလာပြီ ဖြစ်ပါတယ်။
ဂျေဆူးဟာ ပြီးခဲ့တဲ့အပတ်တုန်းကဘုန်းမောက်ကို ၃-၂ဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်လည်း ကွင်းဘေးသွေးပူလေ့ကျင့်ခန်းလုပ်နေခဲ့တာတွေ့ရပြီးရိုက်စ်နယ်ဆင်ကအနိုင်ဂိုးသွင်းလိုက်ချိန်တွင်အတူအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
သူဟာအာဆင်နယ်နှင့်အတူစပို့တင်းလစ္စဘွန်းသို့ လိုက်ပါလာမယ်ဆိုပေမဲ့လည်း အာတီတာဟာအရဲစွန့်အသုံးပြုလာဖို့မရှိပါဘူး။
အာတီတာဟာလာမယ့်တနင်္ဂနွေနေ့တွင် Craven Cottage မှာ ဖူလ်ဟမ်နှင့်ကစားရမဲ့ပွဲတွင်လည်းဂျေဆူးကိုအသုံးပြုလာဖို့မရှိသေးပါဘူး။
သူဟာဧပြီလ၁ရက်နေ့ နိုင်ငံတကာပွဲများအပြီးအိမ်ကွင်းတွင်လိဒ်ကိုဧည့်ခံကစားရမဲ့ပွဲတွင်မှ အာဆင်နယ်အတွက်စတင်ကစားလာနိုင်ဖို့ ရှိပါတယ်။
ZawGyi
ဒဏ္ရာေၾကာင့္ သုံးလၾကာ အနားယူခဲ့ရၿပီးေနာက္ စပို႔တင္းလစၥဘြန္းႏွင့္ပြဲအတြက္ ေပၚတူဂီသို႔ လိုက္ပါလာမဲ့ ေဂ်ဆူး
ဂါဘရီရယ္ေဂ်ဆူးဟာစပို႔တင္းလစၥဘြန္းႏွင့္ရင္ဆိုင္ကစားရမဲ့ပြဲအတြက္ေပၚတူဂီသို႔ ထြက္ခြာမဲ့အာဆင္နယ္အသင္းတြင္ပါဝင္လာပါမယ္။
ဒါေပမဲ့လည္းဘရာဇီးတိုက္စစ္မႉးဟာစပို႔တင္းလစၥဘြန္းႏွင့္ပြဲတြင္ပြဲထြက္ကစားလာဖို႔မရွိဘဲ အေျခအေနေပးမွသာလွ်င္အရန္အျဖစ္မိနစ္အနည္းငယ္ဝင္ကစားလာဖို႔ရွိပါတယ္။
သူဟာႀကံ့ခိုင္မႈျပည့္ဝေရးဆက္လက္လုပ္ေဆာင္ေနၿပီးလာမဲ့ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္ျပန္ကစားႏိုင္ရန္အဓိကရည္မွန္းထားသူလည္းျဖစ္ပါတယ္။
အသက္၂၅ႏွစ္ေဂ်ဆူးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဒူးဒဏ္ရာရရွိၿပီးေနာက္ခြဲစိတ္ကုသမႈ ခံခဲ့ရသူျဖစ္ၿပီး ႏိုဝင္ဘာလ၁၂ ရက္ကတည္းကအာဆင္နယ္အတြက္မကစားႏိုင္ခဲ့ပါဘူး။
အာဆင္နယ္ဟာေဂ်ဆူးအနားယူေနရစဥ္အတြင္းအက္ဒီနကီတာကိုသာအားကိုးခဲ့ရပါတယ္။ ဒါေပမဲ့ ယခုအခါေဂ်ဆူးျပန္လည္ေကာင္းမြန္လာေတာ့မွာျဖစ္လို႔အာဆင္နယ္နည္းျပအာတာတီဟာပရီးမီးယားလိဂ္ဖလားတိုက္ပြဲအတြက္အင္အားေတာင့္တင္းလာၿပီ ျဖစ္ပါတယ္။
ေဂ်ဆူးဟာ ၿပီးခဲ့တဲ့အပတ္တုန္းကဘုန္းေမာက္ကို ၃-၂ျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္လည္း ကြင္းေဘးေသြးပူေလ့က်င့္ခန္းလုပ္ေနခဲ့တာေတြ႕ရၿပီး႐ိုက္စ္နယ္ဆင္ကအႏိုင္ဂိုးသြင္းလိုက္ခ်ိန္တြင္အတူေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။
သူဟာအာဆင္နယ္ႏွင့္အတူစပို႔တင္းလစၥဘြန္းသို႔ လိုက္ပါလာမယ္ဆိုေပမဲ့လည္း အာတီတာဟာအရဲစြန႔္အသုံးျပဳလာဖို႔မရွိပါဘူး။
အာတီတာဟာလာမယ့္တနဂၤေႏြေန႔တြင္ Craven Cottage မွာ ဖူလ္ဟမ္ႏွင့္ကစားရမဲ့ပြဲတြင္လည္းေဂ်ဆူးကိုအသုံးျပဳလာဖို႔မရွိေသးပါဘူး။
သူဟာဧၿပီလ၁ရက္ေန႔ ႏိုင္ငံတကာပြဲမ်ားအၿပီးအိမ္ကြင္းတြင္လိဒ္ကိုဧည့္ခံကစားရမဲ့ပြဲတြင္မွ အာဆင္နယ္အတြက္စတင္ကစားလာႏိုင္ဖို႔ ရွိပါတယ္။