ဒရော့ဘာရဲ့အဆင့်မျိုးသို့ အေဘရာဟမ်ရောက်လာနိုင်ကြောင်း ချဲလ်ဆီးကစားသမားဟောင်းတစ်ဦးပြောကြား

ချဲလ်ဆီးကစားသမားဟောင်းတစ်ဦးကရိုးမားသို့ပြောင်းရွှေ့သွားခဲ့တဲ့တမ်မီအေဘရာဟမ်မှာတစ်နေ့တွင်ဂန္ထဝင်တိုက်စစ်မှူးဒီဒီယာဒရော့ဘာရဲ့အဆင့်မျိုးသို့ရောက်လာနိုင်ကြောင်းပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးတောင်ပံကစားသမားဟောင်းပက်နီဗန်ကအင်္ဂလန်တိုက်စစ်မှူးမှာလာမယ့်လေးနှစ်အတွင်းတွင်ဒရော့ဘာရဲ့အဆင့်မျိုးသို့ရောက်လာနိုင်သူဖြစ်ကြောင်းပြောကြားလာတာလည်းဖြစ်ပါတယ်။

ရိုးမားဟာမကြာသေးမီတုန်းကအေဘရာဟမ်ကိုချဲလ်ဆီးမှပေါင်၃၄သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။အေဘရာဟမ်ဟာရိုးမားနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာလူကာကူအားပေါင်၉၇.၅သန်းဖြင့်ခေါ်ယူပြီးနောက်အေဘရာဟမ်ကိုရိုးမားသို့ရောင်းချရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ချဲလ်ဆီးဟာအေဘရာဟမ်ကိုရောင်းချလိုက်တဲ့စာချုပ်အတွင်းတွင်ပေါင်၆၈သန်းဖြင့်ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းထားပါတယ်။ဒါပေမယ့်ယင်းအချက်မှာရိုးမားတွင်အေဘရာဟမ်၂နှစ်ကစားပြီးမှအကျုံးဝင်မှာဖြစ်ပါတယ်။

အသက်၅၇နှစ်ရှိနီဗန်ကချဲလ်ဆီးဂန္ထဝင်တိုက်စစ်မှူးဒရော့ဘာမှာလည်းအသက်၂၀နှစ်ကျော်ကာလတုန်းကအကောင်းဆုံးပုံစံတွင်ရှိနေခဲ့ကြောင်း၊အေဘရာဟမ်မှာလည်းယင်းသို့ဖြစ်လာနိုင်ကြောင်းဆိုသွားပါတယ်။

နီဗန်က “ရာသီကြိုတုန်းကအေဘရာဟမ်ကိုကျွန်တော်ကြည့်ခဲ့ပါတယ်။ကျွန်တော်စောင့်ကြည့်လာတဲ့သုံးရာသီအတွင်းမှာသူဟာခန္ဓာကိုယ်ပိုင်းအရမ်းပြောင်းလဲသွားခဲ့ပါတယ်။ချဲလ်ဆီးသို့လူကာကူပထမဆုံးအကြိမ်ရောက်တုန်းကကြည့်လိုက်ပါ။သူဟာပွဲတွေအများကြီးကစားခွင့်မရခဲ့ဘူး။နောက်တော့သူဟာမန်ယူသို့ရောက်သွားတယ်။ပြီးတော့ဘယ်လ်ဂျီယံရဲ့ဂိုးသွင်းဘုရင်ဖြစ်လာတယ်။လူတွေအနေနဲ့တမ်မီကိုလည်းဒီလိုပဲတွေးရပါမယ်။ဒရော့ဘာဆိုရင်လည်းအသက်၂၀ကာလတုန်းကစစ်မှန်တဲ့ကစားသမားဘဝမပိုင်ဆိုင်သေးပါဘူး။တမ်မီလည်းဒီအတိုင်းဖြစ်လာနိုင်ပါတယ်။သူ့ကိုထွက်ခွာခွင့်လိုက်တာမှားတယ်လို့ထင်တယ်။တကယ်လို့သူသာရှိနေမယ်ဆိုရင်နောက်လေးနှစ်ဆိုရင်သူဟာချဲလ်ဆီးအတွက်အရမ်းကောင်းတဲ့တိုက်စစ်မှူးဖြစ်လာပါမယ်။ပြဿနာကသူ့ကိုအရန်ခုံမှာထိုင်ခိုင်းထားမှုကလည်းမမျှတတာပါ။သူ့အတွက်ကလည်းအသင်းပြောင်းဖို့လိုအပ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဒေရာ့ဘာရဲ႕အဆင့္မ်ိဳးသို႔ ေအဘရာဟမ္ေရာက္လာႏိုင္ေၾကာင္း ခ်ဲလ္ဆီးကစားသမားေဟာင္းတစ္ဦးေျပာၾကား

