
ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီဟာယနေ့ညတွင်အဲဗာတန်နှင့်ရင်ဆိုင်ကစားရမဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွင်ချဲလ်ဆီးလူစာရင်းတွင်ပြန်လည်ပါဝင်လာရန်အခြေအနေကောင်းနေကြောင်းသိရပါတယ်။
ပြိုင်ပွဲအရပ်ရပ်တွင်၃ပွဲဆက်နိုင်ပွဲရရှိထားတဲ့ချဲလ်ဆီးဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်ပထမဆုံးသုံးပွဲဆက်နိုင်ပွဲရရှိရေးအတွက်စတမ်းဖို့ဒ်ဘရစ်ချ်တွင်အဲဗာတန်အားဧည့်ခံကစားရမဲ့ပွဲမှာကြိုးစားရပါမယ်။
ကန်တီဟာတံကောက်ကြောဒဏ်ရာကြောင့်ခုနှစ်လကြာအနားယူလာခဲ့ရသူလည်းဖြစ်ပါတယ်။
ယခုအန်ဂိုလိုကန်တီပြန်လည်ကစားလာနိုင်မှုကရလဒ်ကောင်းများရယူလာနိုင်တဲ့ ဂရေဟမ်ပေါ်တာအတွက်သတင်းကောင်းဖြစ်နေပါတယ်။
ဂရေဟမ်ပေါ်တာက “လူစာရင်းမှာပါဝင်ဖို့အခွင့်အရေးရှိနေတယ်။ပထမဆုံးအကြိမ်ဆိုတော့အရမ်းစိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ကျွန်တော်မတိုင်ခင်နည်းပြတွေဟာအန်ဂိုလိုကိုတကယ့်ကိုထိပ်တန်းကစားသမားတစ်ဦးလို့ပြောခဲ့ကြပါတယ်။သူမကစားနိုင်လို့ကျွန်တော်တို့အတွက်အများကြီးနစ်နာခဲ့ရတယ်။အခုပြန်ကစားလာနိုင်တာကောင်းပါတယ်”လို့ပြောကြားသွားပါတယ်၊
ဂရေဟမ်ပေါ်တာဟာနောက်ဆုံး၃ပွဲဆက်နိုင်ပွဲရရှိပြီးနောက်ဖိအားအနည်းငယ်လျှော့ကျသွားခဲ့ပြီးယင်းပွဲများတွင်ကွင်းလယ်မှာကိုဗာဆစ်နှင့်အန်ဇိုဖာနန်ဒက်ဇ်တို့ကိုအသုံးပြုလာခဲ့ပါတယ်။
ကန်တီဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမဲ့အဲဗာတန်နှင့်ပွဲထွက်လူစာရင်းမှာတော့ပါဝင်လာဖို့မရှိဘဲအရန်အဖြစ်သာဝင်ကစားဖို့ရှိပါတယ်။
သူဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး၂နှစ်စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့သတင်းထွက်ထားပါတယ်။
ZawGyi
ဒဏ္ရာေၾကာင့္ ၇ လၾကာအနားယူခဲ့ရၿပီးေနာက္ အဲဗာတန္ႏွင့္ပြဲတြင္ အန္ဂိုလိုကန္တီ ျပန္ပါဝင္လာမည္
ခ်ဲလ္ဆီးကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီဟာယေန႔ညတြင္အဲဗာတန္ႏွင့္ရင္ဆိုင္ကစားရမဲ့ပရီးမီးယားလိဂ္ပြဲစဥ္တြင္ခ်ဲလ္ဆီးလူစာရင္းတြင္ျပန္လည္ပါဝင္လာရန္အေျခအေနေကာင္းေနေၾကာင္းသိရပါတယ္။
ၿပိဳင္ပြဲအရပ္ရပ္တြင္၃ပြဲဆက္ႏိုင္ပြဲရရွိထားတဲ့ခ်ဲလ္ဆီးဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္ပထမဆုံးသုံးပြဲဆက္ႏိုင္ပြဲရရွိေရးအတြက္စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္အဲဗာတန္အားဧည့္ခံကစားရမဲ့ပြဲမွာႀကိဳးစားရပါမယ္။
ကန္တီဟာတံေကာက္ေၾကာဒဏ္ရာေၾကာင့္ခုႏွစ္လၾကာအနားယူလာခဲ့ရသူလည္းျဖစ္ပါတယ္။
ယခုအန္ဂိုလိုကန္တီျပန္လည္ကစားလာႏိုင္မႈကရလဒ္ေကာင္းမ်ားရယူလာႏိုင္တဲ့ ဂေရဟမ္ေပၚတာအတြက္သတင္းေကာင္းျဖစ္ေနပါတယ္။
ဂေရဟမ္ေပၚတာက “လူစာရင္းမွာပါဝင္ဖို႔အခြင့္အေရးရွိေနတယ္။ပထမဆုံးအႀကိမ္ဆိုေတာ့အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းေနပါတယ္။ကြၽန္ေတာ္မတိုင္ခင္နည္းျပေတြဟာအန္ဂိုလိုကိုတကယ့္ကိုထိပ္တန္းကစားသမားတစ္ဦးလို႔ေျပာခဲ့ၾကပါတယ္။သူမကစားႏိုင္လို႔ကြၽန္ေတာ္တို႔အတြက္အမ်ားႀကီးနစ္နာခဲ့ရတယ္။အခုျပန္ကစားလာႏိုင္တာေကာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္၊
ဂေရဟမ္ေပၚတာဟာေနာက္ဆုံး၃ပြဲဆက္ႏိုင္ပြဲရရွိၿပီးေနာက္ဖိအားအနည္းငယ္ေလွ်ာ့က်သြားခဲ့ၿပီးယင္းပြဲမ်ားတြင္ကြင္းလယ္မွာကိုဗာဆစ္ႏွင့္အန္ဇိုဖာနန္ဒက္ဇ္တို႔ကိုအသုံးျပဳလာခဲ့ပါတယ္။
ကန္တီဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေပမဲ့အဲဗာတန္ႏွင့္ပြဲထြက္လူစာရင္းမွာေတာ့ပါဝင္လာဖို႔မရွိဘဲအရန္အျဖစ္သာဝင္ကစားဖို႔ရွိပါတယ္။
သူဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမယ္လို႔သတင္းထြက္ထားပါတယ္။