
ဘာစီလိုနာဟာအူစမာနီဒမ်ဘီလီကိုသက်သာတဲ့ဈေးနှုန်းဖြင့်လက်လွှတ်ရမည်စိုးရိမ်တာကြောင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။
ဘာစီလိုနာရဲ့လက်ရှိစာချုပ်က၂၀၂၄ခုနှစ်နွေရာသီတွင်ကုန်ဆုံးမှာဖြစ်ပါတယ်။ဒါပေမဲ့ဘာစီလိုနာဟာဒမ်ဘီလီကိုစာချုပ်နောက်ဆုံးနှစ်သို့တိုးဝင်ခွင့်ပြုလိုက်ပါကသက်သာတဲ့နှုန်းထားဖြင့်လက်လွှတ်လာရမှာလည်းဖြစ်ပါတယ်။
ယနေ့ပေါက်ကြားလာတဲ့သတင်းအရဒမ်ဘီလီရဲ့စာချုပ်အတွင်းတွင်၂၀၂၃ခုနှစ်၊ဇူလိုင်လမှဩဂုတ်လကာလအတွင်းတွင်ပြောင်းရွှေ့ကြေးပေါင်၄၄သန်းမျှဖြင့်ခေါ်ယူနိုင်မဲ့အချက်ပါဝင်နေတာလည်းဖြစ်ပါတယ်။
ဘာစီလိုနာဟာ၂၀၁၇ခုနှစ်တုန်းကပြင်သစ်စတားကိုပေါင်၁၃၅.၅သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီးလာမယ့်ဇူလိုင်လမတိုင်မီစာချုပ်သစ်ချုပ်ဆိုလိုနေပါတယ်။
ဒမ်ဘီလီဟာယခုရာသီတွင်ဘာစီလိုနာအတွက်၂၈ပွဲကစားကာ၈ဂိုးသွင်းထားနိုင်ပေမဲ့တံကောက်ကြောဒဏ်ရာကြောင့်နောက်ဆုံးလာလီဂါ၇ပွဲကိုလွဲချော်လာခဲ့သူလည်းဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြဇာဗီးဟာဒမ်ဘီလီအနားယူနေရစဉ်အတွင်းရာဖင်ညာကိုအားကိုးအသုံးပြုရာ ဘရာဇီးစတားမှာနောက်ပိုင်းပွဲများတွင်ပိုမိုအရေးပါတဲ့အခန်းကဏ္ဍကပါဝင်လာပါတယ်။
ဒါပေမဲ့ဘရာဇီးစတားဟာလည်းလာမယ့်နွေရာသီတွင်ချဲလ်ဆီးနှင့်နယူးကာဆယ်တို့ရဲ့ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရပါတယ်။
ဘာစီလိုနာဟာဘဏ္ဍာရေးမျှတစွာသုံးစွဲရေးစည်းမျဉ်းကြောင့်လာမယ့်ရာသီတွင်ကစားသမားသစ်မှတ်ပုံတင်နိုင်မှာမဟုတ်ဘဲ ကစားသမားရောင်းချပြီးမှသာကစားသမားသစ်ခေါ်ယူနိုင်ပါမယ်။
ZawGyi
ဒမ္ဘီလီရဲ႕ဘာစီလိုနာႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ပါအခ်က္ေပါက္ၾကားလာ။ ေဈးႏႈန္းတစ္ဝက္ျဖင့္ ေခၚယူႏိုင္မည္
ဘာစီလိုနာဟာအူစမာနီဒမ္ဘီလီကိုသက္သာတဲ့ေဈးႏႈန္းျဖင့္လက္လႊတ္ရမည္စိုးရိမ္တာေၾကာင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။
ဘာစီလိုနာရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၄ခုႏွစ္ေႏြရာသီတြင္ကုန္ဆုံးမွာျဖစ္ပါတယ္။ဒါေပမဲ့ဘာစီလိုနာဟာဒမ္ဘီလီကိုစာခ်ဳပ္ေနာက္ဆုံးႏွစ္သို႔တိုးဝင္ခြင့္ျပဳလိုက္ပါကသက္သာတဲ့ႏႈန္းထားျဖင့္လက္လႊတ္လာရမွာလည္းျဖစ္ပါတယ္။
ယေန႔ေပါက္ၾကားလာတဲ့သတင္းအရဒမ္ဘီလီရဲ႕စာခ်ဳပ္အတြင္းတြင္၂၀၂၃ခုႏွစ္၊ဇူလိုင္လမွဩဂုတ္လကာလအတြင္းတြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၄၄သန္းမွ်ျဖင့္ေခၚယူႏိုင္မဲ့အခ်က္ပါဝင္ေနတာလည္းျဖစ္ပါတယ္။
ဘာစီလိုနာဟာ၂၀၁၇ခုႏွစ္တုန္းကျပင္သစ္စတားကိုေပါင္၁၃၅.၅သန္းျဖင့္ေခၚယူခဲ့တာျဖစ္ၿပီးလာမယ့္ဇူလိုင္လမတိုင္မီစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနပါတယ္။
ဒမ္ဘီလီဟာယခုရာသီတြင္ဘာစီလိုနာအတြက္၂၈ပြဲကစားကာ၈ဂိုးသြင္းထားႏိုင္ေပမဲ့တံေကာက္ေၾကာဒဏ္ရာေၾကာင့္ေနာက္ဆုံးလာလီဂါ၇ပြဲကိုလြဲေခ်ာ္လာခဲ့သူလည္းျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပဇာဗီးဟာဒမ္ဘီလီအနားယူေနရစဥ္အတြင္းရာဖင္ညာကိုအားကိုးအသုံးျပဳရာ ဘရာဇီးစတားမွာေနာက္ပိုင္းပြဲမ်ားတြင္ပိုမိုအေရးပါတဲ့အခန္းက႑ကပါဝင္လာပါတယ္။
ဒါေပမဲ့ဘရာဇီးစတားဟာလည္းလာမယ့္ေႏြရာသီတြင္ခ်ဲလ္ဆီးႏွင့္နယူးကာဆယ္တို႔ရဲ႕ေခၚယူရန္ပစ္မွတ္ထားျခင္းခံေနရပါတယ္။
ဘာစီလိုနာဟာဘ႑ာေရးမွ်တစြာသုံးစြဲေရးစည္းမ်ဥ္းေၾကာင့္လာမယ့္ရာသီတြင္ကစားသမားသစ္မွတ္ပုံတင္ႏိုင္မွာမဟုတ္ဘဲ ကစားသမားေရာင္းခ်ၿပီးမွသာကစားသမားသစ္ေခၚယူႏိုင္ပါမယ္။