ဒဏ်ရာငရဲပြည်မှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု အေဒင်ဟာဇက်အတည်ပြု

ရီးရဲလ်မက်ဒရစ်စတားအေဒင်ဟာဇက်ကခြေကျင်းဝတ်ဒဏ်ရာပြဿနာမှာအတိတ်တွင်ကျန်ရစ်ခဲ့ပြီဖြစ်ပြီး၂၀၂၁-၂၂ဘောလုံးရာသီတွင်ရီးရဲလ်မက်ဒရစ်ရဲ့အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားနိုင်မယ်လို့ယုံကြည်ကြောင်းပြောကြားလာပါတယ်။

ဘယ်လ်ဂျီယံစတားဟာ၂၀၁၉ခုနှစ်နွေရာသီတွင်ချဲလ်ဆီးမှပြောင်းရွှေ့လာပြီးနောက်ပြီးခဲ့တဲ့နှစ်ရာသီအတွင်းတွင်ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်လာခဲ့ရသူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်များဟာပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာအေဒင်ဟာဇက်ရဲ့အကောင်းဆုံးပုံစံကိုမြင်တွေ့လာခဲ့ရခြင်းမရှိပါဘူး။

ခြေကျင်းဝတ်ဒဏ်ရာကအေဒင်ဟာဇက်ခြေစွမ်းပြမှုအတွက်အကြီးမားဆုံးအတားအဆီးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်အလာဗက်စ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့လာလီဂါအဖွင့်ပွဲအပြီးတွင်အေဒင်ဟာဇက်က “ဘာမှမခံစားရပါဘူး။ကျွန်တော့်အတွက်ကောအသင်းအတွက်ပါကောင်းမွန်တဲ့ခံစားချက်ဘဲရှိပါတယ်။လေးဂိုးသွင်းနိုင်ခဲ့ပါတယ်။ပွဲတွေအများကြီးအနိုင်ရဖို့အတွက်အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်။ခြေကျင်းဝတ်ပြဿနာကကျွန်တော့်ခေါင်းထဲမှာမရှိတော့ပါဘူး။ဒီရာသီမှာကျွန်တော့်ဘက်ကကိုယ်စွမ်းရှိသမျှပေးသွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။

အလာဗက်စ်အားအနိုင်ရရှိတဲ့ပွဲတွင်ရီးရဲလ်မက်ဒရစ်အတွက်ဂိုးများကိုဘန်ဇီးမား(၂ဂိုး)၊နာချိုနှင့်ဗီနီစီယပ်စ်တို့ကအသီးသီးသွင်းယူခဲ့ကြပါတယ်။

ZawGyi

ဒဏ္ရာငရဲျပည္မွာ အတိတ္တြင္ က်န္ရစ္ခဲ့ၿပီဟု ေအဒင္ဟာဇက္အတည္ျပဳ

ရီးရဲလ္မက္ဒရစ္စတားေအဒင္ဟာဇက္ကေျခက်င္းဝတ္ဒဏ္ရာျပႆနာမွာအတိတ္တြင္က်န္ရစ္ခဲ့ၿပီျဖစ္ၿပီး၂၀၂၁-၂၂ေဘာလုံးရာသီတြင္ရီးရဲလ္မက္ဒရစ္ရဲ႕အဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားႏိုင္မယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားလာပါတယ္။

ဘယ္လ္ဂ်ီယံစတားဟာ၂၀၁၉ခုႏွစ္ေႏြရာသီတြင္ခ်ဲလ္ဆီးမွေျပာင္းေ႐ႊ႕လာၿပီးေနာက္ၿပီးခဲ့တဲ့ႏွစ္ရာသီအတြင္းတြင္ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္လာခဲ့ရသူလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားဟာၿပီးခဲ့တဲ့ႏွစ္ရာသီအတြင္းမွာေအဒင္ဟာဇက္ရဲ႕အေကာင္းဆုံးပုံစံကိုျမင္ေတြ႕လာခဲ့ရျခင္းမရွိပါဘူး။

ေျခက်င္းဝတ္ဒဏ္ရာကေအဒင္ဟာဇက္ေျခစြမ္းျပမႈအတြက္အႀကီးမားဆုံးအတားအဆီးျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္အလာဗက္စ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့လာလီဂါအဖြင့္ပြဲအၿပီးတြင္ေအဒင္ဟာဇက္က “ဘာမွမခံစားရပါဘူး။ကြၽန္ေတာ့္အတြက္ေကာအသင္းအတြက္ပါေကာင္းမြန္တဲ့ခံစားခ်က္ဘဲရွိပါတယ္။ေလးဂိုးသြင္းႏိုင္ခဲ့ပါတယ္။ပြဲေတြအမ်ားႀကီးအႏိုင္ရဖို႔အတြက္အတတ္ႏိုင္ဆုံးႀကိဳးစားသြားပါမယ္။ေျခက်င္းဝတ္ျပႆနာကကြၽန္ေတာ့္ေခါင္းထဲမွာမရွိေတာ့ပါဘူး။ဒီရာသီမွာကြၽန္ေတာ့္ဘက္ကကိုယ္စြမ္းရွိသမွ်ေပးသြားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အလာဗက္စ္အားအႏိုင္ရရွိတဲ့ပြဲတြင္ရီးရဲလ္မက္ဒရစ္အတြက္ဂိုးမ်ားကိုဘန္ဇီးမား(၂ဂိုး)၊နာခ်ိဳႏွင့္ဗီနီစီယပ္စ္တို႔ကအသီးသီးသြင္းယူခဲ့ၾကပါတယ္။