ဒဏ်ရာရရှိသွားတဲ့ကာမိုအားဆေးရုံသို့ခေါ်ဆောင်မယ့်လူနာတင်ယာဉ်စက်မနှိုးလို့ပေါ်တိုနှင့်ဘရာဂါကစားသမားများတွန်းပေးခဲ့ရ

ပေါ်တိုနှင့်ဘရာဂါကစားသမားတို့ဟာဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ကစားသမားအားဆေးရုံသို့အရေးပေါ်ပို့ဆောင်ရန်ကွင်းအတွင်းရောက်လာတဲ့ကားမှာစက်မနှိုးမှုကြောင့်တွန်းနှိုးပေးခဲ့ရကြောင်းသိရပါတယ်။

မနေ့ညတုန်းကကစားခဲ့တဲ့ Taca de Portugal ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင်လီဗာပူးနှင့်မန်ယူတို့ ပစ်မှတ်ထားနေတဲ့ဘရာဂါနောက်ခံလူဒေးဗစ်ကာမိုဟာခြေကျင်းဝတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ပေါ်တိုက၁-၀ဂိုးဖြင့်ဦးဆောင်နေချိန်မှာအသက်၂၁နှစ်ရှိနောက်ခံလူဟာသူ့ကိုကျော်ဖြတ်ဖို့ကြိုးစားတဲ့လူး ဝစ်ဒိုင်ယက်ဇ်ကိုတားဆီးခဲ့ပါတယ်။

အစောပိုင်းတုန်းကဗန်ဒိုက်လက်သစ်အဖြစ်နာမည်ကြီးနေတဲ့ကာမိုမှာခေါင်းဒဏ်ရာရရှိသွားတယ်လို့ယူဆရပါတယ်။နှစ်ဖက်ကစားသမားတို့ကဆေးအကူခေါ်ယူရန်အချက်ပြခဲ့ပါတယ်။

အနှေးပြကွက်အရဒိုင်ယက်စ်မှာကာမိုရဲ့ခြေကျင်းဝတ်ကိုကြမ်းတမ်းစွာကစားခဲ့ကြောင်းတွေ့ရှိရပြီးအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ကာမိုကိုဆေးရုံသို့အရေးပေါ်ပို့ဆောင်ဖို့ရောက်လာတဲ့လူနာတင်ယာဉ်ဟာကွင်းမှာထွက်ခွာဖို့ပြင်ချိန်မှာတော့စက်နှိုးလို့မရတော့ပါဘူး။ဒါကြောင့်လည်းနှစ်ဖက်ကစားသမားတို့ဟာလူနာတင်ယာဉ်ကိုကွင်းပြင်သို့ တွန်းပို့ခဲ့ကြရပါတယ်။

ပေါ်တိုဟာဆယ်ယောက်တည်းဖြင့်ကစားခဲ့ရပါတယ်။စတုတ္ထဒိုင်လူကြီးကလည်းနာကျင်အချိန်ပို၁၂မိနစ်အထိပေးခဲ့ပါတယ်။နာကျင်အချိန်ပိုမှာပေါ်တိုဘက်မှမားသီးယပ်စ်ယူရီဘီအနီကတ်ပြခံရလို့၉ယောက် တည်းဖြင့်ကစားခဲ့ရပါတယ်။ဘရာဂါပွဲပြီးခါနီးမှာချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယအကျော့ပွဲစဉ်ကိုပေါ်တိုမှာမတ်လ၃ရက်နေ့မှာကစားသွားပါမယ်။

ZawGyi

ဒဏ္ရာရရွိသြားတဲ့ကာမိုအားေဆး႐ုံသို႔ေခၚေဆာင္မယ့္လူနာတင္ယာဥ္စက္မႏႈိးလို႔ေပၚတိုႏွင့္ဘရာဂါကစားသမားမ်ားတြန္းေပးခဲ့ရ

ေပၚတိုႏွင့္ဘရာဂါကစားသမားတို႔ဟာဒဏ္ရာအျပင္းအထန္ရရွိသြားတဲ့ကစားသမားအားေဆး႐ုံသို႔အေရးေပၚပို႔ေဆာင္ရန္ကြင္းအတြင္းေရာက္လာတဲ့ကားမွာစက္မႏႈိးမႈေၾကာင့္တြန္းႏႈိးေပးခဲ့ရေၾကာင္းသိရပါတယ္။

မေန႔ညတုန္းကကစားခဲ့တဲ့ Taca de Portugal ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္တြင္လီဗာပူးႏွင့္မန္ယူတို႔ ပစ္မွတ္ထားေနတဲ့ဘရာဂါေနာက္ခံလူေဒးဗစ္ကာမိုဟာေျခက်င္းဝတ္ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။

ေပၚတိုက၁-၀ဂိုးျဖင့္ဦးေဆာင္ေနခ်ိန္မွာအသက္၂၁ႏွစ္ရွိေနာက္ခံလူဟာသူ႔ကိုေက်ာ္ျဖတ္ဖို႔ႀကိဳးစားတဲ့လူး ဝစ္ဒိုင္ယက္ဇ္ကိုတားဆီးခဲ့ပါတယ္။

အေစာပိုင္းတုန္းကဗန္ဒိုက္လက္သစ္အျဖစ္နာမည္ႀကီးေနတဲ့ကာမိုမွာေခါင္းဒဏ္ရာရရွိသြားတယ္လို႔ယူဆရပါတယ္။ႏွစ္ဖက္ကစားသမားတို႔ကေဆးအကူေခၚယူရန္အခ်က္ျပခဲ့ပါတယ္။

အေႏွးျပကြက္အရဒိုင္ယက္စ္မွာကာမိုရဲ႕ေျခက်င္းဝတ္ကိုၾကမ္းတမ္းစြာကစားခဲ့ေၾကာင္းေတြ႕ရွိရၿပီးအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ကာမိုကိုေဆး႐ုံသို႔အေရးေပၚပို႔ေဆာင္ဖို႔ေရာက္လာတဲ့လူနာတင္ယာဥ္ဟာကြင္းမွာထြက္ခြာဖို႔ျပင္ခ်ိန္မွာေတာ့စက္ႏႈိးလို႔မရေတာ့ပါဘူး။ဒါေၾကာင့္လည္းႏွစ္ဖက္ကစားသမားတို႔ဟာလူနာတင္ယာဥ္ကိုကြင္းျပင္သို႔ တြန္းပို႔ခဲ့ၾကရပါတယ္။

ေပၚတိုဟာဆယ္ေယာက္တည္းျဖင့္ကစားခဲ့ရပါတယ္။စတုတၳဒိုင္လူႀကီးကလည္းနာက်င္အခ်ိန္ပို၁၂မိနစ္အထိေပးခဲ့ပါတယ္။နာက်င္အခ်ိန္ပိုမွာေပၚတိုဘက္မွမားသီးယပ္စ္ယူရီဘီအနီကတ္ျပခံရလို႔၉ေယာက္ တည္းျဖင့္ကစားခဲ့ရပါတယ္။ဘရာဂါပြဲၿပီးခါနီးမွာေခ်ပဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒုတိယအေက်ာ့ပြဲစဥ္ကိုေပၚတိုမွာမတ္လ၃ရက္ေန႔မွာကစားသြားပါမယ္။