ဒဏ်ရာအခြေအနေ အံ့ဩစရာကောင်းအောင် တိုးတက်နေမှုကြောင့် မကြာခင်ပြန်လာတော့မယ့် လူကာကူ

ရိုမဲလူလူကာကူဟာခြေသလုံးဒဏ်ရာကြောင့်တစ်လအထိအနားယူရမယ်လို့ယူဆခြင်းခံခဲ့ရပေမယ့်ဒဏ်ရာအခြေအနေမှာအံ့ဩစရာကောင်းလောက်အောင်တိုးတက်ကောင်းမွန်နေမှုနဲ့အတူလာမယ့်အပတ်တွင်ချဲလ်ဆီးအတွက်ပြန်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာအောက်တိုဘာလ၂၀ရက်နေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်မယ်လ်မိုအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ခြေသလုံးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။သူဟာယင်းဒဏ်ရာကြောင့်အနည်းဆုံးတစ်လနားရမှာဖြစ်ပြီးကြံ့ခိုင်မှုပြည့်ဝရန်အချိန်ငယ်ထပ်ယူရပါဦးမယ်။

ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရလူကာကူဟာလာမယ့်အပတ်နိုင်ငံတကာပွဲစဉ်များအပြီးတွင်ချဲလ်ဆီးအတွက်ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်းသိရပါတယ်။

လူကာကူဟာနေအိမ်တွင်ဒဏ်ရာကုသမှုခံယူတဲ့အပြင်ချဲလ်ဆီးရဲ့ကော့ဘ်ဟန်လေ့ကျင့်ရေးကွင်းသို့လည်းသွားရောက်ကာကုသမှုခံယူပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်းဟာယနေ့ညဆွီဒင်တွင်မယ်လ်မိုနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ပွဲစဉ်နှင့်ယခုအပတ်အကုန်ဘန်လေနှင့်ပွဲတို့မှာပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။ဒါပေမယ့်သူဟာနိုဝင်ဘာလ၂၀ရက်နေ့လက်စတာနှင့်ပွဲစဉ်မှာပါဝင်လာဖို့ရှိပါတယ်။

ဒါ့အပြင်သူဟာလာမယ့်အပတ်ဘယ်လ်ဂျီယံရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်လည်းနည်းပြမာတီနက်ဇ်ရဲ့ရွေးချယ်ခြင်းခံရဖို့ရှိနေပါသေးတယ်။

ZawGyi

ဒဏ္ရာအေျခအေန အံ့ဩစရာေကာင္းေအာင္ တိုးတက္ေနမႈေၾကာင့္ မၾကာခင္ျပန္လာေတာ့မယ့္ လူကာကူ

႐ိုမဲလူလူကာကူဟာေျခသလုံးဒဏ္ရာေၾကာင့္တစ္လအထိအနားယူရမယ္လို႔ယူဆျခင္းခံခဲ့ရေပမယ့္ဒဏ္ရာအေျခအေနမွာအံ့ဩစရာေကာင္းေလာက္ေအာင္တိုးတက္ေကာင္းမြန္ေနမႈနဲ႔အတူလာမယ့္အပတ္တြင္ခ်ဲလ္ဆီးအတြက္ျပန္လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာေအာက္တိုဘာလ၂၀ရက္ေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္မယ္လ္မိုအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ေျခသလုံးဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။သူဟာယင္းဒဏ္ရာေၾကာင့္အနည္းဆုံးတစ္လနားရမွာျဖစ္ၿပီးႀကံ့ခိုင္မႈျပည့္ဝရန္အခ်ိန္ငယ္ထပ္ယူရပါဦးမယ္။

ဒါေပမယ့္ယေန႔ထြက္ေပၚလာတဲ့သတင္းအရလူကာကူဟာလာမယ့္အပတ္ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္ခ်ဲလ္ဆီးအတြက္ျပန္ကစားႏိုင္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

လူကာကူဟာေနအိမ္တြင္ဒဏ္ရာကုသမႈခံယူတဲ့အျပင္ခ်ဲလ္ဆီးရဲ႕ေကာ့ဘ္ဟန္ေလ့က်င့္ေရးကြင္းသို႔လည္းသြားေရာက္ကာကုသမႈခံယူပါတယ္။

မန္ယူတိုက္စစ္မႉးေဟာင္းဟာယေန႔ညဆြီဒင္တြင္မယ္လ္မိုႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ႏွင့္ယခုအပတ္အကုန္ဘန္ေလႏွင့္ပြဲတို႔မွာပါဝင္ႏိုင္ဦးမွာမဟုတ္ပါဘူး။ဒါေပမယ့္သူဟာႏိုဝင္ဘာလ၂၀ရက္ေန႔လက္စတာႏွင့္ပြဲစဥ္မွာပါဝင္လာဖို႔ရွိပါတယ္။

ဒါ့အျပင္သူဟာလာမယ့္အပတ္ဘယ္လ္ဂ်ီယံရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္လည္းနည္းျပမာတီနက္ဇ္ရဲ႕ေ႐ြးခ်ယ္ျခင္းခံရဖို႔ရွိေနပါေသးတယ္။