ဒဏ်ရာအကြောင်းပြပြီး ပေါ်တူဂီသို့ သွားကာ မန်စီးတီးပွဲမကစားပြီးနောက် အင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်တွင် နောက်ဆုံးမှ ပြန်ခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္ဂနွေနေ့တုန်းကမန်ချက်စတာဒါဘီပွဲတွင်ပါဝင်မကစားခဲ့ပြီးနောက်အင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်မှနောက်ဆုံးမှပြန်ခဲ့ကြောင်းသိရပါတယ်။

အသက်၃၇နှစ်ရှိပေါ်တူဂီစူပါစတားဟာတင်ပုဆုံဒဏ်ရာကြောင့်တနင်္ဂနွေနေ့တုန်းကမန်ချက်စတာဒါဘီပွဲကိုလွဲပြီးနောက်ပေါ်တူဂီသို့ထွက်ခွာသွားခဲ့ပါတယ်။

ဒါပေမဲ့သူဟာအင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်တွင်ကစားဖော်များနှင့်အတူ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

အစောပိုင်းသတင်းများအရခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးနှင့်ပွဲတွင် အရန်ခုံတွင်ထိုင်နေရမယ်လို့သိရပြီးနောက်ဒေါသထွက်ကာလူစာရင်းမှချန်လှပ်ရန်တောင်းဆိုခဲ့ပြီးပေါ်တူဂီသို့ထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။

ရန်းနစ်ခ်ကမည်သည့်ယူနိုက်တက်ကစားသမားကိုမှနိုင်ငံခြားသို့သွားရောက်ကာဆေးကုသခွင့်မပေးကြောင်းဆိုထားပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီသို့သွားရောက်ကာ ပူနွေးရာသီလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပါတယ်။

ZawGyi





