ဒါနီအဲလ်ဗက်စ်ရဲ့ဘာစီလိုနာစာချုပ်တွင် ကလပ်ကို ပေါင် ၈၄ သန်းပေးရမယ့်အချက်ပါဝင်

ဒါနီအဲလ်ဗက်စ်ဟာဗုဒ္ဓဟူးနေ့တုန်းကဘာစီလိုနာသို့ တစ်လလျှင်လုပ်ခတစ်ယူရိုတည်းသာရရှိမယ့်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။အဲလ်ဗက်စ်ဟာဘဏ္ဍာရေးအကြပ်အတည်းကြုံနေရတဲ့ဘာစီလိုနာကိုကူညီနိုင်ဖို့အတွက်အတတ်နိုင်ဆုံးလုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်တကယ်လို့များအသက်၃၈နှစ်ရှိဘရာဇီးညာနောက်ခံလူဟာလာမယ့်ဇွန်လမှာကုန်ဆုံးမယ့်ယင်းစာချုပ်ကိုကုန်ဆုံးအောင်မကစားပါကဘာစီလိုနာကိုငွေအမြောက်အမြားပေးရပါမယ်။

AS သတင်းစာရဲ့ဖော်ပြချက်အရအဲလ်ဗက်စ်ရဲ့စာချုပ်အတွင်းတွင်စာချုပ်သက်တမ်းကုန်ဆုံးအထိမနေဘဲစာချုပ်ဖျက်သိမ်းလိုပါကဘာစီလိုနာကိုပေါင်၈၄သန်းပေးရမယ့်အချက်ပါဝင်နေကြောင်းသိရပါတယ်။

အဲလ်ဗက်စ်ဟာဘာစီလိုနာကစားသမားများတွင်လုပ်ခအနည်းဆုံးကစားသမားဆိုပေမယ့်စွမ်းဆောင်ရည်အပေါ်မူတည်ပြီးအပိုဆုကြေးရရှိမယ့်အချက်များကိုလည်းစာချုပ်အတွင်းမှာထည့်သွင်းထားပါတယ်။

အဲလ်ဗက်စ်ဟာပထမအကြိမ်ဘာစီလိုနာတွင်ကစားတဲ့ရှစ်နှစ်တုန်းကလာလီဂါဖလား၆ကြိမ်၊ချန်ပီယံလိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးကစားဖော်ဟောင်းဇာဗီးဟာနန်ဒက်စ်နှင့်လက်တွဲကာဘာစီလိုနာကိုရွှေရောင်နေ့ရက်များဆီသို့ပြန်လည်ပို့ဆောင်နိုင်ရန်မျှော်လင့်နေပါတယ်။

အဲလ်ဗက်စ်ဟာဘာစီလိုနာနှင့်စတင်လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပေမယ့်လာမယ့်ဇန်နဝါရီလ၁ရက်နေ့တွင်မှဘာစီလိုနာအတွက်စတင်ကစားနိုင်ပါမယ်။

အဲလ်ဗက်စ်ဟာဘာစီလိုနာကစားဖော်သစ်များနှင့်စတင်တွေ့ဆုံတဲ့နေ့တွင်ပင်ကလပ်အတွက်သူကဘယ်လောက်အရေးပါတယ်ဆိုတာပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဘာစီလိုနာသို့ရောက်တဲ့ပထမဆုံးနေ့မှာကစားဖော်သစ်များနှင့်တွေ့ဆုံရာမှာမိန့်ခွန်းချွေမှုပြုလုပ်ခဲ့ပါတယ်။သူ့မိန့်ခွန်းကလူငယ်ကစားသမားများစွာဖြင့်စုဖွဲ့ထားတဲ့ဘာကာမှကစားသမားတိုင်းကိုစိတ်ဓာတ်တက်ကြွစေခဲ့ပါတယ်။

