ဒဏ်ရာမပြင်းထန်မှုကြောင့် အဲဗာတန်နှင့်ပွဲတွင် ပါဝင်လာမဲ့ အာဆင်နယ်စတားပါတေး

အာဆင်နယ်စတားသောမတ်စ်ပါတေးဟာမန်စီးတီးနှင့်ပွဲစဉ်တွင်ရရှိခဲ့တဲ့ဒဏ်ရာမှာပြင်းထန်မှုမရှိမှုနှင့်အတူလာမယ့်စနေနေ့တွင်အဲဗာတန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာပါဝင်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။

သောမတ်စ်ပါတေးဟာသောကြာနေ့တုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်ရဲ့ပထမပိုင်းတွင်ဒဏ်ရာရရှိကာလူစားလဲလှယ်မှုပြုလုပ်ခဲရပါတယ်။

ဒါကြောင့်လည်းအာဆင်နယ်ဟာယခုရာသီတွင်အရေးပါတဲ့ကစားသမားအဖြစ်ခြေစွမ်းပြနေတဲ့ပါတေးကိုလာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်များတွင်ဆုံးရှုံးရမည်ကိုစိုးရိမ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်းသောမတ်စ်ပါတေးရဲ့ဒဏ်ရာကိုစစ်ဆေးမှုပြုလုပ်လာချိန်တွင် ဒဏ်ရာပြင်းထန်ခြင်းမရှိဘဲအသေးစားနာကျင်မှုမျှသာဖြစ်နေမှုနှင့်အတူ အဲဗာတန်နှင့်ပွဲတွင်ပါဝင်ကစားရန်အဆင်သင့်ဖြစ်နေမှာလည်းဖြစ်ပါတယ်။

ပါတေးဟာယခုရာသီတွင်အာဆင်နယ်ကွင်းလယ်တွင်ဂရာနစ်ဇာခါနှင့်အတူ တွဲဖက်ပြီးပွဲတိုင်းပြိုင်ဘက်ကိုအသာစီးရအောင်ကစားထားနိုင်သူဖြစ်ပြီး၁၆ပွဲကစားထားရာမှာ၂ဂိုးသွင်းထားသူလည်းဖြစ်ပါတယ်။

ZawGyi





