ဒါနီစီဘယ်လို့စ်ကို ပေါင် ၂၂ သန်းခန့်ဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အခြေအနေရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာဒါနီစီဘယ်လို့စ်အားပေါင်၂၂သန်းခန့်ဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အခွင့်အရေးရရှိနေကြောင်း သိရပါတယ်။

စပိန်အလယ်တန်းကစားသမားဟာအာဆင်နယ်တွင်နှစ်ရာသီကြာအငှားဖြင့်ကစားနေသူဖြစ်ပြီးသူ့ရဲ့ကွင်းအတွင်းတွင်မမောအပန်းမဲ့ကစားဟန်ကြောင့်ပရိသတ်များအကြိုက်တွေ့တဲ့ကစားသမားဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ရီးရဲလ်မက်ဒရစ်မှအငှားဖြင့်ရောက်လာပြီးနောက်အာဆင်နယ်အတွက်၆၁ပွဲကစားပေးထားကာပြီးခဲ့တဲ့ရာသီတုန်းကအက်ဖ်အေဖလားဆွတ်ခူးနိုင်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်ဒဏ်ရာကြောင့်အနားယူခဲ့ရပြီးဂရာနစ်ဇာခါနှင့်သောမတ်စ်ပါတေးတို့အတွဲ မိမိဖြင့်ကစားနိုင်ခဲ့ကြပါတယ်။ဒါပေမယ့်ပါတေးမှာဒဏ်ရာကြောင့်အနားယူနေရရာစီဘယ်လို့စ်ဟာယခုအပတ်လိဒ်နှင့်ပွဲတွင်ပွဲထွက်ခွင့်ပြန်လည် ရရှိလာဖို့သေချာနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာစီဘယ်လို့စ်အတွက်ပေါင်သန်း၃၀အထိရရှိလိုနေသော်လည်းနွေရာသီတွင်ကစားသမားခေါ်ယူ ရေးအတွက်ငွေကြေးလိုအပ်ချက်များရှိနေရာပေါင်သန်း၂၂သန်းခန့်ဖြင့်ရောင်းချရန်အသင့်ရှိနေပါတယ်။ဒါ့အပြင် ဘက်တစ်ကလည်းသူ့ကိုနွေရာသီမှာထွက်ခွာဖို့ရှိနေတဲ့ဖီကာနေရာတွင်အစားထိုးရန်ဆန္ဒရှိနေပါတယ်။

ZawGyi



