ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးသွားမည်ဟု ဘာစီလိုနာဥက္ကဌလာပေါ်တာအတည်ပြု

ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကအူစမာနီဒမ်ဘီလီအားစာချုပ်သစ်ချုပ်ရန်အတွက် ကစားသမားရဲ့အေးဂျင့်များနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်စီစဉ်ထားကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၄နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဟာဘာစီလိုနာနှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပါတယ်။သူဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်အကြိုစာချုပ်ချုပ်ခွင့်ရှိနေသူလည်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာဘာစီလိုနာတွင်တစ်ပတ်လုပ်ခပေါင်၂၁၀၀၀၀ရရှိနေသူဖြစ်ပြီးအက်သလက်တီကိုသို့ပြန်လည်ပြောင်းရွှေ့သွားတဲ့သူငယ်ချင်းဖြစ်သူဂရက်ဇ်မန်းဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၇ကိုဆက်ခံထားသူလည်းဖြစ်ပါတယ်။

လာပေါ်တာက “မာတူး(ဘာကာဘောလုံးဒါရိုက်တာ)ကသူ့အေးဂျင့်တွေနဲ့တွေ့ဆုံဖို့စီစဉ်နေတယ်လို့ပြောပါတယ်။အူစမာနီနဲ့ဆက်ဆံရေးကအရမ်းကောင်းပါတယ်။သူ့ကိုအားလုံးကချစ်တယ်လို့ခံစားနေရပါတယ်။ကျွန်တော်တို့ကလည်းသူနဲ့ဆက်ပြီးတော့လက်တွဲချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့လေးနှစ်တုန်းကဒေါ့မွန်မှပေါင်၁၂၄သန်းဖြင့်ပြောင်းလာတဲ့ဒမ်ဘီလီဟာယူရို၂၀၂၀ပြိုင်ပွဲတွင်ရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့်အနားယူနေရသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကဘာစီလိုနာအတွက်လာလီဂါပွဲ၃၀ကစားခဲ့ရာမှာ၆ဂိုးသွင်းခဲ့ကာ၃ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ဒမ္ဘီလီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး ေဆြးေႏြးသြားမည္ဟု ဘာစီလိုနာဥကၠဌလာေပၚတာအတည္ျပဳ

ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာကအူစမာနီဒမ္ဘီလီအားစာခ်ဳပ္သစ္ခ်ဳပ္ရန္အတြက္ ကစားသမားရဲ႕ေအးဂ်င့္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ရန္စီစဥ္ထားေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၂၄ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာဘာစီလိုနာႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။သူဟာလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ခြင့္ရွိေနသူလည္းျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာဘာစီလိုနာတြင္တစ္ပတ္လုပ္ခေပါင္၂၁၀၀၀၀ရရွိေနသူျဖစ္ၿပီးအက္သလက္တီကိုသို႔ျပန္လည္ေျပာင္းေ႐ႊ႕သြားတဲ့သူငယ္ခ်င္းျဖစ္သူဂရက္ဇ္မန္းဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၇ကိုဆက္ခံထားသူလည္းျဖစ္ပါတယ္။

လာေပၚတာက “မာတူး(ဘာကာေဘာလုံးဒါ႐ိုက္တာ)ကသူ႔ေအးဂ်င့္ေတြနဲ႔ေတြ႕ဆုံဖို႔စီစဥ္ေနတယ္လို႔ေျပာပါတယ္။အူစမာနီနဲ႔ဆက္ဆံေရးကအရမ္းေကာင္းပါတယ္။သူ႔ကိုအားလုံးကခ်စ္တယ္လို႔ခံစားေနရပါတယ္။ကြၽန္ေတာ္တို႔ကလည္းသူနဲ႔ဆက္ၿပီးေတာ့လက္တြဲခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လြန္ခဲ့တဲ့ေလးႏွစ္တုန္းကေဒါ့မြန္မွေပါင္၁၂၄သန္းျဖင့္ေျပာင္းလာတဲ့ဒမ္ဘီလီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ရရွိခဲ့တဲ့ဒူးဒဏ္ရာေၾကာင့္အနားယူေနရသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကဘာစီလိုနာအတြက္လာလီဂါပြဲ၃၀ကစားခဲ့ရာမွာ၆ဂိုးသြင္းခဲ့ကာ၃ႀကိမ္ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။