ဒတ်ချ်စတားနှင့်တွဲဖူးတဲ့ ကလေးနှစ်ယောက်အမေ ဘယ်လ်ဂျီယံမော်ဒယ်နှင့်တွဲနေကြောင်း သတင်းထွက်နေတဲ့ ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာဘယ်လ်ဂျီယံမော်ဒယ်ရို့စ်ဘာထရမ်းနှင့်ချစ်ကြိုက်နေကြောင်းကောလာဟလများထွက်ပေါ်နေပါတယ်။

ဘက်ပေးကကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက်ပြင်ဆင်နေချိန်တွင် အသက်၂၈နှစ်ရှိချောမောလှပလွန်းလှတဲ့မော်ဒယ်ကလည်းကာတာမှာဖက်ရှင်ရှိုးတစ်ပွဲမှာပါဝင်ခဲ့ပါတယ်။

တကယ်တော့ဘက်ပေးနှင့်ဘာထရမ်းတို့သတင်းကထွက်ပေါ်လာခဲ့တာယခုမှမဟုတ်ပါဘူး။လွန်ခဲ့တဲ့လအနည်းငယ်ခန့်ကတည်းကဘယ်လ်ဂျီယံမီဒီယာတွေရေးသားနေခဲ့ကြတာပါ။

၎င်းတို့ဟာပဲရစ်ဖက်ရှင်ပြပွဲတွေမှာဆုံတွေ့ရင်းချစ်ကြိုက်သွားခဲ့ကြတာလို့ယူဆရပါတယ်။လက်ရှိအချိန်မှာတော့နှစ်ဦးလုံးကယင်းသတင်းကိုအတည်ပြုခြင်းတော့မရှိသေးပါဘူး။

တကယ်တော့ဘာထရမ်းကဘောလုံးလောကနဲ့စိမ်းတဲ့သူမဟုတ်ပါဘူး။သူမဟာအသက်၁၇နှစ်အရွယ်တုန်းကအေဂျက်စ်နှင့်နယ်သာလန်စတားဟောင်းဂရီဂိုရီဗန်ဒါဝီရယ်နှင့်ချစ်ကြိုက်ဖူးပြီးသမီးတစ်ဦးထွန်းကားထားခဲ့သူဖြစ်ပါတယ်။

ဘာထရမ်းဟာဗန်ဒါဝီရယ်နဲ့ ကလေးနှစ်ဦးထွန်းကားခဲ့ပေမဲ့ယခုနှစ်အစောပိုင်းတုန်းကလူသိရှင်ကြားလမ်းခွဲခဲ့ကြပါတယ်။

ဘက်ပေးဟာသူ့လူနေမှုဘဝကိုအမြဲတမ်းလျို့ဝှက်နေထိုင်တတ်သူဖြစ်ပြီးသူ့ချစ်သူကိုလျို့ဝှက်ထားတုန်းဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်းဘက်ပေးဟာပြင်သစ်မယ်ဟောင်းအလီစီယာအေလီနှင့်ချစ်ကြိုက်နေကြောင်းသတင်းထွက်ခဲ့ပါသေးတယ်။

ZawGyi

ဒတ္ခ်္စတားႏွင့္တြဲဖူးတဲ့ ကေလးႏွစ္ေယာက္အေမ ဘယ္လ္ဂ်ီယံေမာ္ဒယ္ႏွင့္တြဲေနေၾကာင္း သတင္းထြက္ေနတဲ့ ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာဘယ္လ္ဂ်ီယံေမာ္ဒယ္႐ို႕စ္ဘာထရမ္းႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္းေကာလာဟလမ်ားထြက္ေပၚေနပါတယ္။

ဘက္ေပးကကမာၻ႔ဖလားဗိုလ္လုပြဲအတြက္ျပင္ဆင္ေနခ်ိန္တြင္ အသက္၂၈ႏွစ္ရွိေခ်ာေမာလွပလြန္းလွတဲ့ေမာ္ဒယ္ကလည္းကာတာမွာဖက္ရွင္ရႈိးတစ္ပြဲမွာပါဝင္ခဲ့ပါတယ္။

တကယ္ေတာ့ဘက္ေပးႏွင့္ဘာထရမ္းတို႔သတင္းကထြက္ေပၚလာခဲ့တာယခုမွမဟုတ္ပါဘူး။လြန္ခဲ့တဲ့လအနည္းငယ္ခန႔္ကတည္းကဘယ္လ္ဂ်ီယံမီဒီယာေတြေရးသားေနခဲ့ၾကတာပါ။

၎တို႔ဟာပဲရစ္ဖက္ရွင္ျပပြဲေတြမွာဆုံေတြ႕ရင္းခ်စ္ႀကိဳက္သြားခဲ့ၾကတာလို႔ယူဆရပါတယ္။လက္ရွိအခ်ိန္မွာေတာ့ႏွစ္ဦးလုံးကယင္းသတင္းကိုအတည္ျပဳျခင္းေတာ့မရွိေသးပါဘူး။

တကယ္ေတာ့ဘာထရမ္းကေဘာလုံးေလာကနဲ႔စိမ္းတဲ့သူမဟုတ္ပါဘူး။သူမဟာအသက္၁၇ႏွစ္အ႐ြယ္တုန္းကေအဂ်က္စ္ႏွင့္နယ္သာလန္စတားေဟာင္းဂရီဂိုရီဗန္ဒါဝီရယ္ႏွင့္ခ်စ္ႀကိဳက္ဖူးၿပီးသမီးတစ္ဦးထြန္းကားထားခဲ့သူျဖစ္ပါတယ္။

ဘာထရမ္းဟာဗန္ဒါဝီရယ္နဲ႔ ကေလးႏွစ္ဦးထြန္းကားခဲ့ေပမဲ့ယခုႏွစ္အေစာပိုင္းတုန္းကလူသိရွင္ၾကားလမ္းခြဲခဲ့ၾကပါတယ္။

ဘက္ေပးဟာသူ႔လူေနမႈဘဝကိုအၿမဲတမ္းလ်ိဳ႕ဝွက္ေနထိုင္တတ္သူျဖစ္ၿပီးသူ႔ခ်စ္သူကိုလ်ိဳ႕ဝွက္ထားတုန္းျဖစ္ပါတယ္။

ယခုႏွစ္အေစာပိုင္းတုန္းကလည္းဘက္ေပးဟာျပင္သစ္မယ္ေဟာင္းအလီစီယာေအလီႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္းသတင္းထြက္ခဲ့ပါေသးတယ္။