ဒဏ်ရာရရှိကာ Golf Cart ဖြင့် နယ်သာလန်အသင်းကို လေ့ကျင့်ပေးခဲ့ရတဲ့ ဗန်ဂါးလ်

လူးဝစ်ဗန်ဂါးလ်ကသမားရိုးကျနည်းပြတစ်ဦးမဟုတ်တာသေချာပါတယ်။နယ်သာလန်နည်းပြဟာ Golf Cart စီးပြီးနယ်သာလန်လက်ရွေးစင်ကစားသမားများကိုလေ့ကျင့်ပေးခဲ့ရပါတယ်။

နည်းပြဘဝတစ်လျှောက်အောင်မြင်မှုများစွာရယူခဲ့ဖူးတဲ့ဗန်ဂါးလ်ဟာတစ်ခါတစ်လေမထင်မှတ်တဲ့အပြုအမူများပြုလုပ်လေ့ရှိသူဖြစ်ပြီးတစ်ခါတစ်ခါကာတွန်းဇာတ်ကောင်လိုတုံ့ပြန်မှုမျိုးပြုလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာယနေ့ညနော်ဝေနှင့်ပွဲအတွက်ကမ္ဘာ့ဖလားခြေစစ်ပွဲအဆုံးအဖြတ်ပွဲစဉ်အတွက်နယ်သာလန်အသင်းကိုလေ့ကျင့်ပေးရာမှာ Golf Cart ကိုသုံးခဲ့ရပါတယ်။

အသက်၇၀နှစ်ရှိနည်းပြဟာစက်ဘီးစီးစဉ်မတော်တဆဒဏ်ရာရရှိသွားမှုနဲ့အတူ ဝီးရှဲလ်စီးနေရပါတယ်။

သူဟာဝီးရှဲလ်စီးပြီးအသင်းကိုလေ့ကျင့်ပေးဖို့မဖြစ်နိုင်တာကြောင့် Golf Cart စီးပြီးအသင်းကိုလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။

ဗန်ဂါးလ်ဟာစက်ဘီးမှောက်မှုကြောင့်တင်ပါးဆုံဒဏ်ရာရရှိခဲ့ပေမယ့်လည်းနော်ဝေနှင့်ပွဲမှာကြီးကြပ်သွားဦးမှာဖြစ်ပါတယ်။ဗန်ဂါးလ်ဟာဒဏ်ရာကြောင့်သတင်းစာရှင်းလင်းပွဲသို့တောင်တက်နိုင်ခဲ့ခြင်းမရှိဘဲ Zoom ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရပါတယ်။

ဗန်ဂါးလ်ဦးဆောင်တဲ့နယ်သာလန်ဟာယနေ့ညဟာလန်းရဲ့နော်ဝေကိုအနိုင်ရရှိပါကကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပါမယ်။တကယ်လို့များနော်ဝေနှင့်တူရကီတို့သာအနိုင်ရရှိမယ်ဆိုရင်နယ်သာလန်ဟာပလေးအော့ဖ်ကနေဝင်ခွင့်တောင်ရတော့မှာမဟုတ်တော့ပါဘူး။

ZawGyi

ဒဏ္ရာရရွိကာ Golf Cart ျဖင့္ နယ္သာလန္အသင္းကို ေလ့က်င့္ေပးခဲ့ရတဲ့ ဗန္ဂါးလ္

လူးဝစ္ဗန္ဂါးလ္ကသမား႐ိုးက်နည္းျပတစ္ဦးမဟုတ္တာေသခ်ာပါတယ္။နယ္သာလန္နည္းျပဟာ Golf Cart စီးၿပီးနယ္သာလန္လက္ေ႐ြးစင္ကစားသမားမ်ားကိုေလ့က်င့္ေပးခဲ့ရပါတယ္။

နည္းျပဘဝတစ္ေလွ်ာက္ေအာင္ျမင္မႈမ်ားစြာရယူခဲ့ဖူးတဲ့ဗန္ဂါးလ္ဟာတစ္ခါတစ္ေလမထင္မွတ္တဲ့အျပဳအမူမ်ားျပဳလုပ္ေလ့ရွိသူျဖစ္ၿပီးတစ္ခါတစ္ခါကာတြန္းဇာတ္ေကာင္လိုတုံ႔ျပန္မႈမ်ိဳးျပဳလုပ္ေလ့ရွိသူလည္းျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာယေန႔ညေနာ္ေဝႏွင့္ပြဲအတြက္ကမာၻ႔ဖလားေျခစစ္ပြဲအဆုံးအျဖတ္ပြဲစဥ္အတြက္နယ္သာလန္အသင္းကိုေလ့က်င့္ေပးရာမွာ Golf Cart ကိုသုံးခဲ့ရပါတယ္။

အသက္၇၀ႏွစ္ရွိနည္းျပဟာစက္ဘီးစီးစဥ္မေတာ္တဆဒဏ္ရာရရွိသြားမႈနဲ႔အတူ ဝီးရွဲလ္စီးေနရပါတယ္။

သူဟာဝီးရွဲလ္စီးၿပီးအသင္းကိုေလ့က်င့္ေပးဖို႔မျဖစ္ႏိုင္တာေၾကာင့္ Golf Cart စီးၿပီးအသင္းကိုေလ့က်င့္မႈျပဳလုပ္ခဲ့ပါတယ္။

ဗန္ဂါးလ္ဟာစက္ဘီးေမွာက္မႈေၾကာင့္တင္ပါးဆုံဒဏ္ရာရရွိခဲ့ေပမယ့္လည္းေနာ္ေဝႏွင့္ပြဲမွာႀကီးၾကပ္သြားဦးမွာျဖစ္ပါတယ္။ဗန္ဂါးလ္ဟာဒဏ္ရာေၾကာင့္သတင္းစာရွင္းလင္းပြဲသို႔ေတာင္တက္ႏိုင္ခဲ့ျခင္းမရွိဘဲ Zoom ျဖင့္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ရပါတယ္။

ဗန္ဂါးလ္ဦးေဆာင္တဲ့နယ္သာလန္ဟာယေန႔ညဟာလန္းရဲ႕ေနာ္ေဝကိုအႏိုင္ရရွိပါကကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ပါမယ္။တကယ္လို႔မ်ားေနာ္ေဝႏွင့္တူရကီတို႔သာအႏိုင္ရရွိမယ္ဆိုရင္နယ္သာလန္ဟာပေလးေအာ့ဖ္ကေနဝင္ခြင့္ေတာင္ရေတာ့မွာမဟုတ္ေတာ့ပါဘူး။