ဒဏ်ရာရရှိကာ ကမ္ဘာ့ဖလားလွဲမည်ကို စိုးရိမ်နေရတဲ့ ဆာဒေယိုမာနေး

ဘိုင်ယန်မြူးနစ်စတားဆာဒေယိုမာနေးဟာမနေ့ညတုန်းကဝါဒါဘရီမင်နှင့်ပွဲစဉ်တွင်ဒဏ်ရာရရှိသွားပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲလွဲမည်ကိုစိုးရိမ်နေရပါတယ်။

ဆီနီဂေါလက်ရွေးစင်ဟာမနေ့ညတုန်းကပွဲစဉ်ရဲ့ပထမပိုင်းမှာတင်ဒဏ်ရာရရှိကာ ထော့နင်းထော့နင်းဖြင့်ကွင်းအပြင်သို့ထွက်ခွာသွားခဲ့ရပါတယ်။

ဝါဒါဘရီမင်ကို၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်ဘိုင်ယန်မြူးနစ်နည်းပြနာဂယ်မန်းကဆာဒေယိုမာနေးရဲ့ဒဏ်ရာကိုလာမယ့်ရက်များတွင်စစ်ဆေးမှုပြုလုပ်သွားရမည်ဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

တကယ်လို့များမာနေးသာကမ္ဘာ့ဖလားလွဲမည်ဆိုပါက အာဖရိကဖလားချန်ပီယံဆီနီဂေါအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါမယ်။

မာနေးဟာမနေ့ညကပွဲစဉ်တွင်ဒဏ်ရာရရှိသွားမှုကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီနောက်ဆုံးကစားရမယ့်ယခုအပတ်အကုန်ဘွန်ဒက်စ်လီဂါပွဲစဉ်တွင်ပါဝင်လာနိုင်ဖို့မရှိပါဘူး။

သူဟာဆီနီဂေါအတွက်၉၃ပွဲကစားထားရာမှာ၃၄ဂိုးသွင်းထားသူဖြစ်ပါတယ်။သူဟာဘိုင်ယန်မြူးနစ်အတွက်၁၉ပွဲကစားရာတွင်၉ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

ဒဏ္ရာရရွိကာ ကမာၻ႔ဖလားလြဲမည္ကို စိုးရိမ္ေနရတဲ့ ဆာေဒယိုမာေနး

ဘိုင္ယန္ျမဴးနစ္စတားဆာေဒယိုမာေနးဟာမေန႔ညတုန္းကဝါဒါဘရီမင္ႏွင့္ပြဲစဥ္တြင္ဒဏ္ရာရရွိသြားၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲလြဲမည္ကိုစိုးရိမ္ေနရပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္ဟာမေန႔ညတုန္းကပြဲစဥ္ရဲ႕ပထမပိုင္းမွာတင္ဒဏ္ရာရရွိကာ ေထာ့နင္းေထာ့နင္းျဖင့္ကြင္းအျပင္သို႔ထြက္ခြာသြားခဲ့ရပါတယ္။

ဝါဒါဘရီမင္ကို၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ဘိုင္ယန္ျမဴးနစ္နည္းျပနာဂယ္မန္းကဆာေဒယိုမာေနးရဲ႕ဒဏ္ရာကိုလာမယ့္ရက္မ်ားတြင္စစ္ေဆးမႈျပဳလုပ္သြားရမည္ျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

တကယ္လို႔မ်ားမာေနးသာကမာၻ႔ဖလားလြဲမည္ဆိုပါက အာဖရိကဖလားခ်န္ပီယံဆီနီေဂါအတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္လာပါမယ္။

မာေနးဟာမေန႔ညကပြဲစဥ္တြင္ဒဏ္ရာရရွိသြားမႈေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီေနာက္ဆုံးကစားရမယ့္ယခုအပတ္အကုန္ဘြန္ဒက္စ္လီဂါပြဲစဥ္တြင္ပါဝင္လာႏိုင္ဖို႔မရွိပါဘူး။

သူဟာဆီနီေဂါအတြက္၉၃ပြဲကစားထားရာမွာ၃၄ဂိုးသြင္းထားသူျဖစ္ပါတယ္။သူဟာဘိုင္ယန္ျမဴးနစ္အတြက္၁၉ပြဲကစားရာတြင္၉ဂိုးသြင္းယူၿပီး၄ႀကိမ္ဖန္တီးထားပါတယ္။