ခ်ဲလ္ဆီးကစားသမားေဟာင္းတစ္ဦးက႐ိုးမားသို႔ေျပာင္းေ႐ႊ႕သြားခဲ့တဲ့တမ္မီေအဘရာဟမ္မွာတစ္ေန႔တြင္ဂႏၴဝင္တိုက္စစ္မႉးဒီဒီယာဒေရာ့ဘာရဲ႕အဆင့္မ်ိဳးသို႔ေရာက္လာႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးေတာင္ပံကစားသမားေဟာင္းပက္နီဗန္ကအဂၤလန္တိုက္စစ္မႉးမွာလာမယ့္ေလးႏွစ္အတြင္းတြင္ဒေရာ့ဘာရဲ႕အဆင့္မ်ိဳးသို႔ေရာက္လာႏိုင္သူျဖစ္ေၾကာင္းေျပာၾကားလာတာလည္းျဖစ္ပါတယ္။

႐ိုးမားဟာမၾကာေသးမီတုန္းကေအဘရာဟမ္ကိုခ်ဲလ္ဆီးမွေပါင္၃၄သန္းျဖင့္ေခၚယူခဲ့ပါတယ္။ေအဘရာဟမ္ဟာ႐ိုးမားႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာလူကာကူအားေပါင္၉၇.၅သန္းျဖင့္ေခၚယူၿပီးေနာက္ေအဘရာဟမ္ကို႐ိုးမားသို႔ေရာင္းခ်ရန္ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာေအဘရာဟမ္ကိုေရာင္းခ်လိုက္တဲ့စာခ်ဳပ္အတြင္းတြင္ေပါင္၆၈သန္းျဖင့္ေခၚယူႏိုင္မယ့္အခ်က္ကိုထည့္သြင္းထားပါတယ္။ဒါေပမယ့္ယင္းအခ်က္မွာ႐ိုးမားတြင္ေအဘရာဟမ္၂ႏွစ္ကစားၿပီးမွအက်ဳံးဝင္မွာျဖစ္ပါတယ္။

အသက္၅၇ႏွစ္ရွိနီဗန္ကခ်ဲလ္ဆီးဂႏၴဝင္တိုက္စစ္မႉးဒေရာ့ဘာမွာလည္းအသက္၂၀ႏွစ္ေက်ာ္ကာလတုန္းကအေကာင္းဆုံးပုံစံတြင္ရွိေနခဲ့ေၾကာင္း၊ေအဘရာဟမ္မွာလည္းယင္းသို႔ျဖစ္လာႏိုင္ေၾကာင္းဆိုသြားပါတယ္။

နီဗန္က “ရာသီႀကိဳတုန္းကေအဘရာဟမ္ကိုကြၽန္ေတာ္ၾကည့္ခဲ့ပါတယ္။ကြၽန္ေတာ္ေစာင့္ၾကည့္လာတဲ့သုံးရာသီအတြင္းမွာသူဟာခႏၶာကိုယ္ပိုင္းအရမ္းေျပာင္းလဲသြားခဲ့ပါတယ္။ခ်ဲလ္ဆီးသို႔လူကာကူပထမဆုံးအႀကိမ္ေရာက္တုန္းကၾကည့္လိုက္ပါ။သူဟာပြဲေတြအမ်ားႀကီးကစားခြင့္မရခဲ့ဘူး။ေနာက္ေတာ့သူဟာမန္ယူသို႔ေရာက္သြားတယ္။ၿပီးေတာ့ဘယ္လ္ဂ်ီယံရဲ႕ဂိုးသြင္းဘုရင္ျဖစ္လာတယ္။လူေတြအေနနဲ႔တမ္မီကိုလည္းဒီလိုပဲေတြးရပါမယ္။ဒေရာ့ဘာဆိုရင္လည္းအသက္၂၀ကာလတုန္းကစစ္မွန္တဲ့ကစားသမားဘဝမပိုင္ဆိုင္ေသးပါဘူး။တမ္မီလည္းဒီအတိုင္းျဖစ္လာႏိုင္ပါတယ္။သူ႔ကိုထြက္ခြာခြင့္လိုက္တာမွားတယ္လို႔ထင္တယ္။တကယ္လို႔သူသာရွိေနမယ္ဆိုရင္ေနာက္ေလးႏွစ္ဆိုရင္သူဟာခ်ဲလ္ဆီးအတြက္အရမ္းေကာင္းတဲ့တိုက္စစ္မႉးျဖစ္လာပါမယ္။ျပႆနာကသူ႔ကိုအရန္ခုံမွာထိုင္ခိုင္းထားမႈကလည္းမမွ်တတာပါ။သူ႔အတြက္ကလည္းအသင္းေျပာင္းဖို႔လိုအပ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။