
မနေ့ညတုန်းကဆောက်သမ်တန်နှင့်ဗီလာပွဲစဉ်တွင်ဒရုန်းတစ်စီးပျံသန်းနေမှုနဲ့အတူပွဲကိုရပ်ဆိုင်းမှုပြုလုပ်ခဲ့ရပါတယ်။
မနေ့ညတုန်းကစိန့်မေရီတွင်ကစားတဲ့ပွဲစဉ်ရဲ့ပွဲချိန်မိနစ်၄၀မှာဒရုန်းတစ်စီးပျံသန်းနေကြောင်းတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။
ဒိုင်လူကြီးဟာပွဲကိုချက်ချင်းရပ်ဆိုင်းပြီးကစားသမားများကိုကွင်းအတွင်းမှထက်ခွာစေခဲ့ပါတယ်။
ဒိုင်လူကြီးဟာပွဲကိုရပ်ဆိုင်းခဲ့ရခြင်းမှာကွင်းအတွင်းရှိကစားသမားများနှင့်ပရိသတ်များကိုအကြမ်းဖက်တိုက်ခိုက်လာနိုင်ခြေရှိမှု၊ပွဲများကိုတရားမဝင်ရိုက်ကူးပြသနိုင်ခြေရှိမှုကြောင့်ဖြစ်ပါတယ်။
ပွဲရပ်ဆိုင်းလိုက်ချိန်တွင်ဆောက်သမ်တန်နှင့်ဗီလာမှာဂိုးမရှိသရေကျနေခဲ့ပါတယ်။
ဒရုန်းကြောင့်ပွဲကို ၁၀ မိနစ်ဝန်းကျင်ရပ်နားလိုက်ရပြီးနောက် ဒိုင်လူကြီးဟာပွဲကိုပြန်လည်စတင်ကစားစေခဲ့ပါတယ်။
အဆိုပါဒရုန်းကိုပျံသန်းမောင်းနှင်ခဲ့သူမှာ YouTuber တစ်ဦးဖြစ်တဲ့အယ်လီလောဖြစ်ပါတယ်။သူဟာဒရုန်းသစ်ကို ဆောက်သမ်တန်-ဗီလာပွဲတွင်စမ်းသပ်ပျံသန်းခဲ့တာလည်းဖြစ်ပါတယ်။
မနေ့ညကပွဲမှာဒုတိယပိုင်းကိုလည်းပုံမှန်အတိုင်းကစားသွားနိုင်ခဲ့ပါတယ်။ဗီလာဟာဒုတိယပိုင်းတွင်ဝတ်ကင်ရဲ့ခေါင်းတိုက်ဂိုးကြောင့်၁-၀ဂိုးဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။
ZawGyi
ဒရုန်းပျံသန်းနေမှုကြောင့် ဆောက်သမ်တန်နှင့်ဗီလာစတားများ ကွင်းအတွင်းမှ ထွက်ခွာကာ ပွဲကို ရပ်ခဲ့ရ