ဒဏ်ရာပြဿနာကြောင့် အမျိုးသမီးအသင်းမှကစားသမားကို ဆင့်ခေါ်လိုက်တဲ့ အောက်စ်ဖို့ဒ်ယူနိုက်တက်

ဒဏ်ရာပြဿနာများစွာတို့နှင့်ရင်ဆိုင်နေရမှုနဲ့အတူအောက်စ်ဖို့ဒ်ယူနိုက်တက်ဟာအမျိုးသမီးအသင်းမှကစားသမားတစ်ဦးကိုအမျိုးသားပထမအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းရန်ဆင့်ခေါ်လိုက်ရပါတယ်။

အောက်စ်ဖို့ဒ်ယူနိုက်တက်နည်းပြကားလ်ရော်ဘင်ဆင်ဟာပထမအသင်းမှကစားသမား၁၃ဦးအထိဒဏ်ရာပြဿနာနှင့်ကြုံနေရမှုကြောင့် အမျိုးသမီးအသင်းမှကစားသမားဘတ်သ်လမ်စ်ဆင်ကိုဆင့်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။

The Daily Mirror ရဲ့ဖော်ပြချက်အရအလယ်တန်းကစားသမားလမ်စ်ဒင်ဟာအမျိုးသားအသင်းနှင့်လေ့ကျင့်ခန်းဆင်းလာခဲ့တာရက်သတ္တပတ်အနည်းငယ်ကြာမြင့်ပြီဖြစ်ပြီးနည်းပြရော်ဘင်ဆင်ရဲ့ချီးကျူးခြင်းခံနေရပါတယ်။ရော်ဘင်ဆင်ဟာအမ်ကေဒွန်အသင်းကိုကိုင်တွယ်ခဲ့သူလည်းဖြစ်ပါတယ်။

အောက်စ်ဖို့ဒ်ယူနိုက်တက်အသင်းဟာကစားသမား၇ဦးအထိကိုဗစ်ပေါ့စတစ်တွေ့ရှိမှုရတဲ့အပြင်ဒဏ်ရာပြဿနာများနှင့်ကြုံတွေ့ရမှုကြောင့် အောက်စ်ဖို့ဒ်အမျိုးသမီးအသင်းတွင်ကစားနေတဲ့လမ်စ်ဒင်ကိုအမျိုးသားအသင်းနှင့်အတူပူးပေါင်းလေ့ကျင့်ရန်ဆင့်ခေါ်လိုက်တာဖြစ်ပါတယ်။

လမ်စ်ဒမ်က “တကယ့်ကိုအတွေ့အကြုံကောင်းပါ။အခုဆိုရင်သုံးလေးပတ်လောက်တောင်ရှိပါပြီ။တစ်ကြိမ်တစ်ကြိမ်သွားလေ့ကျင့်ရတယ်။ကာယလေ့ကျင့်ခန်းပြီးတော့နံနက်ပိုင်းလေ့ကျင့်ခန်းအစီအစဉ်မှာပါဝင်ရတာပါ။ညနေပိုင်းမှာလည်းအမျိုးသမီးအသင်းနှင့်အတူလေ့ကျင့်ရပါတယ်။အမျိုးသမီးကစားသမားတွေယူ-၁၈နှစ်အောက်ပြိုင်ပွဲတွေမှာကစားတာတော့ဖတ်ဖူးတယ်။ဒါပေမယ့်အခုလိုမျိုးတစ်ခါမှာကမ်းလှမ်းမခံခဲ့ရဖူးပါဘူး။ဒါကကျွန်မအတွက်တော့တိုးတက်ဖို့တကယ့်အခွင့်အရေးကောင်းပါ။ရာသီကောင်းတစ်ခုပိုင်ဆိုင်ပြီးတန်းတက်ဖို့မျှော်မှန်းနေချိန်မှာဒါကကျွန်မကိုပိုပြီးတော့ကောင်းလာစေမှာပါ”လို့ပြောကြားသွားပါတယ်။

သူမဟာဘောလုံးကစားနေတဲ့အပြင်အာဆင်နယ်အမျိုးသမီးအသင်းကစားသမားဟောင်းဗစ်အေခါပိုင်ဆိုင်တဲ့အိမ်ခြံမြေရောင်းဝယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွင်လည်းအလုပ်လုပ်နေပါတယ်။

အောက်စ်ဖို့ဒ်အသင်းဟာလိဂ်ဝမ်းတွင်အဆင့်၇နေရာမှာရပ်တည်နေပြီးစနေနေ့မှာအမှတ်ပေးဇယားထိပ်ဆုံးမှရိုသာဟမ်ယူနိုက်တက်ကိုဧည့်ခံကစားရပါမယ်။

ZawGyi

ဒဏ္ရာျပႆနာေၾကာင့္ အမ်ိဳးသမီးအသင္းမွကစားသမားကို ဆင့္ေခၚလိုက္တဲ့ ေအာက္စ္ဖို႔ဒ္ယူႏိုက္တက္