အဲလ်ဗက်စ်က “ကာလရှည်ကြာဝေးကွာခဲ့ပြီးနောက်ပြန်လာခွင့်ရလို့ဝမ်းသာတယ်။မင်းတို့နဲ့အတူထပ်တူအတူနေခွင့်ရလို့ဝမ်းသာတယ်။မင်းတို့ဆီကသင်ယူဖို့ရောက်လာတာ။အခုကမ္ဘာသစ်ပါ။ဒါပေမယ့်အဟောင်းတစ်ခုရဲ့အသစ်ဖြစ်တယ်။ဒီကလပ်အတွက်ကိုယ်စားပြုခွင့်ရတာ၊ဒီအင်္ကျီကိုဝတ်ဆင်ခွင့်ရတာဘယ်လောက်အရေးကြီးတဲ့တစ်ချက်တော့ပြောချင်တယ်။ငါကနိုင်ငံခြားကလာတဲ့သူပါ။ဒီနေရာကကြီးကျယ်ခမ်းနားတာတွေလုပ်ဖို့အကောင်းဆုံးနေရာ။နေဖို့လည်းအကောင်းဆုံးနေရာ။အခုဒီမှာနေခွင့်ရနေတယ်။ဒါကိုတန်ဖိုးထားရမယ်။ဒီမှာလောက်အပြင်မှာဘာမှမကောင်းဘူး။မင်းတို့နဲ့အတူရှိနေခွင့်ရလို့ဝမ်းသာတဲ့အကြောင်းထပ်ပြောချင်တယ်။ဒီကလပ်ကကြီးကျယ်တဲ့အရာတွေလုပ်ခဲ့တယ်။ထပ်လုပ်ဖို့အတွက်ရောက်လာတာ။ထပ်ပြီးကြီးကျယ်ခမ်းနားတာတွေလုပ်ကြစို့”လို့ပြောကြားသွားပါတယ်။

ZawGyi

ဒါနီအဲလ္ဗက္စ္ရဲ႕ဘာစီလိုနာစာခ်ဳပ္တြင္ ကလပ္ကို ေပါင္ ၈၄ သန္းေပးရမယ့္အခ်က္ပါဝင္

ဒါနီအဲလ္ဗက္စ္ဟာဗုဒၶဟူးေန႔တုန္းကဘာစီလိုနာသို႔ တစ္လလွ်င္လုပ္ခတစ္ယူ႐ိုတည္းသာရရွိမယ့္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။အဲလ္ဗက္စ္ဟာဘ႑ာေရးအၾကပ္အတည္းႀကဳံေနရတဲ့ဘာစီလိုနာကိုကူညီႏိုင္ဖို႔အတြက္အတတ္ႏိုင္ဆုံးလုပ္ေဆာင္လိုက္တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္တကယ္လို႔မ်ားအသက္၃၈ႏွစ္ရွိဘရာဇီးညာေနာက္ခံလူဟာလာမယ့္ဇြန္လမွာကုန္ဆုံးမယ့္ယင္းစာခ်ဳပ္ကိုကုန္ဆုံးေအာင္မကစားပါကဘာစီလိုနာကိုေငြအေျမာက္အျမားေပးရပါမယ္။

AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရအဲလ္ဗက္စ္ရဲ႕စာခ်ဳပ္အတြင္းတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးအထိမေနဘဲစာခ်ဳပ္ဖ်က္သိမ္းလိုပါကဘာစီလိုနာကိုေပါင္၈၄သန္းေပးရမယ့္အခ်က္ပါဝင္ေနေၾကာင္းသိရပါတယ္။

အဲလ္ဗက္စ္ဟာဘာစီလိုနာကစားသမားမ်ားတြင္လုပ္ခအနည္းဆုံးကစားသမားဆိုေပမယ့္စြမ္းေဆာင္ရည္အေပၚမူတည္ၿပီးအပိုဆုေၾကးရရွိမယ့္အခ်က္မ်ားကိုလည္းစာခ်ဳပ္အတြင္းမွာထည့္သြင္းထားပါတယ္။

