ဒဏ်ရာရနေစဉ် ဇနီးသည်ရှာကီရာနှင့် ရေလွှာလျှောစီးခဲ့တဲ့ ပီကေးကို ဘာကာဒဏ်ရိုက်မည်မဟုတ်

ဘာစီလိုနာဟာဇနီးသည်ရှာကီရာနှင့်အတူရေလွှာလျှောစီးစဉ်ဒဏ်ရာရရှိခဲ့တဲ့နောက်ခံလူဂါရတ်ပီကေးအားဒဏ်ရိုက်သွားမှာမဟုတ်ပါဘူး။

ဘာစီလိုနာဟာကလပ်ရဲ့ဘဏ္ဍရေးအကြပ်အတည်းအားလုပ်ခ၅၀ရာခိုင်နှုန်းလျှော့ယူကာဖြေရှင်းကူညီပေးထားမှုကြောင့်ပီကေးအားဒဏ်မရိုက်ရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိစပိန်လက်ရွေးစင်နောက်ခံလူဟောင်းဟာစပိန်မြောက်ပိုင်းကမ်းခြေသို့ဇနီးသည်နှင့်အတူသွားရောက်ခဲ့ပါတယ်။ပီကေးဟာလက်ရှိအချိန်တွင်ခြေသလုံးဒဏ်ရာကြောင့်အနားယူနေတာဖြစ်ပြီးဘောလုံးရာသီကာလအတွင်းတွင်ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအဖြစ်ရေလွှာလျှောစီးမှုမှာမေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။

ပီကေးဟာသူရေလွှာလျှောစီးနေတဲ့ဓာတ်ပုံကိုမဖော်ပြရန်တောင်းဆိုမှုပြုလုပ်ခဲ့ပေမယ့်ယင်းဓာတ်ပုံမှာပရိသတ်များအကြားပေါက်ကြားသွားခဲ့ပါတယ်။

ဒါပေမယ့်ဘာစီလိုနာဥက္ကဌလာပေါ်တာကပီကေးမှာပရော်ဖက်ရှင်နယ်ပီသသူတစ်ဦးဖြစ်ပြီးကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်သူဖြစ်ကြောင်းနှင့်အရေးယူမှုပြုလုပ်သွားမှာမဟုတ်ကြောင်းပြောကြားသွားပါတယ်။

ZawGyi