ဒဏ္ရာျပႆနာမ်ားစြာတို႔ႏွင့္ရင္ဆိုင္ေနရမႈနဲ႔အတူေအာက္စ္ဖို႔ဒ္ယူႏိုက္တက္ဟာအမ်ိဳးသမီးအသင္းမွကစားသမားတစ္ဦးကိုအမ်ိဳးသားပထမအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းရန္ဆင့္ေခၚလိုက္ရပါတယ္။

ေအာက္စ္ဖို႔ဒ္ယူႏိုက္တက္နည္းျပကားလ္ေရာ္ဘင္ဆင္ဟာပထမအသင္းမွကစားသမား၁၃ဦးအထိဒဏ္ရာျပႆနာႏွင့္ႀကဳံေနရမႈေၾကာင့္ အမ်ိဳးသမီးအသင္းမွကစားသမားဘတ္သ္လမ္စ္ဆင္ကိုဆင့္ေခၚလိုက္တာလည္းျဖစ္ပါတယ္။

The Daily Mirror ရဲ႕ေဖာ္ျပခ်က္အရအလယ္တန္းကစားသမားလမ္စ္ဒင္ဟာအမ်ိဳးသားအသင္းႏွင့္ေလ့က်င့္ခန္းဆင္းလာခဲ့တာရက္သတၱပတ္အနည္းငယ္ၾကာျမင့္ၿပီျဖစ္ၿပီးနည္းျပေရာ္ဘင္ဆင္ရဲ႕ခ်ီးက်ဴးျခင္းခံေနရပါတယ္။ေရာ္ဘင္ဆင္ဟာအမ္ေကဒြန္အသင္းကိုကိုင္တြယ္ခဲ့သူလည္းျဖစ္ပါတယ္။

ေအာက္စ္ဖို႔ဒ္ယူႏိုက္တက္အသင္းဟာကစားသမား၇ဦးအထိကိုဗစ္ေပါ့စတစ္ေတြ႕ရွိမႈရတဲ့အျပင္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံေတြ႕ရမႈေၾကာင့္ ေအာက္စ္ဖို႔ဒ္အမ်ိဳးသမီးအသင္းတြင္ကစားေနတဲ့လမ္စ္ဒင္ကိုအမ်ိဳးသားအသင္းႏွင့္အတူပူးေပါင္းေလ့က်င့္ရန္ဆင့္ေခၚလိုက္တာျဖစ္ပါတယ္။

လမ္စ္ဒမ္က “တကယ့္ကိုအေတြ႕အႀကဳံေကာင္းပါ။အခုဆိုရင္သုံးေလးပတ္ေလာက္ေတာင္ရွိပါၿပီ။တစ္ႀကိမ္တစ္ႀကိမ္သြားေလ့က်င့္ရတယ္။ကာယေလ့က်င့္ခန္းၿပီးေတာ့နံနက္ပိုင္းေလ့က်င့္ခန္းအစီအစဥ္မွာပါဝင္ရတာပါ။ညေနပိုင္းမွာလည္းအမ်ိဳးသမီးအသင္းႏွင့္အတူေလ့က်င့္ရပါတယ္။အမ်ိဳးသမီးကစားသမားေတြယူ-၁၈ႏွစ္ေအာက္ၿပိဳင္ပြဲေတြမွာကစားတာေတာ့ဖတ္ဖူးတယ္။ဒါေပမယ့္အခုလိုမ်ိဳးတစ္ခါမွာကမ္းလွမ္းမခံခဲ့ရဖူးပါဘူး။ဒါကကြၽန္မအတြက္ေတာ့တိုးတက္ဖို႔တကယ့္အခြင့္အေရးေကာင္းပါ။ရာသီေကာင္းတစ္ခုပိုင္ဆိုင္ၿပီးတန္းတက္ဖို႔ေမွ်ာ္မွန္းေနခ်ိန္မွာဒါကကြၽန္မကိုပိုၿပီးေတာ့ေကာင္းလာေစမွာပါ”လို႔ေျပာၾကားသြားပါတယ္။

သူမဟာေဘာလုံးကစားေနတဲ့အျပင္အာဆင္နယ္အမ်ိဳးသမီးအသင္းကစားသမားေဟာင္းဗစ္ေအခါပိုင္ဆိုင္တဲ့အိမ္ၿခံေျမေရာင္းဝယ္ေရးဝန္ေဆာင္မႈကုမၸဏီတြင္လည္းအလုပ္လုပ္ေနပါတယ္။

ေအာက္စ္ဖို႔ဒ္အသင္းဟာလိဂ္ဝမ္းတြင္အဆင့္၇ေနရာမွာရပ္တည္ေနၿပီးစေနေန႔မွာအမွတ္ေပးဇယားထိပ္ဆုံးမွ႐ိုသာဟမ္ယူႏိုက္တက္ကိုဧည့္ခံကစားရပါမယ္။