ဒဏ်ရာရရှိနေတဲ့ ဗန်ဒိုက်ကို ယူရို၂၀၂၀ ပြိုင်ပွဲဝင် နယ်သာလန်အသင်းမှာ နေရာသစ်ပေးထား

လီဗာပူးစတားဗာဂယ်ဗန်ဒိုက်ဟာယူရို၂၀၂၀ပြိုင်ပွဲဝင်နယ်သာလန်အသင်းတွင်နည်းပြဖရန့်ဒီဘိုးဝါးရဲ့နည်းပြအဖွဲ့တွင်တရားဝင်မဟုတ်တဲ့အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၂၉နှစ်ရှိဒတ်ချ်အသင်းခေါင်းဆောင်ဟာအောက်တိုဘာလတုန်ကရရှိခဲ့တဲ့ဒူးအရွတ်ဒဏ်ရာကြောင့်လီဗာပူးရဲ့၂၀၂၀-၂၁ဘောလုံးရာသီတစ်ခုလုံးနီးပါးကိုလွဲချော်ခဲ့ပါတယ်။

ဗန်ဒိုက်ဟာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပေမယ့်နယ်သာလန်အသင်းရဲ့ယူရို၂၀၂၀စာရင်းတွင်ပါဝင်ခဲ့ခြင်းမရှိပါဘူး။

ယခုအခါမှာတော့နယ်သာလန်နည်းပြဒီဘိုးဝါးဟာလီဗာပူးနောက်ခံလူအားသူ့ရဲ့နည်းပြအဖွဲ့ဝင်ထဲမှာတရားဝင်မဟုတ်တဲ့အဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ဗန်ဒိုက်ဟာနယ်သာလန်အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလိုကစားဖော်များအပေါ်မှာဩဇာလွမ်းမိုးတာကြောင့်ဖရန့်ဒီဘိုးဝါးကသူ့ရဲ့နည်းပြအဖွဲ့ဝင်ထဲမှာတရားဝင်မဟုတ်တဲ့အဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ZawGyi



အသက်၂၉နှစ်ရှိဒတ်ခ်ျအသင်းခေါင်းဆောင်ဟာအောက်တိုဘာလတုန်ကရရှိခဲ့တဲ့ဒူးအရွတ်ဒဏ်ရာကြောင့်လီဗာပူးရဲ့၂၀၂၀-၂၁ဘောလုံးရာသီတစ်ခုလုံးနီးပါးကိုလွဲချော်ခဲ့ပါတယ်။


