ဒမ်ဘီလီရဲ့စာချုပ်သစ်တွင် ပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေးကို ဘာစီလိုနာအတည်ပြုလာ

ဘာစီလိုနာကအူစမာနီဒမ်ဘီလီရဲ့၂နှစ်သက်တမ်းတိုးစာချုပ်တွင်ထည့်သွင်းချုပ်ဆိုထားတဲ့စာချုပ်ဖျက်သိမ်းကြေးဘယ်လောက်ဆိုတာ အတည်ပြုလာပါတယ်။ဒါပေမဲ့ဒမ်ဘီလီရဲ့စာချုပ်သစ်မှာပါဝင်တဲ့စာချုပ်ဖျက်သိမ်းကြေးက သူ့ကိုဘာစီလိုနာတို့ ဝယ်ယူတုန်းကပေးခဲ့ရတဲ့ပမာဏထက်နည်းပါးနေပါတယ်။

ပြင်သစ်လက်ရွေးစင်စတားဟာဇွန်လအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်အသင်းပြောင်းရန်စီစဉ်ခဲ့ပါတယ်။

ဒမ်ဘီလီဟာဒေါ့မွန်တွင်လက်တွဲခဲ့ဖူးတဲ့သောမတ်စ်တူချယ်ရှိရာချဲလ်ဆီးသို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမဲ့လည်း စိတ်ပြောင်းကာလုပ်ခ၄၀ရာခိုင်နှုန်းလျှော့ယူပြီး၂နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ဘာစီလိုနာအားကစားဒါရိုက်တာမာတူးအလီမင်နီရဲ့ပြောကြားမှုအရဒမ်ဘီလီရဲ့စာချုပ်အတွင်းတွင်စာချုပ်ဖျက်သိမ်းကြေးပေါင်၈၅သန်းပေးရမယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။

အဆိုပါပမာဏမှာဘာစီလိုနာတို့၂၀၁၇ခုနှစ်တုန်းကဒမ်ဘီလီကိုဒေါ့မွန်မှခေါ်ယူစဉ်ကပေးခဲ့ရတဲ့ပမာဏထက်ပေါင်၄၁သန်းနည်းပါးနေပါတယ်။

ZawGyi

ဒမ္ဘီလီရဲ႕စာခ်ဳပ္သစ္တြင္ ပါဝင္တဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ဘာစီလိုနာအတည္ျပဳလာ

ဘာစီလိုနာကအူစမာနီဒမ္ဘီလီရဲ႕၂ႏွစ္သက္တမ္းတိုးစာခ်ဳပ္တြင္ထည့္သြင္းခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ဖ်က္သိမ္းေၾကးဘယ္ေလာက္ဆိုတာ အတည္ျပဳလာပါတယ္။ဒါေပမဲ့ဒမ္ဘီလီရဲ႕စာခ်ဳပ္သစ္မွာပါဝင္တဲ့စာခ်ဳပ္ဖ်က္သိမ္းေၾကးက သူ႔ကိုဘာစီလိုနာတို႔ ဝယ္ယူတုန္းကေပးခဲ့ရတဲ့ပမာဏထက္နည္းပါးေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္စတားဟာဇြန္လအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္အသင္းေျပာင္းရန္စီစဥ္ခဲ့ပါတယ္။

ဒမ္ဘီလီဟာေဒါ့မြန္တြင္လက္တြဲခဲ့ဖူးတဲ့ေသာမတ္စ္တူခ်ယ္ရွိရာခ်ဲလ္ဆီးသို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚခဲ့ေပမဲ့လည္း စိတ္ေျပာင္းကာလုပ္ခ၄၀ရာခိုင္ႏႈန္းေလွ်ာ့ယူၿပီး၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဘာစီလိုနာအားကစားဒါ႐ိုက္တာမာတူးအလီမင္နီရဲ႕ေျပာၾကားမႈအရဒမ္ဘီလီရဲ႕စာခ်ဳပ္အတြင္းတြင္စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၈၅သန္းေပးရမယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။

အဆိုပါပမာဏမွာဘာစီလိုနာတို႔၂၀၁၇ခုႏွစ္တုန္းကဒမ္ဘီလီကိုေဒါ့မြန္မွေခၚယူစဥ္ကေပးခဲ့ရတဲ့ပမာဏထက္ေပါင္၄၁သန္းနည္းပါးေနပါတယ္။