
ဘာစီလိုနာကအူစမာနီဒမ်ဘီလီကို၂၀၂၄ခုနှစ်၊နွေရာသီအထိစာချုပ်သစ်ချုပ်ဆိုကာပြင်သစ်တောင်ပံကစားသမားရဲ့အနာဂတ်နှင့်ပတ်သက်ပြီးထွက်ပေါ်နေတဲ့ကောလာဟလသတင်းများကိုအဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
အသက်၂၅နှစ်ရှိဒမ်ဘီလီဟာပြီးခဲ့တဲ့ဇွန်လအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးယခုအခါဘာစီလိုနာတွင်နောက်ထပ်၂နှစ်ဆက်ရှိနေတော့မှာဖြစ်ပါတယ်။
ဘာစီလိုနာနှင့်ဒမ်ဘီလီတို့ဟာစာချုပ်သစ်ချုပ်ဆိုရေးအတွက်လပေါင်းများစွာဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးတဲ့နောက်သဘောတူညီမှုရခဲ့တာလည်းဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ဒမ်ဘီလီကိုစာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းကိုအွန်လိုင်းတွင်ဗီဒီယိုဖိုင်တစ်ခုတင်ပြီးကြေညာလာတာဖြစ်ပြီးယင်းဗီဒီယိုအတွက်ငွေအကုန်အကျမှုနဲ့အတူဝေဖန်မှုများရှိနေပါတယ်။
ယင်းဗီဒီယိုဖိုင်တွင်ဒမ်ဘီလီဟာဒမ်ဘီလီ ၂၀၂၂ လို့သင်ပုန်းတွင်ရေးထားတဲ့စာမှ ၂ ကို တစ်ရှူးဖြင့်ဖျက်ပြီး ၄ လို့ပြောင်းရေးကာ ဒမ်ဘီလီ ၂၀၂၄ ဆိုပြီးဖော်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “အဆိုးရွားဆုံးစာချုပ်သက်တမ်းတိုးကြေညာမှုပဲ”လို့ပြောကြားသွားပါတယ်။အခြားတစ်ဦးကလည်း “သူတို့မှာEdit လုပ်ဖို့တောင်ပိုက်ဆံမရှိတော့ဘူး”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “သူတို့မှာဝှိုက်ဘောသင်ပုန်းဖျက်ဝယ်ဖို့တောင်ပိုက်ဆံမရှိဘူး”လို့လှောင်ပြောင်သွားပါတယ်။
ZawGyi
ဒမ္ဘီလီကို ၂ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေၾကာင္း ေၾကညာမႈနဲ႔ပတ္သက္ၿပီး ေလွာင္ေျပာင္ခံေနရတဲ့ ဘာစီလိုနာ
ဘာစီလိုနာကအူစမာနီဒမ္ဘီလီကို၂၀၂၄ခုႏွစ္၊ေႏြရာသီအထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုကာျပင္သစ္ေတာင္ပံကစားသမားရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးထြက္ေပၚေနတဲ့ေကာလာဟလသတင္းမ်ားကိုအဆုံးသတ္လိုက္ၿပီျဖစ္ပါတယ္။
အသက္၂၅ႏွစ္ရွိဒမ္ဘီလီဟာၿပီးခဲ့တဲ့ဇြန္လအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးယခုအခါဘာစီလိုနာတြင္ေနာက္ထပ္၂ႏွစ္ဆက္ရွိေနေတာ့မွာျဖစ္ပါတယ္။
ဘာစီလိုနာႏွင့္ဒမ္ဘီလီတို႔ဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္လေပါင္းမ်ားစြာေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္သေဘာတူညီမႈရခဲ့တာလည္းျဖစ္ပါတယ္။
ဘာစီလိုနာရဲ႕ဒမ္ဘီလီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္းကိုအြန္လိုင္းတြင္ဗီဒီယိုဖိုင္တစ္ခုတင္ၿပီးေၾကညာလာတာျဖစ္ၿပီးယင္းဗီဒီယိုအတြက္ေငြအကုန္အက်မႈနဲ႔အတူေဝဖန္မႈမ်ားရွိေနပါတယ္။
ယင္းဗီဒီယိုဖိုင္တြင္ဒမ္ဘီလီဟာဒမ္ဘီလီ ၂၀၂၂ လို႔သင္ပုန္းတြင္ေရးထားတဲ့စာမွ ၂ ကို တစ္ရႉးျဖင့္ဖ်က္ၿပီး ၄ လို႔ေျပာင္းေရးကာ ဒမ္ဘီလီ ၂၀၂၄ ဆိုၿပီးေဖာ္ျပသြားခဲ့တာလည္းျဖစ္ပါတယ္။
ပရိသတ္တစ္ဦးက “အဆိုး႐ြားဆုံးစာခ်ဳပ္သက္တမ္းတိုးေၾကညာမႈပဲ”လို႔ေျပာၾကားသြားပါတယ္။အျခားတစ္ဦးကလည္း “သူတို႔မွာEdit လုပ္ဖို႔ေတာင္ပိုက္ဆံမရွိေတာ့ဘူး”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “သူတို႔မွာဝႈိက္ေဘာသင္ပုန္းဖ်က္ဝယ္ဖို႔ေတာင္ပိုက္ဆံမရွိဘူး”လို႔ေလွာင္ေျပာင္သြားပါတယ္။