အဲလ္ဗက္စ္ဟာပထမအႀကိမ္ဘာစီလိုနာတြင္ကစားတဲ့ရွစ္ႏွစ္တုန္းကလာလီဂါဖလား၆ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးကစားေဖာ္ေဟာင္းဇာဗီးဟာနန္ဒက္စ္ႏွင့္လက္တြဲကာဘာစီလိုနာကိုေ႐ႊေရာင္ေန႔ရက္မ်ားဆီသို႔ျပန္လည္ပို႔ေဆာင္ႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

အဲလ္ဗက္စ္ဟာဘာစီလိုနာႏွင့္စတင္ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ေပမယ့္လာမယ့္ဇန္နဝါရီလ၁ရက္ေန႔တြင္မွဘာစီလိုနာအတြက္စတင္ကစားႏိုင္ပါမယ္။

အဲလ္ဗက္စ္ဟာဘာစီလိုနာကစားေဖာ္သစ္မ်ားႏွင့္စတင္ေတြ႕ဆုံတဲ့ေန႔တြင္ပင္ကလပ္အတြက္သူကဘယ္ေလာက္အေရးပါတယ္ဆိုတာျပသႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာဘာစီလိုနာသို႔ေရာက္တဲ့ပထမဆုံးေန႔မွာကစားေဖာ္သစ္မ်ားႏွင့္ေတြ႕ဆုံရာမွာမိန႔္ခြန္းေခြၽမႈျပဳလုပ္ခဲ့ပါတယ္။သူ႔မိန႔္ခြန္းကလူငယ္ကစားသမားမ်ားစြာျဖင့္စုဖြဲ႕ထားတဲ့ဘာကာမွကစားသမားတိုင္းကိုစိတ္ဓာတ္တက္ႂကြေစခဲ့ပါတယ္။

အဲလ္ဗက္စ္က “ကာလရွည္ၾကာေဝးကြာခဲ့ၿပီးေနာက္ျပန္လာခြင့္ရလို႔ဝမ္းသာတယ္။မင္းတို႔နဲ႔အတူထပ္တူအတူေနခြင့္ရလို႔ဝမ္းသာတယ္။မင္းတို႔ဆီကသင္ယူဖို႔ေရာက္လာတာ။အခုကမာၻသစ္ပါ။ဒါေပမယ့္အေဟာင္းတစ္ခုရဲ႕အသစ္ျဖစ္တယ္။ဒီကလပ္အတြက္ကိုယ္စားျပဳခြင့္ရတာ၊ဒီအက်ႌကိုဝတ္ဆင္ခြင့္ရတာဘယ္ေလာက္အေရးႀကီးတဲ့တစ္ခ်က္ေတာ့ေျပာခ်င္တယ္။ငါကႏိုင္ငံျခားကလာတဲ့သူပါ။ဒီေနရာကႀကီးက်ယ္ခမ္းနားတာေတြလုပ္ဖို႔အေကာင္းဆုံးေနရာ။ေနဖို႔လည္းအေကာင္းဆုံးေနရာ။အခုဒီမွာေနခြင့္ရေနတယ္။ဒါကိုတန္ဖိုးထားရမယ္။ဒီမွာေလာက္အျပင္မွာဘာမွမေကာင္းဘူး။မင္းတို႔နဲ႔အတူရွိေနခြင့္ရလို႔ဝမ္းသာတဲ့အေၾကာင္းထပ္ေျပာခ်င္တယ္။ဒီကလပ္ကႀကီးက်ယ္တဲ့အရာေတြလုပ္ခဲ့တယ္။ထပ္လုပ္ဖို႔အတြက္ေရာက္လာတာ။ထပ္ၿပီးႀကီးက်ယ္ခမ္းနားတာေတြလုပ္ၾကစို႔”လို႔ေျပာၾကားသြားပါတယ္။