ဒရုန်းကို ဘောလုံးဖြင့်ပစ်ချရန် ကြိုးပမ်းမှုကြောင့် ပွဲပယ်ခံလိုက်ရတဲ့ ဝုဗ်စတားဟောင်းမာစယ်

ဝုဗ်စတားဟောင်းမာစယ်ဟာဘောလုံးကွင်းအပေါ်တွင်ပျံသန်းနေတဲ့ဒရုန်းကိုဘောလုံးဖြင့်ပစ်ချရန်ကြိုးပမ်းမှုကြောင့်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။

အသက်၃၃နှစ်ရှိမာစယ်ဟာနွေရာသီတုန်းကဝုဗ်တွင်နှစ်ရာသီကြာကစားပြီးနောက်ဘရာဇီးကလပ်ဘိုတာဖိုဂိုသို့ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။

သူဟာGoias ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဘိုတာဖိုဂိုအတွက်၁၀ပွဲမြောက်ပွဲအဖြစ်ပါဝင်ကစားခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်ပါတာဝန်ယူခဲ့ပါတယ်။

နောက်ခံလူဟာယင်းပွဲစဉ်ရဲ့ဒုတိယပိုင်းတွင်ကစားဖော်အက်ဒရယ်ဆင် ဆေးကုသမှုခံယူနေစဉ်ကွင်းအပေါ်တွင်ပျံသန်းနေတဲ့ဒရုန်းကိုဘောလုံးဖြင့်ပစ်ချရန်ကြိုးပမ်းခဲ့ပါတယ်။

ယင်းလုပ်ရပ်ကြောင့်ဒိုင်လူကြီးကလည်းသူ့ကိုအဝါကတ်ပြသခဲ့ပါတယ်။ယင်းအဝါကတ်မှာမာစယ်အတွက်ယခုရာသီသုံးကတ်မြောက်အဝါကတ်ရာလာမယ့်ပွဲပွဲပယ်ပြစ်ဒဏ်ထိပါမယ်။

သူဟာအမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေတဲ့ပါးမီးရပ်စ်နှင့်ပွဲစဉ်တွင်ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

ZawGyi

ဒ႐ုန္းကို ေဘာလုံးျဖင့္ပစ္ခ်ရန္ ႀကိဳးပမ္းမႈေၾကာင့္ ပြဲပယ္ခံလိုက္ရတဲ့ ဝုဗ္စတားေဟာင္းမာစယ္

ဝုဗ္စတားေဟာင္းမာစယ္ဟာေဘာလုံးကြင္းအေပၚတြင္ပ်ံသန္းေနတဲ့ဒ႐ုန္းကိုေဘာလုံးျဖင့္ပစ္ခ်ရန္ႀကိဳးပမ္းမႈေၾကာင့္ပြဲပယ္ျပစ္ဒဏ္က်ခံခဲ့ရပါတယ္။

အသက္၃၃ႏွစ္ရွိမာစယ္ဟာေႏြရာသီတုန္းကဝုဗ္တြင္ႏွစ္ရာသီၾကာကစားၿပီးေနာက္ဘရာဇီးကလပ္ဘိုတာဖိုဂိုသို႔ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။

သူဟာGoias ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဘိုတာဖိုဂိုအတြက္၁၀ပြဲေျမာက္ပြဲအျဖစ္ပါဝင္ကစားခဲ့ၿပီးအသင္းေခါင္းေဆာင္အျဖစ္ပါတာဝန္ယူခဲ့ပါတယ္။

ေနာက္ခံလူဟာယင္းပြဲစဥ္ရဲ႕ဒုတိယပိုင္းတြင္ကစားေဖာ္အက္ဒရယ္ဆင္ ေဆးကုသမႈခံယူေနစဥ္ကြင္းအေပၚတြင္ပ်ံသန္းေနတဲ့ဒ႐ုန္းကိုေဘာလုံးျဖင့္ပစ္ခ်ရန္ႀကိဳးပမ္းခဲ့ပါတယ္။

ယင္းလုပ္ရပ္ေၾကာင့္ဒိုင္လူႀကီးကလည္းသူ႔ကိုအဝါကတ္ျပသခဲ့ပါတယ္။ယင္းအဝါကတ္မွာမာစယ္အတြက္ယခုရာသီသုံးကတ္ေျမာက္အဝါကတ္ရာလာမယ့္ပြဲပြဲပယ္ျပစ္ဒဏ္ထိပါမယ္။

သူဟာအမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနတဲ့ပါးမီးရပ္စ္ႏွင့္ပြဲစဥ္တြင္ပါဝင္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။