ဒဏ်ရာရဟန်ဆောင်ပြီး အာဂျင်တီးနားကစားဖော်တွေကို နောက်ပြောင်ခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားအသင်းရဲ့လေ့ကျင့်ရေးကွင်းတွင်ဒဏ်ရာရဟန်ဆောင်ကာကစားဖော်များကိုနောက်ပြောင်ခဲ့ပါတယ်။

မက်ဆီဟာကမ္ဘာ့ဖလားမတိုင်မီပီအက်စ်ဂျီရဲ့နောက်ဆုံးပွဲကိုဝင်ရောက်ကစားခဲ့ရာ အာဂျင်တီးနားပရိသတ်များမှာဒဏ်ရာရရှိမှာစိုးရိမ်ခဲ့ကြပါတယ်။ဒါပေမဲ့ပီအက်စ်ဂျီနည်းပြခရစ္စတိုဖီဂယ်တီယာဟာပွဲချိန်၇၅မိနစ်မှာလူစားလဲလှယ်ပေးခဲ့ပါတယ်။

မက်ဆီဟာတနင်္လာနေ့မှစတင်ကာအာဂျင်တီးနားအသင်းဖော်များနှင့်အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်စတင်လေ့ကျင့်ခန်းဆင်းနေပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရမက်ဆီဟာလေ့ကျင့်ခန်းအစီအစဉ်တွင်ခြေထောက်ဒဏ်ရာရရှိဟန်ဆောင်ကာ ဟာသလုပ်ခဲ့တာတွေ့ရပါတယ်။အာဂျင်တီးနားကစားဖော်ရိုဒရီဂိုဒီပေါလ်လည်းမက်ဆီရဲ့နောက်ပြောင်မှုအပေါ်ရယ်မောနေတာတွေ့ရပါတယ်။

အာဂျင်တီးနားဟာလာမယ့်နိုဝင်ဘာလ၂၂ ရက်နေ့တွင်ဆော်ဒီနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားသွားရပါမယ်။ယင်းပွဲအပြီးတွင်အာဂျင်တီးနားဟာမက္ကဆီကို၊ပိုလန်တို့နှင့်ရင်ဆိုင်ကစားရပါမယ်။

မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ZawGyi

ဒဏ္ရာရဟန္ေဆာင္ၿပီး အာဂ်င္တီးနားကစားေဖာ္ေတြကို ေနာက္ေျပာင္ခဲ့တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားအသင္းရဲ႕ေလ့က်င့္ေရးကြင္းတြင္ဒဏ္ရာရဟန္ေဆာင္ကာကစားေဖာ္မ်ားကိုေနာက္ေျပာင္ခဲ့ပါတယ္။

မက္ဆီဟာကမာၻ႔ဖလားမတိုင္မီပီအက္စ္ဂ်ီရဲ႕ေနာက္ဆုံးပြဲကိုဝင္ေရာက္ကစားခဲ့ရာ အာဂ်င္တီးနားပရိသတ္မ်ားမွာဒဏ္ရာရရွိမွာစိုးရိမ္ခဲ့ၾကပါတယ္။ဒါေပမဲ့ပီအက္စ္ဂ်ီနည္းျပခရစၥတိုဖီဂယ္တီယာဟာပြဲခ်ိန္၇၅မိနစ္မွာလူစားလဲလွယ္ေပးခဲ့ပါတယ္။

မက္ဆီဟာတနလၤာေန႔မွစတင္ကာအာဂ်င္တီးနားအသင္းေဖာ္မ်ားႏွင့္အတူ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္စတင္ေလ့က်င့္ခန္းဆင္းေနပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရမက္ဆီဟာေလ့က်င့္ခန္းအစီအစဥ္တြင္ေျခေထာက္ဒဏ္ရာရရွိဟန္ေဆာင္ကာ ဟာသလုပ္ခဲ့တာေတြ႕ရပါတယ္။အာဂ်င္တီးနားကစားေဖာ္႐ိုဒရီဂိုဒီေပါလ္လည္းမက္ဆီရဲ႕ေနာက္ေျပာင္မႈအေပၚရယ္ေမာေနတာေတြ႕ရပါတယ္။

အာဂ်င္တီးနားဟာလာမယ့္ႏိုဝင္ဘာလ၂၂ ရက္ေန႔တြင္ေဆာ္ဒီႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားသြားရပါမယ္။ယင္းပြဲအၿပီးတြင္အာဂ်င္တီးနားဟာမကၠဆီကို၊ပိုလန္တို႔ႏွင့္ရင္ဆိုင္ကစားရပါမယ္။

မက္ဆီဦးေဆာင္တဲ့အာဂ်င္တီးနားဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္ရန္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။