ဒန်နီအင်းစ်မှာ ဆောက်သမ်တန်တွင် ဆက်ကစားလိုကြောင်း နည်းပြဟာဆန်ဟက်ပြောကြား

ဆောက်သမ်တန်နည်းပြဟာဆန်ဟက်ကတိုက်စစ်မှူးဒန်နီအင်းစ်မှာဆောက်သမ်တန်တွင်ပင်ဆက် ကစားလိုကြောင်းနှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှုပြုလုပ်နေကြောင်းအတည်ပြု ပြောကြားလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက်၃ပွဲကစားခွင့်ရရှိထားတဲ့အသက်၂၈နှစ်ရှိဒန်နီအင်းစ်ဟာဆောက်သမ်တန်နှင့်၁၇လစာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာဇန်နဝါရီလအစောပိုင်းတုန်းကတည်းကဒန်နီအင်းစ်ကိုစာချုပ်သစ်ချုပ်ဆိုရေးဆွေး နွေးခဲ့ပေမယ့်ကစားသမားဘက်မှလုပ်ခမြင့်မားစွာတောင်းဆိုမှုကြောင့်အခက်တွေ့နေရပါတယ်။ဒါကြောင့် လည်းစပါးစ်နှင့်မန်စီးတီးတို့ကသူ့ကိုခေါ်ယူရေးစိတ်ဝင်စားနေပါတယ်။

ဆောက်သမ်တန်ဟာလာမယ့်နွေရာသီမတိုင်မီဒန်နီအင်းစ်ကိုစာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါကရောင်းချရမယ့်အခြေအနေမျိုးမှာရှိပါတယ်။ဒါပေမယ့်၎င်းတို့ဟာအရေးပါတဲ့တိုက်စစ်မှူးကိုလက်လွှတ်လိုခြင်းမရှိဘဲ စာချုပ်သစ်ချုပ်ဆိုနိုင်ရေးမျှော်လင့်နေဆဲဖြစ်ပါတယ်။

ဟာဆန်ဟက်က “ကောလာဟလတွေကအများကြီးထွက်နေတာပါ။ဒါတွေနဲ့ပတ်သက်ပြီးမှတ်ချက်ပေး နေစရာမလိုပါဘူး။ရည်ရွယ်ချက်ကတစ်ခုတည်းပါ။သူကကျွန်တော်တို့အတွက်အရေးပါတဲ့ကစားသမားတစ်ဦးဆိုတာလူတိုင်းသိပါတယ်။သူကိုယ်တိုင်ကကျွန်တော်တို့နဲ့အတူဆက်ရှိချင်ပါတယ်။မီဒီယာတွေမှာဖော် ပြနေတာနဲ့ပတ်သက်ပြီးပြောနေစရာအကြောင်းမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ဒန္နီအင္းစ္မွာ ေဆာက္သမ္တန္တြင္ ဆက္ကစားလိုေၾကာင္း နည္းျပဟာဆန္ဟက္ေျပာၾကား

ေဆာက္သမ္တန္နည္းျပဟာဆန္ဟက္ကတိုက္စစ္မႉးဒန္နီအင္းစ္မွာေဆာက္သမ္တန္တြင္ပင္ဆက္ ကစားလိုေၾကာင္းႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းအတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္၃ပြဲကစားခြင့္ရရွိထားတဲ့အသက္၂၈ႏွစ္ရွိဒန္နီအင္းစ္ဟာေဆာက္သမ္တန္ႏွင့္၁၇လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ပါတယ္။

ေဆာက္သမ္တန္ဟာဇန္နဝါရီလအေစာပိုင္းတုန္းကတည္းကဒန္နီအင္းစ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြး ေႏြးခဲ့ေပမယ့္ကစားသမားဘက္မွလုပ္ချမင့္မားစြာေတာင္းဆိုမႈေၾကာင့္အခက္ေတြ႕ေနရပါတယ္။ဒါေၾကာင့္ လည္းစပါးစ္ႏွင့္မန္စီးတီးတို႔ကသူ႔ကိုေခၚယူေရးစိတ္ဝင္စားေနပါတယ္။

ေဆာက္သမ္တန္ဟာလာမယ့္ေႏြရာသီမတိုင္မီဒန္နီအင္းစ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိပါကေရာင္းခ်ရမယ့္အေျခအေနမ်ိဳးမွာရွိပါတယ္။ဒါေပမယ့္၎တို႔ဟာအေရးပါတဲ့တိုက္စစ္မႉးကိုလက္လႊတ္လိုျခင္းမရွိဘဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။

ဟာဆန္ဟက္က “ေကာလာဟလေတြကအမ်ားႀကီးထြက္ေနတာပါ။ဒါေတြနဲ႔ပတ္သက္ၿပီးမွတ္ခ်က္ေပး ေနစရာမလိုပါဘူး။ရည္႐ြယ္ခ်က္ကတစ္ခုတည္းပါ။သူကကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့ကစားသမားတစ္ဦးဆိုတာလူတိုင္းသိပါတယ္။သူကိုယ္တိုင္ကကြၽန္ေတာ္တို႔နဲ႔အတူဆက္ရွိခ်င္ပါတယ္။မီဒီယာေတြမွာေဖာ္ ျပေနတာနဲ႔ပတ္သက္ၿပီးေျပာေနစရာအေၾကာင္းမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။