ဒရော့ဘာကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်သမိုင်းတွင် ဖန်တီးမှုအများဆုံး အာဖရိကကစားသမားဖြစ်လာတဲ့ မရာ့ဇ်

ရီယက်မရာ့ဇ်ဟာဒီဒီယာဒရော့ဘာရဲ့ပရီးမီးယားလိဂ်သမိုင်းတွင်ဖန်တီးမှုအများဆုံးအာဖရိကကစားသမားစံချိန်ကိုရိုက်ချိုးလာခဲ့ပြီဖြစ်ပါတယ်။

မရာ့ဇ်ဟာမနေ့ညတုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးကလီဗာပူးကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်မန်စီးတီးရဲ့ဒုတိယဂိုးအားကစားဖော်ကီဗင်ဒီဘရိုင်းသွင်းယူနိုင်အောင်ဖန်တီးပေးပြီးနောက်ပရီးမီးယားလိဂ်သမိုင်းတွင်ဖန်တီးမှုအများဆုံးအာဖရိကကစားသမားအဖြစ်၅၆ကြိမ်ဖြင့်ရပ်တည်လာတာဖြစ်ပါတယ်။

ယခင်တုန်းကချဲလ်ဆီးဂန္ဌဝင်တိုက်စစ်မှူးဒီဒီယာဒရော့ဘာကပရီးမီးယားလိဂ်သမိုင်းတွင်ဖန်တီးမှုအများဆုံးအာဖရိကကစားသမားအဖြစ်၅၅ကြိမ်ဖြင့်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ရီယက်မရာ့ဇ်ဟာလီဗာပူးနိုင်ပွဲမှဖန်တီးမှုကြောင့်ပရီးမီးယားလိဂ်တွင်ဖန်တီးမှု၅၆ကြိမ်ရှိလာပါတယ်။ယင်းဖန်တီးမှုမှာမရာ့ဇ်အတွက်ယခုရာသီတွင်ပရီးမီးယားလိဂ်မှာ၅ကြိမ်မြောက်ဖန်တီးနိုင်မှုလည်းဖြစ်ပါတယ်။

သူဟာမန်စီးတီးသို့မပြောင်းမီလက်စတာတွင်ကစားစဉ်တုန်းကပရီးမီးယားလိဂ်တွင်၃၉ဂိုးသွင်းကာ၂၈ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၈ခုနှစ်တွင်လက်စတာမှပြောင်းလာပြီးနောက်မန်စီးတီးအတွက်၄၃ဂိုးသွင်းယူကာ၂၈ကြိမ်ဖန်တီးထားနိုင်ပါတယ်။